‘အမေ.. အမေ… ဗိုက်ဆာတယ်….’
ဟော ! ကြည့်လိုက်တော့ သားငယ်က ကျမဘေးနားမှာ ငုတ်တုတ်ထိုင်လျှက်။ သားငယ် အိပ်ရာက နိုးလာပြီ၊ သားငယ်က ပုံမှန် အိပ်ရာက စောစောနိုးနေကြ။ ကျမလည်း ညကသင်္ကြန်ပွဲမှာ ပင်ပန်းလို့ အိပ်လိုက်တာ ဘယ်အချိန် ရှိသွားမှန်တောင်မသိ။ အိပ်ချင်မူးတူး နာရီကိုလှမ်းကြည့်လိုက်တော့ ၉-နာရီတောင်ရှိနေပြီ။ သမီးကြီးကတော့ အိပ်ရာထ အမြဲနောက်ကျမြဲမို့ ကိစ္စမရှိ ၊မောင့်ကို ကြည့် လိုက်တော့ မောင်လည်း ညက သက်ြန်မှာ ပင်ပန်းလို့ထင်သည် စက်တော်ခေါ်ဆဲ။
အိပ်ရာက ကဗျာကယာထလို့ “ လာ..လာ.. သား သွားတိုက်၊ မျက်နှာသစ် မေမေ သားအတွက် စားစာရာ လုပ်လိုက်ဦးမယ်” ဟုဆိုကာ မိးဖိုချောင်ထဲဝင်သွားလိုက်သည် ဟော ! ပြီးခဲ့တဲ့ တစ်ပတ်က သက်ြန် သီချင်းတိုက်နေလို့ ဈေးကောင်းကောင်း မဝယ်ဖြစ်တော့ ရေခဲသေတ္တာထဲမှာ ကလေးတွေ အတွက် စားစရာ သိပ်မရှိတော့၊ အနည်းငယ်မျှ ရှိတဲ့ နွားနို့နဲ့ Cereal ကို သားအတွက် ပြင်ပေးလိုက်သည်။
မြန်မာပြည်မှာက သင်္ကြန်ကာလမှာ သင်္ကြန်အကျ၊ အကြတ်၊ အတတ်၊ နှစ်ဆန်း တစ်ရက်ရယ်ဆိုပြီး အလုပ်ရက်ရှည် ပိတ်တတ်သည် ပြည်ပမှာတော့ အလုပ်ပိတ်တတ်သော စနေ၊တနင်္ဂနွေကို ရွေးလုပ်ရသည်။ သို့သော် စနေနေ့ အလုပ်လုပ်သော ကျမအဖို့ ပြည်ပက မြန်မာသင်္ကြန်ဆင်းနွှဲဖို့ အတွက် အလုပ်မှ ခွင့်ယူရတော့သည်။
မီးဖိုချောင်ထဲ ဝင်လိုက်တော့ မနေ့က သင်္ကြန်ပွဲအတွက် ချက်ပြုတ်ထားသော အိုးခွက်၊ပန်းကန်ုမျာလည်း မဆေးကြောရသေး၊ ရှုပ်ပွနေသည်။ သားကို နံက်စာကျွေးရင်း ညကအရှုပ်တွေကို ရှင်းနေရသည်။
အိုးခွက်တွေဆေးပြီတော့ ရေမိုးချိုးလိုက်သည်။ ရေမိုးချိုးတော့ ၊ ရေပန်းက ရေသံလေးများက ညက သင်္ကြန်တီးလုံးနဲ့ ရောထွေးလာလို့ စည်းချက်လိုက်ကာ အတွေးထဲမှာ သကြန်သီချင်းတူပို့ တူပို့ သံရောင်လိုက်ဆို နေမိသည်။ အင်း သင်္ကြန်းပိုးကလည်း ခက်လိုက်တာဟု ရေးရွတ်လိုက်သည်။
မြန်မာပြည်က သင်္ကြန်၊ မြန်မာပြည်အတွက် အခက်အခဲမရှိပေမဲ့၊ တစ်နှစ်တခါသာ ကျင်းပတဲ့ ပြည်ပ သင်္ကြန်ကတော့ သိပ်အဆီအငေါ်မတည့်လှ။
