Saturday, March 16, 2013

အနာဂတ် လူငယ်များနှင့် အလုပ်အကိုင်းအခွင့်အရေး


ခေတ်မှီ ဖွင့်ဖြိုး တိုးတက်လာတာနဲ့အမျှ အနာဂတ်လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာတယ်။ အမေရီက၊ဥရောပတို့မှာ လူငယ်များအတွက် အလုပ်လက်မဲ့ ပြဿနာများ ယနေ့ ရင်ဆိုင်နေရပါတယ်။အမေရိကန်မှာစစ်မြေပြင်က ပြန်လာတဲ့ စစ်သားတွေ အလုပ်ဖန်းတီးပေးရကလည်း တာဝန်တစ်ခု ပိုလာတယ်လို့ ဆိုပါတယ်။

စင်္ကာပူလို ခေတ်မှီတဲ့ နိုင်ငံမှာတောင် ဘွဲ့ရပညာတတ်များအတွက် အလုပ်အကိုင် ရှားပါးကြောင်း စစ်တမ်းများအရ လေ့လာတွေ့ရှိပါတယ်။

မြန်မာပြည်မှ ဆရာဝန်တစ်ယောက် ပြည်ပရောက်လို့ ဆရာဝန် မဖြစ်နိုင်ပါ။ မိမိရောက်တဲ့ နိုင်ငံရဲ့ အသိအမှတ်ပြု စာမေးပွဲကို ပြန်ဖြေရပါတယ်။ ငွေကြေး အကုန်အကျးများပြီး အလုပ်ရဖို့ဆိုတာ ကျိန်းသေပေါက်တွက်လို့မရပါ။

ရိုးရိုး  ပညာရေး ဒေါက်တာ ပါရဂူများ ( PhD) များအဖို့တော့ ပိုလို့တောင် အလုပ်ရဖို့ အခွင့်အလမ်း နည်းပါသေးတယ်။

ဒါ့ကြောင့် စာရေးသူပြောချင်တာက အနာဂတ် ကလေးများ ပညာသင်ကြားရေး စနစ်ပါ။

ယနေ့ မြန်မာနိုင်ငံမှာ များသောအားဖြင့် ကလေးများပညာရေးကို ကျောင်းတွေ၊ ဆရာ၊ဆရာမတွေကို ရာနှုန်းပြည့် အားကိုနေတာကို တွေ့ရပါတယ်။ ကျောင်းဆရာများဟာ စာပဲ သင်နေတာမို့ ကလေးမျာကို စာပဲသင်ကြားတတ်ပြီး ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ၊ စီးပွားရေး အတတ်ပညာတို့ကို မသင်ကြားတတ်ပါ။

စာရေးသူနိုင်ငံခြားရောက်စ ESL တက်တော့ ကျောင်းဆရာနဲ့ စကားအတူပြောရင်း သတင်းစာမှ  BUSINESS ဆိုတဲ့ စာမျက်နှာကို ရောက်တော့ စာရေးသူက  ကနေဒါ စီးပွားရေးအကြောင်းမေးကြည့်ပါတယ် ။ ကျောင်းဆရာက သူရဲ့နယ်ပင်မဟုတ်လို့ မကျွမ်းကျင်ကြောင်း ရိုးရိုးပဲ ဝန်ခံပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်များက တနှစ်ကို ဆရာဝန်လောင်း ပျမ်းမျှ ၅၀၀ ကျော် မွေးထုတ်ပေးသော်လည်း ၅၀၀ကျော်လုံးကို အလုပ်မပေးနိုင်ပါ။ ဒါ့ကြောင့် ပညာသင် ကြားခြင်း၊ ဘွဲ့ရခြင်းဖြင့်  မိမိရင်သွေး အလုပ်အကိုင်သေးချာပြီဟု    မိဘများ တထစ်ချမမှတ်သင့်ပါ။

ပညာရှင်များအဆိုအရ.. ကလေးများ  အနာဂတ်အတွက် မွေးကင်းစအရွယ်မှ အသက် ၁၅နှစ်ကြားဟာ အထူးအရေးကြီးတဲ့အချိန်ကာလလို့ဆိုပါတယ်။ အဲဒီအချိန်တွေမှာ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အောင်မြင်ရေးပုံစံကို ဖွင့်ဖြိုးတိုးတက်အောင် ကြိုးစားနေကြတာကြောင့်ပဲဖြစ်ပါတယ်။


