လွတ်လွတ်လပ်လပ် သင်္ကြန်မှာ ပျော်ကြရအောင်
'နှင်း မင်းဒီနှစ်သင်္ကြန်ဘာ အစီအစဉ်တွေ ရှိလဲ ပြောပြဦးဟ။'
'ဒီနှစ်သင်္ကြန်းကတော့ မနှစ်ကနဲ့ မတူ ၊ တမူ ထူးထူးခြားခြားပဲ အစ်ကိုရေ၊ '
'ဘာလဲဟ.. မြို့ထဲက တီဝိုင်းတွေ၊ အဆိုကအတွေကို 'ကားငှားပြီး လျှောက်လည်ကျမို့လား။'
'သွားစမ်းပါ အစ်ကိုရာ ၊ဒါတွေက ရိုးနေပါပြီ ၊ သင်္ကြန်လည်းမစစ်ပါဘူး။ ခုခေတ်ထဲမှာ မူးမူး ရူးရူးနဲ့ လည်တာ ပတ်တာတွေက သိပ်အန္တရာယ်များ တယ်သိလား။'
ကဲကဲ.. ဒါဆို နှင်းရဲ့ အစီအစဉ်လေးကို ပြောပါဦး။
ဒီနှစ် နှင်းတို့ရပ်ကွက်ထဲမှာပဲ ရပ်ကွက်က လူငယ်တွေ စည်းစည်းလုံးလုံး ရှိအောင် ၊ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုလဲရှိအောင် ရပ်ကွက်ဓမ္မာရုံရှေ့မှာ စတုဒီသာမဏ္ဍပ်ထိုးမလို့အစ်ကိုရ။ မြန်မာ့တို့ရဲ့နှစ်သစ်ကူး သင်္ကြန်ရိုးရာ တစ်ယောက်နဲ့ တစ်ယောက် ဒီမဏ္ဍပ်မှာပဲ ရေပတ်ကြမယ်လေ မကောင်းဘူးလား အစ်ကို။
သိပ်ကောင်းတာပေါ့ နှင်း..။ ကိုယ့်ရပ်ကွက်ထဲဆိုတော့ အန္တရာယ်တို့ ရန်ဖြစ်မှာတို့ မကြောက်ရတော့ဘူပေါ့၊ ရပ်ကွက်သားတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်လည်းသိထားပြီးသာတွေဆိုတော့ ကလေးတွေ အတွက်လည်း အန္တရာယ်ကင်းတာပေါ့။ နောက်ပြီး ဒီလို့ရက်ရှည် ရုံးပိတ်ရက်တွေမှာ ရပ်ကွက်သူ/သားတွေ
တွေ့ဆုံခွင့်ရတော့ ပိုမိုရင်းနှီးမူတွေ ရတောပေါနော်။
နောက်အစီအစဉ်တစ်ခုက သင်္ကြန်အကျနဲ့ ၊သင်္ကြန်အကြတ်နေ့မှာ ရပ်ကွက်ထဲမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊

ပန်းခြံတွေ၊ အစိုးရကျောင်းတွေမှာ စုပေါင်း သန့်ရှင်းရေးလုပ်မလိုဟ ရပ်ကွက်သူ/သားတွေ ပျော်ပျော်ပါးပါးပေါ့ဟာ။
ဒီအစီအစဉ်လေး သိပ်ကောင်းတာပဲ တို့ရပ်ကွက်ထိပ်က သောက်ရေကံဘောင်မှာ အမှိုက်တွေ ပုံကြလို့ အနံ့

သိပ် မကောင်းဘူးဟ။ စောစောက ဒီအမှိုက်ပုံကြီးကို ဘယ်လိုရှင်းရမလဲလို့ စဉ်စားနေတာ နှင်း အကြံ သိပ်ကောင်းတာပဲ။ ဒီစကားကြားရတာ ငါသိပ်ပျော်သွားပြီ နှင်း။
နှစ်ဆန်း တစ်ရက်နေ့မှာတော့ သင်္ကြန်းမဏ္ဍပ်မှာ မုံးလုံးရေးပေါ်လုပ်ကျွေးမယ်။ သက်ကြီးရွယ်အိုတွေကို ၊ ခေါင်းလျှော်မင်္ဂလာရယ်၊ သံဃာတော့်များထံမှ သိလခံယူပြီး ရပ်ကွက် အန္တရာယ်ကင်းအောင် ပရိတ်တရား နာကြမယ်လေ။
ဒီနှစ် နှင်းရဲ့ အစီအစဉ်တွေ သိပ်ကောင်းတာပဲ။ ဒါဆို တို့ဒီနှစ်သင်္ကြန်းမှာ ငွေကြေးလည်းအကုန်အကျ သက်သာ၊ ရက်ကွက်သူ/သားများလည်း စည်းစည်းလုံးလုံးဖြစ်၊ ရပ်ကွက်ကြီးလည်း သာယာသန့်ရှင်း သွားတာပေါ့။
ငါတော့ နှင်းရဲ့ သင်္ကြန်အစီအစဉ်တွေကို တွေးပြီး ခုကတည်းက ပျော်နေမိတယ်နှင်း။

မြန်မာမိသားစုများ အားလုံး မြန်မာနှစ်သစ်ကူး
သင်္ကြန်းမှာ ကုသိုလ်တရားများဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
No comments:
Post a Comment