ခုလို သင်္ကြန်ပြီးနွေဦးပေါက်မှာ ပြည်ပက ပြန်လာတဲ့ မိတ်ဆွေအညာသားက သူတို့အညာကို ဘုရားဖူးရင်း၊ သူလှူထားတဲ့ ကျေးရွာစာကြည့်တိုက် ဖွင့်ပွဲကို လိုက်ခဲ့ပါဆိုလို့ အညာမြေကိုတစ်ခါ အလည် ရောက်သွားခဲ့သည်။
ငယ်ငယ်ကတည်းက အညာသား စာရေးဆရာများ ရေးဖွဲ့လေ့ရှိတဲ့
"ထနောင်းပင်ထက်က ချိုးကူသံလေးများရဲ့ နားဝင်ချိုမြလှပုံ
"ထန်းပင်ထန်းတော လွမ်းမောစရာပဲ" ဆိုတဲ့ သီချင်းသံလေးများရဲ့ သာယာလှပပုံ
ကမ္ဘာမှာ မြန်မာဆိုတာကို သက်သေပြစရာဖြစ်တဲ့ "ပုဂံမြို့ဟောင်းကြီး" ရဲ့ ဆွဲဆောင်မှုကြောင့် အညာမြေကို တစ်ခေါက်တစ်ခါ အရောက်သွားချင်ခဲ့တာနဲ့ အကိုက်ဖြစ်သွားသည်။
ကျမ အိမ်မက်ထဲက အညာကိုရောက်တော့မည်ဆိုတော့ စိတ်ထဲမှာ အညာသီချင်းလေး တအေးအေးနဲ့ စိတ်တွေလှုပ်ရှားနေသည်။ အညာရောက်ရင်ဝတ်ဖို့ အဝတ်အစား၊ ပုဝါပါးပါးလေတွေကို အိပ်ထဲပြင်ဆင် ထည့်နေသည်။ အညာနွေက ပူတယ်ဆိုတာ သိပြီးသားမဟုတ်လား။
ထွက်ပါပြီ..
ရန်ကုန်- မန္တလေး အမြန်ရထားကြီးနဲ့ ရန်ကုန်မှ ထွက်စကတော့ “ရွှေမန်းဆီသို့ အလယ် တစ်ခေါက်တော့ ရောက်စေချင်သည်” ဆိုတဲ့ သီချင်းသံ၊ ဇော်ဝင်းထွဋ်ရဲ့ “ ဟောင်းနွမ်းသော နံရံ အုဋ္ဌ်ချပ်များ ၊ မြန်မာဟေ့လို့ ဟစ်ကြွေးဆဲ သက်သေများ၊ ရာစုနှစ် အဆက်ဆက် ပေးဆပ်ခဲ့တဲ့ အားလုံးရဲ့ အမွေ” ဆိုတဲ့ သီချင်းသံများကလည်း အတွေးထဲမှာ တစ်ခုပြီး တစ်ခု တိုးဝင်လာသည်။
ရန်ကုန်-ပဲခူး မီးရထားလမ်းတစ်လျှောက်လုံး ကျမ သွားရမည့် အညာကို တွေး၍တွေး၍ ပျော်နေဆဲ ၊ ဟော! ပျော်ဘွယ်၊ ရမည်းသင်းရောက်ပါပြီ။ စောစောက တွေး၍တွေး၍ ပျော်ခဲ့သော ကျမ အတွေးမျာ ချက်ချင် လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
ရန်ကုန်သူ ကျမအဖို့တော့ ရန်ကုန်နွေဟာ ပူတယ်ဆိုပေမယ့် ရန်ကုန်သူ အတွက်တော့ စာမဖွဲ့ လောက်ပေမယ့် ။ ဟော ! ရမည်းသင်းကိုရောက်တော့ အညာသူ မဟုတ်သော ကျမ ၊ ရန်ကုန် ပြန်သွားချင်စိတ်တွေ ဖြစ်လာသည်။ ပူလွန်းလို့ လေအေးအေးလေများ ရှုရှိုက်မလားဆိုပြီး