ဟော ! ကြည့် မောင်နဲ့ကျမ ဇော်ဝမ်းရဲ့သင်္ကြန်သီချင်း “တူးပို့ တူးပို့” ကို အကတိုက်ထားသည်။ ကာရာအိုကေစက်သမားက နိုးအဖွဲ့ရဲ့ “ဟော့တော့ ရေတွေ စိုကုန်ပြီ”ကို ဖွင့်ချလိုက်သည်။ ကမယ့် ကျမအဖို့ ဘာလုပ်ရမှန်းမသိ အဆီအငေါ်မတည့်လိုက်တာ။ ကျမက မျက်စောင်းထိုးလိုက်မှ စက်ဆရာဆီက “ တူးပို့.. တူပို့…” သီချင်းသံထွက်လာသည်။
ဒီတခါ အဆီအငေါ်မတည့်တာကတော့ စက်ဆရာမဟုတ်တော့ ကျမကိုယ်တိုင်ဖြစ်သည်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်သီချင်းနဲ့ ကတိုင်း ခါးလေးကို နွှဲ့ကာ ၊ နွှဲ့ကာ ပျော့ပျော့ ပြောင်းပြောင်း နွှဲ့နွှဲ့နှောင်းနှောင်းဖြင့် အဆင်ပြေသည်။ ခုတော့ ဆင်ခန္ဓာဝက်ကိုယ်လုံးဖြင့် သင်္ကြန် သီချင်းကရတာ သိပ်အဆင်မပြေလှ၊ ပီပါလုံးကြီးလှိမ်နေရသလို ကျမခံစားရသည်။
မောင်နဲ့အတူ တူးပို့တူပို့သင်္ကြန်သီချင်းကို ကရင်း ၊မောင်မကြာခဏ ပြောတတ်တဲ့ စကား အတွေးထဲဝင်လာ ပြန်သည်။
“ ညီမ ဝိတ်တွေချ ဦးနော်” တော်တော်ကြာ ဆင်ခန္ဓာ၊ ဝက်ကိုယ်လုံးဖြစ်နေဦးမယ် လို့ပြောတော့ အားကျမခံ… မောင်ချစ်ရင်ပြီတာပဲ မဟုတ်လားလို့
ပြန်စနောက်တတ်သည်။
ဟုတ်ပါသည်
ကျမ အလုပ်ကတဖက်၊ အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်ရေး၊ ကလေး ကျောင်းအတွက် ပြင်ဆင်ရဆိုတော့ ကျမခန္ဓာကိုယ်အလှကို ပြန်လှည့်မကြည့်နိုင်တော့။
နောက် အဆီးအငေါ်မတည်တာက ကျမရဲ့အဝတ်အစား… ပြီးခဲ့တဲ့နှစ်သင်္ကြန်က ချုပ်ထားတဲ့ ကျမအဝတ်အစားများ ဒီနှစ်သင်္ကြန်မှာ အဆင်မပြေတော့ ဝတ်ရတာ ချပ်ချပ်ရပ်ရပ်မရှိပဲ ၊ စီပိုင်းကို ပိတ်စပတ်ထားသကဲ့သို့ ကြပ်ထုပ်ထုပ်ဖြစ်နေသလို ခံစားရသည်။
ကျမရေမိုးချိုးပြီးတော့ မောင့်ကို အိပ်ရာက နှိုးလိုက်သည်။ မောင်က မထချင်သေး။ ဒီတော့ ကျမ “အိမ်ထောင်ရှင်ကြီး အဲဒီလောက်ထိ မအိပ်ရဘူးလေ၊ ဈေးဝယ်ရဦးမယ်၊ အဝတ်လျှော်ရဦးမယ်၊ ဘုးရားခန်းသန့်ရှင်းရဦးမယ်၊ သားငယ်ကို သွားဆေးခန်း ပြရဦးမယ်” လို့ဆိုတော့ မောင် ကုန်းရုန်းကာ အိပ်ရာမှ ထလာသည်။
တခါတလေ အိမ်ကိစ္စ၊ကလေးကိစ္စတွေကြောင့် မောင်နဲ့စကားများရတိုင်း မောင်က “မင်း ကလေး မယူပါနဲ့ဆို ကလေးတွေကို ယူလို့ တို့ ဒုက္ခပိုတာ” ဟု ကျမကို အပြစ်ဖို့တတ်သည်။
