Thursday, April 4, 2013

မြန်မာတွေ



ပြည်ပမှာရှိတဲ့ မြန်မာတွေ အလုပ်ကို နှစ်လုပ်၊သုံးလုပ် လုပ်ပြီ တချို့ မြန်မာပြည်က မိဘ၊ဆွေးမျိုးသား သမီး တွေကို ထောက်ပံ့ကြတယ်။

တချို့ ပြည်ပမှာ အိမ်းနှစ်လုံး သုံလုံးပိုင်းပြီး ကိုယ်ပိုင်စီးပွားရေးတွေလုပ်ကြတယ်။ ဒီအချိန်ဟာ အချင်းချင်းများ ၊ စကားများရတော့မယ်အချိန် မဟုတ်တော့ဘူး ကြိုးစားရမယ့်အချိန်ပဲ။

**မြန်မာနိုင်ငံဟာ မိုးခေါင်ပြီး ငတ်မွတ်ခေါင်းပါနေတဲ့ အာဖရိကနိုင်ငံများလို့ စိုက်ပျိုးမရတဲ့ နိုင်ငံမဟုတ်ဘူး။

**အစ္စရေးလို စိုက်ပျိုးမရတဲ့ သဲကန္တရနိုင်ငံမဟုတ်ဘူး။

** စင်ကာပူလို စိုက်ပျိုးစရာ နေရာမရှိတဲ့ နိုင်ငံမဟုတ်ဘူး။

*** တရုတ်နိုင်ငံ၊ အန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ(ရှ်) နိုင်ငံတို့လို လူဦးရေးထူထပ်တဲ့နိုင်ငံ မဟုတ်ဘူး။
*** ကနေဒါနိုင်ငံလို့ အမြဲလိုလို ရေခဲပြင်တွေ ဖုံးလွမ်းမနေဘူး။

မြန်မာနိုင်ငံ အကျယ်အဝန်းက စတုရန်းမိုင် ၂၆၁,၇၈၉ ကျယ်ဝန်းတယ်။ အင်္ဂလန်နိုင်ငံထက် စတုရန်း ၃၀,၀၀၀ ကျော်လောက်ပိုကျယ်ဝန်းပြီ ဂျပန်နိုင်ငံ၊ ထိုင်ဝမ်တို့ထက် နှစ်ဆ နီးပါ ပိုကျယ်တယ်။

မြန်မာနိုင်ငံက သယံဇာတတွေ၊ သစ်တောထွက်တွေ၊ လယ်ယာမြေတွေ ၊တော၊တောင်တွေ ရေနံ့၊ 
 ကျောက်မိးသွေး၊ ရွှေ၊ငွေ ကျောက်သံပတ္တမြား၊ ဓာတ်သတ္တုတွေဟာ နိုင်ငံခြားသားများ သွားရည် ယိုစရားတွေဖြစ်နေတယ်

မြန်မာနိုင်ငံကို စွန့်စွန့် စားစားရောက်လာတဲ့ တရုတ်၊ကုလားတွေ အလျင်အမြန်ကြီးပွားချမ်းသာ ကြတယ်။ တိုင်းရင်းသားတို့မြန်မာများက နွမ်းနွမ်းပါးပါဖြစ်နေရတယ်။ အားလုံး ညီညီညွတ်ညွတ် ကြိုးစားကာ တိုးပွားဖို့ အချိန်ရောက်နေပြီ။

အလုပ်မလုပ်ပဲ ဘယ်မှာမှ ငွေးမရနိုင်ဘူး တချို့ထင်တယ် ပြည်ကပ ငွေရလွယ်တယ်လို့ မထင်နဲ့ ပြည်ပမှာက ငွေနဲ့ ထိုက်တန်အောင် အလုပ်လုပ်ရတယ်။ အလုပ်မလုပ်ပဲ ငွေရတဲ့ နေရာ ဘယ်မှာမှ မရှိဘူး။ အိပ်စားလောက်ကတော့ တိရစ္ဆာန်များတောင် လုပ်တတ်တယ်။

လူဆိုတာ အသိဥာဏ်အရှိဆုံး သတ္တဝါပဲ၊ မြန်မာတွေ မညံ့ကြပါဘူး၊ လွတ်လပ်ခွင့်ရှိရင် ၊လုပ်ပိုင်ခွင့်ရှိရင် အခြားလူမျိုးတွေလို ကမ္ဘာမှာ ရင်ဘောင်တန်းနိုင်ပါပြီ။

အမေရိက၊ ဂျပန်၊ ကနေဒါ၊ သြစတေလျမှာရှိတဲ့ မြန်မာတွေ အလုပ်ကို နှစ်ခု၊သုံးခုလုပ်ကာ ကြိုးစာ ကြလို့ အများနည်တူ ကြီးပွားတိုးတက်ကြတယ်။

ပြည်တွင်းမှာ ရှိတဲ့ မြန်မာတွေ ဘာကြောင့် မတိုးတက်စရာရှိလည်း ၊ စီးပွားရေးလမ်းညွှန်တွေကို ဖက် ၊ ခေတ်နဲ့ လျှော်ညီတဲ့ အလုပ်တွေကို မြတ်စွာဘုရားဟောတဲ့ ကံ၊ ဥာဏ်၊ ဝိရီယနဲ့ ပေါင်းစပ်လိုက်ရင် မအောင်မြင်နိုင်စရာ မရှိပါဘူး။

မြန်မာတို့ အိပ်နေရာမှ နိုးထကြလော့
မြန်မာတို့ အစွမ်းကုန် ကြိုးစားကြလော့..။

No comments:

Followers

My Blog List