တစ်နေ့က ရဟန်းဒကာအိမ်ကို ဆွမ်းစားကြွသွားတယ်။ စားရေးသူက အမှတ်တမဲ့ ရဟန်းအမကို " ဒကာမကြီးကို လူမှားနေတာ နောက်ကနေကြည့်တော့ ဘယ်က ကောင်းမလေးလဲလို့" ပြောတော့ ဒကာမကြီး စိတ်ချမ်းသာ သွားပုံပဲ။ ဒကာမကြီး ပြန်လျှောက်တယ် "ဘုန်းဘုန်း ဒကာကြီးတောင် တပည့်တော်ကို တစ်နေ့က ကောင်မလေး တစ်ယောက်ထင်ပြီး ပြစ်မှားနေတာ" လို့ ပြုံးပြုံးရွှင်ရွှင် ရဟန်းဒကာကို ပြန်စနေသေးတယ်။
ရဟန်းဒကာနှင့်ရဟန်းအမများဟာ အသက် ၆၀-ကျော် အငြိမ်းစားများဖြစ်လို့ မြေးတွေတောင် ကြီးကုန်ပါပြီ။ သို့သော်လည်း သူတို့ရဲ့ တစ်နှင့်တစ်ယောက် အခေါ်အဝေါ်များ ကြည်နူးစရာ ငယ်တုန်းက အတိုင်းဖြစ်ပါတယ်။ တစ်ယောက်နှင့် တစ်ယောက်ကို " အချစ်" ဟု ခေါ်ကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက် စကားများလည်း ခဏသာများပြီး နောက်မကြာခင်ပြန်အဆင်ပြေသွား တတ်ပါတယ်။ မှန်ပါတယ်.. လင်နဲ့မယား အတူနေလာတဲ့အခါ .. တစ်ယောက်နဲ့ တစ်ယောက် ချီးမွမ်း စကားတွေ ဆိုဖို့မေ့နေတတ်ကြပါတယ်။ ဒါဟာ ကြာလာရင် အိမ်ထောင်ရေးမှာ အင်အားတွေလျှော့ နည်းစေပါတယ်။ လင်နဲ့မယာ တစ်ယောက်နဲ့ တစ်ယောက် ချီးမွမ်းစကားတွေ ဆိုသင့်ပါတယ်။
သား၊သမီးကလေးသူငယ်များကိုလည်း ဒီအတိုင်းပါပဲ... သားက သိပ်တော်တာပဲ၊ သမီးက လိမ္မာတာပဲ စသည်ဖြင့် ချီးမွမ်းစကားဆိုသင့်ပါတယ်။ တစ်ခါတရံ .. ဘောလုံးကန်၊ ရေးကူကန်သွားမယ်ဆိုလည်း မတားမြစ်ပဲ သား၊သမီးများ ဝါသနာပါရာကို ခွင့်ပြုသင့်ပါတယ်။ မိသားစုဘဝမှာ ကလေးများကို အားပေးခြင်းဟာ ပခုံးနှင့်ထမ်းထားခြင်းထက် အရာရောက်ပါတယ်။
ဘောလုံးနည်းပြ တစ်ဦးပြောပြရာတွင်... မိမိတို့ အသင်းအောင်ပွဲ ရရေးအတွက် သင်ပြရာတွင် "ကျုပ် ကြိုးစားပြီး သင်ကြားပေးတာ၊ အားကစားသမားတွေ လေ့ကျင့် ကြိုးပမ်းတာတွေ အပြင် အောင်ပွဲ ရရေးအတွက် မြို့နယ်က ဒေသခံနှင့် လူကြီးများက လှိုက်လှိုက်လှဲလှဲ အားပေးဖို့လည်း မဖြစ်မနေလိုအပ် တယ်" ဟု ပြောဖူးပါတယ်။
မှန်ပါတယ်။ လက်ဝှေပွဲဖြစ်စေ.. ဘောလုံးပွဲဖြစ်စေ.. ပွဲကြည့်ပရိတ်သတ်ရဲ့ အားပေးမှုဟာ အားကစား သမားများအတွက် အားတက်စေပါတယ်။
ဒါကြောင့် ငွေကြေးအရင်းအနှီး တစ်ပြာမှ မကုန်ကျသာ ချီးမွမ်းစကာကို ..
*အလုပ်ရှင်နှင့်အလုပ်သမား
*လင်နှင့်မယား
*မိဘနှင့်သားသမီး
*ကျောင်းဆရာနှင့်ကျောင်းသား ပြောကြားခြင်းဖြင့်...အေးချမ်းသော ဘဝကိုဖန်းတီးကြပါစို့..။
**********************
ွှဤကမ္ဘာမြေကြီးတွင် လူသားတစ်ယောက်ဆီမှာ ချီးမွမ်းစကားကို ဆိုရန် အခွင့်အလမ်းတစ်ခုစီ ရှိနေသည်။
ကျမ်းညွှန်း ချစ်စံဝင်း ( ပွားများရမည့် မေတ္တာတရား)

No comments:
Post a Comment