အမှန်တကယ်တော့ မောင်လည်း ကလေးကို ချစ်တတ်ပါသည်။ ဆင်ခြေပေးခြင်းသာဖြစ်သည်။
မောင့်တစ်ယောက် သမီးကြီးဆို ချစ်လိုက်တာ သိမ့်သိမ့်တုံပါပဲ။ သမီးရဲ့ ဓာတ်ပုံမျိုးစုံ ၊သူ့ အယ်(လ်)ဘန်ထဲမှာ အပြည့်။ ဖုန်းရဲ့creen မှာတောင် သမီးပုံကိုထည့်ထားပြီး Ringtone ကို သမီးရဲ့ “ I Love you Daddy” ဆိုတဲ့ အသံကို ထည့်ထားလိုက်သေးသည်။
ကျမငယ်စဉ်က မိဘတွေ အိမ်မှာ သင်္ကြန်အခါ အတာအိုးထိုးတာကို တွေ့ဖူးသည်။ ငွေဖလားနဲ့အောင်သပြေဖြင့် သကြားမင်းကို ကြိုဆိုသည်ဟု မှတ်ထားဖူးသည်။ ကျမ ကလေးဘဝကနေ မိဘတွေ ပြောထားတဲ့ စကား ယခုထက်တိုင် ခေါင်းထဲစွဲ နေဆဲ။ “ ကလေးတွေ သင်္ကြန်ကျရင် ကောင်းကောင်းနေနော်၊ ကောင်းတဲ့သူကို သိကြားမင်းက ရွှေပုရဗိုရ်နဲ့ရေးမှတ်သွားပြီး၊ မကောင်းသူကိုတော့ ခွေသားရေပရဗိုရ်နဲ့ ရေးမှတ်သွားတယ်"ဆိုတဲ့
စကားဖြစ်သည်။ ဒီတော့ ကျမတို့ ကလေးတွေ သင်္ကြန်အခါ ဘယ်မှ ဝေးဝေးလန်လန်မသွားရဲ့ အိမ်ရှေမှာ ဖြတ်သွားတဲ့ ဆိုက်ကားသမားပါ မချန် ရေပက်ကစားတော့သည်။
ကျမတို့ မနေ့ကသင်္ကြန်အဖြစ် အပျက်ကို မြင်ယောင်လာပြီး အင်း သိကြားမင်းကများ ငါ့တို့ကို ခွေးပရဗိုရ်နဲ့များ
ရေးမှတ်သွားမလို့ တွေးမိသည်။
ကျမ ဈေးမသွားခင်၊ မောင်ရေချိုးခိုက် ဘုရားခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။ အိမ်ရာ ဘုရားခန်းလည်း သန့်ရှင်းရေး မလုပ်တားကြာလို့ ဖုန်များ အလိမ့်လိမ့်တက်နေသည်။ ဘုရားဆင်းတုတော်ကို အိမ်ရှေ့ပင့်၍ ရေးသပ္ပါယ်လိုက်သည်။ ပန်းခြောက်များကိုလည်း စွန့်ကာ ၊သိကြားမင်းအား ကြိုဆိုသော အားဖြင့်အောင်သပြေမရှိသော်လည်း ရှိတဲ့ ပန်းနှင့် အတာအိုး ထိုးကာ ဘုရားရှေ့မှာ ငါးပါးသီလ ခံယူလိုက်သည်။
မောင်ရေချိုးပြီတော့ မိသားစု ဈေးသွားဖို့ ကားထဲဝင်လိုက်သည် ကာစက်နိုးလိုက်တာနဲ့ ကားစက်ထဲမှ မောင်ထည့်ထားတဲ့ ဇော်ဝမ်းရဲ့ တူးပို့ တူပို့သင်္ကြန်သီချင်း ထအော်လိုက်တော့.. ကျမအတွေးမှာဖြင့် မြန်မာပြည်သင်္ကြန်ပွဲ ၊ ပြည်ပနဲ့ တော့ အဆီအငေါ်မတည့်လိုက်တာဟူ၍သာ။
No comments:
Post a Comment