ကလေးဟာ ကျောင်းနေရတာ ပျော်တယ်။ အလွယ်တကူ သင်ကြားတတ်မြောက်တယ်။
 အောင်မှတ် အဆင့်တွေကောင်းတယ်ဆိုရင်  ဒီကလေး ပညာရေး အကျိုးပေတယ်။ ဆက်လက်ကြိုးစားဖို့ မိဘများက တွန်းအားပေးနိုင်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ အသိဥာဏ်အားနည်းတယ်။ အရေး၊အဖတ်၊ အတွက် ဆိုတဲ့ အသုံးလုံးကို မလိုက်နိုင်ဘူးဆိုရင် ကလေးကို ကျောင်းဆက်ထားတာဟာ သူ့ကို ဒုက္ခပေးရာ
 ရောက်ပါလိမ်မယ်။ 

အတန်းခန်ထဲမှာ အခြားကလေးတွေနှင့်ယှဉ်လိုက်တိုင်း သူကို " ညံ့တယ်" ဆိုတဲ့ အဆင့်သတ်မှတ်ချက်တွေ တွေ့တိုင်း ကလေးကို တန်ဖိုးမထား ၊မလေးစား၊ နှိမ့်ချသလို ဖြစ်သွား တတ်ပါတယ်။

၁၂  နှစ်သားအရွယ်မှာ ငတုံးငဖျင်းလို့ အခေါ်ခံရတဲ့ ကလေးအခြေအနေ ဘယ်လိုနေမလဲ စဉ်းစား ကြည့်ပါ။ ကလေ့ရဲ့ စိတ်ဓာတ်ကော ရုပ်ပိုင်းဆိုင်းရာ တိုးတက်ဖွင့်ဖြိုးမှုကို ထိခိုက် စေပါတယ်။

ကျောင်းတွေမှာ သတ်မှတ်တဲ့ ကလေးတွေရဲ့ ပညာရေး စံချိန်စံနှုန်းဟာ ကလေးတွေရဲ့ စိတ်ကို ထိခိုက်စေပါတယ်။  ဒါကြောင့် ကျောင်းတွေမှာ သုံးတဲ့ စနစ်က ကလေးတွေကို ပညာပေးရာ မရောက်ဘဲ  အဆင့်ခွဲပေးနေသလိုဖြစ်နေပါတယ်။

 ပညာသင်ကြားပုံစနစ်နဲ့ ပက်သတ်လို့  ဂူးဒေါ့ဖ်စတိန်ရဲ့ ခေတ်သစ် ပညာရေးစနစ်ကို ပြောပြချင်ပါတယ်။
 သူ့စနစ်ကို ဝေါလ်ဒေါ့ဖ် ကျောင်းမှာ ကျင့်သုံးတာ အထူးအောင်မြင်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။

စတိန်နာရဲ့အဆိုအရ.. ကလေးတွေကို ၉-နှစ်သားအရွယ်က အပြောင်းအလဲ စလို့ ဆိုင်ရာ ပညာများကို သင်ကြားလို့ ရပါပြီတဲ့။

သူ့အဆိုရ ကလေးများ ၉-နှစ်သားအရွယ်မှာ  မိဘများရဲ့ မူဝါဒမှ ခွဲထွက်ပြီး ကိုယ်ပိုင် "မူ" ကို ရှာကြတယ်လို့ဆိုပါတယ်။ ကလေးတွေဟာ မိသားစုဝင် အဖြစ်နှင့် 'တို့' ဆိုတာကို မသုံးတော့ပဲ ။ 'ငါ' ဆိုတာကို စရှာဖို့ ကြိုးစားတော့တာပါပဲ။ ဒီလိုနဲ့ သူ့ဘဝအတွက် လက်တွေ့ ကျတဲ့ ရှင်သန်နေထိုင်ရေးစွမ်းရည်ကို ရယူတော့တာပါပဲ။