မီးရထား ပြူတင်းပေါက်ကို ဖွင့်လိုက်ခါမှ လေအဟုန်နဲ့ ဝင်ရောက်လာသော အပူငွေ့ဟာ ကျမ တစ်ကိုယ်လုံးကို လောင်ကြွမ်းသွားသလား ထင်ရလောက်အောင် အပူရှိန်က ပြင်းလှသည်။ ကျမဘေးမှာ ထိုင်နေတဲ့ အညာသားကတော့ ငါးရံ ပြာလူးဖြစ်နေတဲ့ ကျမကို ပြုံးပြုံးကြီးကြည့်နေသည်။
အညာသား အပြုံးသည်။ “ ဘယ့်နယ်ရှိသေးလည်း ရန်ကုန်သူ” ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ အပြုံးမျိုးဖြစ်မည်။
နေဝင်ဖြိုးဖျ အချိန်ရောက်သော်လည်း အပူရှိန်က မကျသေး၊ မန္တလေးမရောက်ခင် ၊ မိတ္ထီလာမှာ ကားဖြင့်ခရီးခက်ရဦးမည် ၊ ထို့ နောက် အညာသား ရွာကိုရောက်ဖို့ လှည်းဖြင့် ခရီးဆက်ရဦးမည်။
အမှန်ပြောရရင် ရောက်တဲ့ နေရာက ကားကြုံရှိလျှင် ရန်ကုန်ကို ပြန်ချင်နေသည်။ အညာမြေ ထနောင်းပင်ပေါ်က ချိုးကူသံကိုလည်း မကြားလိုတော့၊ ပုဂံပြည်က ဟောင်းနွမ်သော နံရံအုဋ္ဌ်ချပ်များကိုလည်း မြန်မာလို့ ဟစ်ကြွေးကာ မကြည့်လိုတော့။
ဟော ! ကားပြီးတော့ လှည့်တဆင့်စီးရပြန်ပြီ။ အညာသားက ဖုန်းဆက်ထားဟန်တူသည်။
ကာဂိတ်မှာ ရွာမှလှည်းများ ကျမတို့ ကြိုရန် အသင့်စောင့်နေသည်။ အညာလှည်းစီးရတာ နွားခြူသံ သာသာယာယာ ရှိသော်လည်း။
အောက်ကို ပိပိရီရီချမထိုင်ရဲ၊ အညာလှည်း လမ်းများရဲ့နွေးနွေးထွေးထွေးကြိုဆိုမှုကြောင့် ရင်တထိတ်ထိတ်ဖြင့် လှည်းနောက်မြီး မြဲမြဲကိုင်ကာ လိုက်ပါသွားရသည်။
ရွာအဝင် သိုးအုပ်၊ဆိတ်အုပ်၊ နွားအုပ်များနဲ့ ရင်ဆိုင်ရပြန်တော့  သန်းထွန်းလေးရဲ့ “ ဖုံလုံးကြီးတွေ တလိမ့်လိမ်တက်ခါ မြင်ယောင်သေးတော့သည်” ဆိုတဲ့ သီချင်းသံ ခေါင်ထဲဝင်လာပြန်သည်။
ကျမ ပါးစပ်၊နှာခေါင်း အားလုံးကို ပုဝါဖြင့် ပိတ်ထားလိုက်သည်။ လှည်သမားနဲ့ အညာသားကို လှည့်ကြည့်တော့ သူတို့မှာ မိန့်မိန့်ကြီး ဘာမှ မဖြစ်သလိုနဲ့ ကျမ မနေတတ်တော့ လှဲပေါ်က ခုန်ဆင်းကာ အညာသား အိမ်ကို အရောက်ပြေသွားချင်လှပြီ။
ကျမ သွားချင်တဲ့ ရွှေညာမြေကို ရောက်ပါပြီ။ အညာသားများ ၊ ဒီလောက် ပူလောင် ပူစပ်ဖြစ်တဲ့ဒေသ ကိုလည်း ရွှေတပ်၍ စာဖွဲ့လိုက်သေးသည်။ တတ်ပဲတတ်နိုင်းလွန်းတယ်
