• ငှက်ပျောပင်စိုက် အုံးလက်မိုးကာ
ရေပီပါရှေ့မှာချလို့
ပန်းပိတောက်ဖြင့် ပက်ဖျန်းတာ
ဒါဟာလည်း သင်္ကြန်။
• မဏ္ဍပ်ကြီးတွေ၊ တီးဝိုင်းကြီးတွေ
• ဟီးဟီးဆောက်လုပ်လို့
နာမည်ကျော် အဆိုတော်တွေ
သီဆိုဖျော်ဖြေတာ။
ဒါဟာလည်း သင်္ကြန်။
• သရုပ်ပျက်အလှတွေ
• သရုပ်ပျက်အကတွေ
သရုပ်ပျက်ကားပေါ်မှာ
သီဆိုဖျော်ဖြေတာ
ဒါဟာလည်း သင်္ကြန်။
• ရပ်ကွက်ထဲမှာ စုပေါင်းအားဖြင့်
စတုဒီသာ အလှူ
သက်ကြီးရွယ်အို ကူညီတဲ့အလှူ
ရပ်ကွက်သန့်ရှင်ရေးအလှူ လုပ်တာ
ဒါဟာလည်း သင်္ကြန်။
• ဘုန်းကြီးကျောင်း၊ ရိပ်သာ၊ဓမ္မာရုံ အတူဆုံကာ
တရားဘာဝနာ ပွားများတာ
ဒါဟာလည်း သင်္ကြန်။
• သင်္ကြန်ဆိုတာ
• စိတ်ဟောင်းမှ စိတ်သစ်ကို
နှစ်ဟောင်းမှ နှစ်သစ်ကို
ကူးပြောင်းခြင်းမို့
* မျိုးဆက်သစ်တွေ ငြိမ်းချမ်းဖို့လေ။
နှလုံးသားတွေ နွေးထွေးဖို့လေ။
နွေးထွေးတဲ့ သင်္ကြန်
တို့တတွေ ဆင်နွှဲကြစို့လေ..။
No comments:
Post a Comment