
၁)
'ဟလို..ဟလို မေမေ..နေကောင်းလား'
'ကောင်းတယ်သား ၊ သားဘယ်တော့ မြန်မာပြည်ပြန်လာမှလဲ'
လာမှာပေါ့ မေမေ၊ နောက်နှစ်လောက်ဆို ရောက်မယ်ထင်ပါတယ်။ မေမေ့ကို ညီလေး၊ ညီမလေးတွေက စောင့်ရှောက်တယ်မဟုတ်လား။ မေမေစားချင်တွေ စားလို့ရအောင်၊ မေမေ လှူချင်တာ လှူလို့ရအောင် သားငွေပို့ ပေးလိုက်ပါမယ်နော်မေမေ။
မေမေအတွက်တော့ ငွေကုန်စရာတွေ သိပ်မရှိတော့ပါဘူးသားရယ် ။ သားကိုတွေ့ရရင်ကြေနပ်ပါပြီ။
ကောင်းပြီး မေမေ သားမကြာခင် မြန်မာပြည်ကို ပြန်ရောက်မှာပါ။
မေဖေဆီဖုန်းဆက်တိုင်း သားဘယ်တော့ ပြန်လာမလဲလို့ အမေအမြဲမေတတ်သည် ။ အမေစိတ်ဆင်းရဲမှာစိုလို့ ဒီကအခက်အခဲတွေကို အသေးစိတ် မပြောဖြစ်၊ ပြန်လာခဲ့မယ်လို့ အကြိမ်ကြိမ်းပြောခဲ့တာ ခုဆို (၁၀) နှစ်တောင်ကျော်သွားပြီး။ မေမေကတော့ သားလာမယ့်ရက်ကို စောင်နေသည်။ မေမေ ကျန်းကျန်းမာမာရှိတာကို ပဲ ဝမ်းသာရပေဦးမည်။
၂)
1. What will you promise when you take the Oath of Citizenship?
2. What are the key documents that list the rights and freedoms of Canadian citizens?
3. What are some rights that Canadian citizens enjoy?
4 What are fundamental freedoms that Canadian citizen have?
မေးခွန်းတွေ တွေ့တော့ မျက်စီပြာသွားသည် ။ ဘာတွေမေးမှန်မသိ၊ မြန်မာပြည် ပြန်ချင်လို့သာ Citizenship ကိုသွားဖြေရသည်။ တစ်လုံးမှ မဖြေတတ်။ ဒီတော့ မေးခွန်းမေးတဲ့ဆရာက.."မင်းအင်္ဂလိပ်စာ ကောင်းကောင်း မတတ်သေးဘူး ကျောင်းပြန်တတ်ဟုဆိုကာ ပြန်လွှတ်လိုက်သည်။ ကျနော် ဘာဆို ဘာမှ မပြောတတ်တော့ ခေါင်းကုတ်၍ သာပြန်လာခဲ့ရသည်။
၃) လွန်ခဲ့သော (၁၀) လောက် ကျနော့်ဇနီးနှင့်အတူ နယ်စပ်မှ ကနေဒါကိုရောက်လာသည်။ ဘဝပေးကြောင့် ငယ်ငယ်က ပညာကောင်းကောင်းမသင်ခဲ့ရ။ ပြည်ပရောက်တော့လည်းမိသားစုရေးအတွက် အလုပ်က တဖက်ဆိုတော့ ကျောင်းကောင်းကောင်းမတတ်လိုက်ရ။ ပြောတတ်ဆိုတက်ရုံနဲ့ အလုပ်ဝင် လိုက်သည်။ စောစောပိုင်းကတော့ မြန်မာပြည် အခြေအနေကောင်းရင် ပြန်မည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Citizenship ကိုမယူမိခဲ့။ တကယ်တန်းလက်တွေကျတော့ ဒီလိုမဟုတ်တော့ ။ ကျနော်ဆီမှာ
မြန်မာပတ်စပို့မရှိ၊ မြန်မာမှတ်ပုံတင်ပါမလာ။ ပြန်ဖို့အတွက်အခက်အခဲဖြစ်ရတော့သည်။
မြန်မာပတ်စပို့မရှိ၊ မြန်မာမှတ်ပုံတင်ပါမလာ။ ပြန်ဖို့အတွက်အခက်အခဲဖြစ်ရတော့သည်။
ကနေဒါနိုင်ငံရဲ့ Immigration ဥပဒေတွေကလည်းConservative ပါတီတက်လာကတည်းက အပြောင်းအလွဲ တွေဖြစ်လာသည်။ ယုတ်စွ Grade 4 လောက်ရှိမှ Citizenship ဖြေခွင့်ရှိသည်ဟု
ပြဋ္ဌာန်းထားသည်။ ဒါကြောင့် ကျနော် အလုပ်ပြန် လူကြီးကျောင်းကို ပြန်တတ်ရတော့သည်။ ငယ်ငယ်တုန်းကတော့ ကလေးအရွယ်သာ ကျောင်းတက်ရသည်ဟု ထင်ခဲ့မိသည်။ ဟော ! ယခု ကျနော် ကျောင်းသွားတော့ ကျနော့်ထက်အသက်ကြီးသူများလည်း ကျောင်းတတ်နေသည်ကို တွေ့ရသည်။
ကျနော် စိတ်မလျော့ပါ။ ဒီစားမေပွဲ အောင်ရင်ဖြင့် အမေကိုတွေ့ခွင့်ရပြီးတွေးတောကာ ကြည်နူးဖြင့်...။
ပြဋ္ဌာန်းထားသည်။ ဒါကြောင့် ကျနော် အလုပ်ပြန် လူကြီးကျောင်းကို ပြန်တတ်ရတော့သည်။ ငယ်ငယ်တုန်းကတော့ ကလေးအရွယ်သာ ကျောင်းတက်ရသည်ဟု ထင်ခဲ့မိသည်။ ဟော ! ယခု ကျနော် ကျောင်းသွားတော့ ကျနော့်ထက်အသက်ကြီးသူများလည်း ကျောင်းတတ်နေသည်ကို တွေ့ရသည်။
ကျနော် စိတ်မလျော့ပါ။ ဒီစားမေပွဲ အောင်ရင်ဖြင့် အမေကိုတွေ့ခွင့်ရပြီးတွေးတောကာ ကြည်နူးဖြင့်...။
No comments:
Post a Comment