ရွှေညာသားတို့ရယ်။
အညာသားအိမ်ရောက်တယ်ဆိုတာနဲ့ ရွာမှ အမျိုးသမီး/အမျိုးသား၊ အပျို၊အအို၊ ကြီး၊ငယ်၊ လတ် အရွယ်မျိုးစုံး ရောက်လာပြီး ကျမတို့ တစ်စုကို ဝိုင်းကြည့်ပါတော့သည်။ သူတို့ အကြည့်က ထူးထူးဆန်းဆန်း ကျမတို့ကို ကမ္ဘာအပြင်ဘက်က ဂြိုဟ်သားများ ပမာဝိုင်းကြည့်နေကြသည်။
အညာသူလေးတွေကကျမတို့နားကပ်လာပြီ “ဟယ်! ရန်ကုန်သူအသားက ဖြူဖွေးဥနေတာပဲ”တဲ့ ။
ဟုတ်ပါသည်။
အညာသူ/သားများ အရွယ် အငယ်၊အလတ်၊အကြီး ကွဲပြားမှု ရှိသော်လည်း ၊အသားရောင်ကတော့ ပြာမွဲမွဲ တရောင်ထဲသာဖြစ်သည်။ အညာနွေ ဘယ်လောက်ပူသလဲ ဆိုတာ အညာသားများရဲ့ အသားရောင်ကို အကဲခတ်ရုံဖြင့် သိနိုင်သည်။
စောစောက မေ့ပျောက်သလို ဖြစ်နေသော အညာအပူရှိန်က ခဏကြာတော့ ကျမတို့ ရင်ထဲအတိ တိုးဝှေ့လာပြန်သည်။ အညာနွေ ဘယ်လောက်ပင် ပြင်ထန်းသော်လည်း အညာသူ/သားများ ရွာရေး ရပ်ရေးတက်တက်ကြွကြွ စေတနာထားလုပ်ကြသည်။ အညာသားရဲ့ စာကြည့်တိုက် ဖွင့်ပွဲ အခမ်းနား အတွက်လည်း အားလုံးက တက်ညီ လက်ညီ ကူညီဆောင်ရွက်နေကြသည်။ ဒီလို အပူရှိန်ပြင်းပြီး မိုးခေါင် ရေခြားဖြစ်တာ ၂-နှစ်ကျော်ရှိပြီဟု ရွာသူ/သားများ ပြောပြ၍ သိရသည်။ ကျမကိုယ်ချင်းစာပါသည်။ ကျမအပူသည် ခဏတာ အာဂန္တုက အပူမျှသာဖြစ်သည်။ မိုးခေါင်ရေခြား ၊ အညာသူ/သားများ အပူကား ကျမအပူထက် ပိုမိုကြီးမားပါပေစွ။
ဤကဲ့သို့ ဖြစ်ရခြင်းမှာ ရွာသူ/သားများ ဗဟုသုတနည်းပါးခြင်း၊ သစ်ပင်၊ဝါးပင်များကို အလွယ်တကူ ခုတ်လှဲတတ်ခြင်း။ သိပ္ပံနည်းကျ မစိုက်ပျိုးတက်ခြင်းတို့ကြောင့်ဖြစ်သည်။
မိုးမရွာတော့ ချောင်းရေ၊ မြောရေးများလည်း ခန်းခြောက်ကုန်သည်။ ကျမက အညာမှာ မိုးခေါင်ရခြင်းနှင့် အပူရှိန်များ တိုးပွားလားရခြင်းကို အညာသားအား မေးကြည့်သည်။
အေး ! မင်းပြောသလိုပဲ.. မိုးခေါင်ရေခြားဖြစ်ရတာ လူတွေရဲ့လောဘကြောင့် အတိုချုံး ပြောရင်လည်း ရတာပေါ့။ စာပေတွေမှတော့ မိုးမရွာရခြင်း အကြောင်းငါးပါးရှိတယ်။