ဝေါလ်ဒေါ့ဖ်စနစ်အရ.. ကလေးတွေ ၉-နှစ်သားမှာ ပန်းခြံပြုပြင်တာ၊ ခိုရုံဆောက်တာ၊ ပေါင်မုန့် ဖုတ်တာ စသဖြင့် လက်မှု အတတ်ပညာများကို သင်ကြားပေးရမယ်ဟုဆိုပါတယ်။

ဒါဟာ အနာဂတ်အတွက် အသက်းမွေး ဝမ်းကျောင်းပညာ၊ နိဒါန်းပျိုးပေးရာ ရောက်ရုံမျှမက ၊ ဘဝရှင်သန်ရေးအတွက်  ယုံကြည်ချက်တွေ ခိုင်မာလာစေတယ်လို့ ဆိုပါတယ်။

ဒီအသက်အရွယ်မှာမှ သူ့ကိုယ်သူ အားကိုး အားထားပြုတဲ့စိတ် မမွေးနိုင်ခဲ့ရင် အနာဂတ်ဘဝ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တွေကို ဆိုးဆိုးရွားရွား ထိခိုက်လာစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မိဘများဟာ ကလေးတွေကို ၉-နှစ်သားအရွယ်ကတည်းက သတိထား ဂရုစိုက်ဖို့ လိုကြောင်းပါ။ ကျောင်းစာသင်ခန်းမှာ ကလေးအယောက် ၃၀ကျော်ကို ဆရာမ တစ်ယောက် တည်းနှင့် ကလေးတစ်ယောက်ချင်းစိကို ဂရုစိုက်ဖို့ မလွယ်ပါ။

ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုကိုယ် လက်တွေ့ကျသင်ယူတဲ့ စနစ်မျိုး ၊ ကျောင်းစာသင်ရင်း မိမိဝါသနာပါရာ အားကစားလုပ်ရင်းဖြင့် မိမိကိုယ်မိမိ  ယုံကြည်မှုတွေ တည်ဆောက်စေရပါမယ်။

၉-နှစ်သားအရွယ်ကတည်းက သင်ရင်းလုပ် ၊ လုပ်ရင်းသင်ခြင်း အတက်ပညာကို ရလာခဲ့ရင်  ဒီကလေးဟာ အလုပ်နယ်ပယ်
 ရောက်တဲ့အခါ ရဲရဲဝံ့ဝံ့ လုပ်ငန်းခွင်ဝင်နိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုက မိမိရင်သွေးတွေကို အမြဲတမ်း သင်ယူတတ်တဲ့ အလေ့အထကို  မွေးမြူပေးရမယ်။

 ဒါဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဆီက အကြံဥာဏ်နှင့် နည်းပညာတွေကို လေ့လာဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။

ဒါကြောင့် အနာဂတ်လူငယ်များဟာ ပညာအားကိုဖြင့် အလုပ် အခွင့်အလမ်းများကို မရှာဖွေပဲ   အောင်မြင်သူတို့ရဲ့ နည်းလမ်းကို ရှားဖွေလို့ မိမိနဲ့ သင့်တော်တဲ့ လုပ်ငန်းမျိုးမှာ လုပ်ရင်း သင်၊ သင်ရင်းလုပ် ၊ အမှားအမှန်ကို ပညာရှင်များ၊အတွေ့အကြုံရှိသူများ၊ စာအုပ် စာပေများနဲ့ ဆွေးနွေးတိုင်ပင်ရင်းဖြင့် အနာဂတ်လူငယ်များ အလုပ်အကိုင်း အခွင့်လမ်းမျာကို တင်ပြလိုက်ရပါတယ်။

ကျမ်းညွှန်း ။ ချမ်းသာတဲ့ကလေး၊ ပါနပ်တဲ့သူငယ် ၊ညီညီနိုင်

******************************

ယနေ့ လူလောကကမှာ ဆရာဝန် ၊အင်ဂျင်နီယာများသာ ကြီးပွားချမ်းသာနေသည် မဟုတ်၊
 ဟော်တယ်ပိုင်ရှင်၊ စားသောက်ဆိုင်ရှင်၊ စတိုးဆိုင်ပိုင်ရှင်များလည်း ကြီးပွားချမ်းသာ သူများပင်ဖြစ်သည်။

No comments:

Followers

My Blog List