၁) အထက်ကောင်းကင်းမှာ တေဇောဓာတ် ပျက်ရင်လည်း မိုးမရွားဘူး။
၂) လေဓာတ် ပျက်ရင်လည်း မိုးမရွားဘူး။
၃) အသုရိန်နတ်မင်းကြီးကလည်း လက်ဝါးဖြင့် ခံ၍ သမုဒ္ဒရာသို့ သွန်ပစ် တတ်သောကြောင့်လည်း မိုးမရွားဘူး။
၎) မိုးနတ်သားတို့ မလှည့်ပတ် မမြူးတူးပဲ ဗိမာန်အတွင်းမှာ စည်းစိမ်ခံကာ မေ့လျှော့နေရင်လည်း မိုးမရွားဘူး။
၅) လူသားတို့ ကိုယ်ကျင့်တရား ပျက်ရင်လည်း မိုးမရွားဘူးတဲ့။ ဒီငါးပါးထဲက တစ်ပါးပါး ချို့တဲ့ ရင် မိုးခေါင်တတ်တယ်ပေါ့။
ကဲ.. ဒါဆို မိုးရွားရခြင်းရဲ့ အကြောင်းတရားတွေကော ရှိမှာပေါ့နော်။
ရှိတယ်လေ။ မိုးရွာခြင်းအကြောင်းတရားက ရှစ်ပါးရှိတယ်။
၁) နဂါးတို့ အာနုဘော်ကြောင့် မိုးရွာတယ်။
၂) ဂဠုန်တို့၏ အာနုဘော်ကြောင့် မိုးရွာတယ်။
၃) နတ်တို့၏ အာနုဘော်ကြောင့် မိုးရွာတယ်။
၎) သစ္စာတရားကြောင့် မိုးရွာတယ်။
၅) ဥတုအစွမ်းကြောင့် မိုးရွာတယ်။
၆) မာရ်နတ် လှည့်ပတ်သောကြောင့် မိုးရွတယ်။
၇) တန်ခိုးကြီးမားသူတို့ အာနုဘော်ကြောင့် မိုးရွာတယ်။
၈) ကမ္ဘာပျက်မည့် ရှိသောအခါ မိုးရွာတယ်။
ဩော်… မိုးရွားခြင်း အကြောင်းကလည်း ၈-ပါးတောင် ရှိပါလား စောစောပိုင်းက ကျမတို့ က ရာသီဥတု အ စွမ်းကြောင့်သာ မိုးရွာတယ်ဟု မှတ်ထားဖူးတာ။
နောက်တစ်နေ့ ရွာသူရွာသားများ တက်ညီလက်ညီ ကျေးရွာ စာကြည်တိုက်ဖွင့်ပွဲကို လာရောက်ကြ သည်။ ကျမလည်း တတ်စွမ်းသလောက် ရွာလုံးကျွတ်အတွက် အဟာရဒါနပြု လိုက်ပါသည်။
စိတ်ထဲမှာလည်း ရွာသူ ရွာသားတွေ ပူလောင်းခြင်းမှ အေးမြသွားအောင် မိုးရွာပါစေလို့ ဆုတောင်းနေမိသည်။
နေ့လည် ၁၂-နာရီအချိန်တွင် ရွာသားများ၊စုံစုံညီညီ စာကြည့်တိုက်ကို ဖွင့်လိုက်ပါပြီ ထို့နောက် မကြာမှီမှာပဲ ရွေးမိုးကြီးက ရွာချပါတော့သည်။
ရန်ကုန်သူ ကျမမှာတော့ ကိုရွှေမိုးကို ကျေးဇူးတင်လို့ မဆုံး၊ ရွှေးမိုးကြီးရယ် ရွာပါတော့ဟူ၍သာ ထပ်ခါခါ ဆုတောင်းနေမိပါတော့သည်။

No comments:
Post a Comment