Thursday, March 14, 2013

ဖေဖေ့ တစ်နာရီကို သားဝယ်ချင်တယ်



သား ၊     ဖေဖေကို သားမေးချင်တယ်။
အဖေ ၊        ဘာမေးမှာလဲသား မေးလေ။
သား ၊        ဖေဖေ အလုပ်လုပ်တာ တစ်နာရီဘယ်လောက်ရလဲ။
အဖေ၊       သားနဲ့မဆိုင်တာတွေ မေးမနေပါနဲ့၊
                ဘာလို့ မဆိုင်တာတွေ မေးနေတာလဲသွား။
သား၊         ကျနော် သိချင်လို့ပါ ဖေဖေ၊ တစ်နာရီ   ဘယ်လောက်  ရတယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပါနော်။

အဖေ၊      ကဲကဲ.. မင်းမှသိချင်ရင် ငါ တစ်နာရီ ဒေါ်လာတစ်ရာ ရတယ်သား။

“အို”     အံသြစွားနဲ့ သားငယ် ခေါင်းငိုက်စိုက်ကျသွားပါတယ်။

သား၊    ဖေဖေ သားကို ဒေါ်လာ ၅၀ လောက် ချေးလို့ရမလား။

ရုတ်တရက် ဖခင်ဖြစ်သူ ဒေါသထွက်သွားတယ်။

အဖေ၊  သား.. မင်းဘာမဟုတ်တဲ့ သုံးစားလို့မရတဲ့ ကစားစရာ အရုပ်တွေဝယ်ဖို့
 ငွေချေးနေတာ မဟုတ်လား သွား အခန်းထဲမှာ သွားအိပ်တော့။

မင်းကိုမင်းစဉ်စား ဘာကြောင့် ဒီလောက် အတ္တကြီးနေရတာလဲ။ ငါလည်း ဘာမဟုတ်တဲ့ ဒါမျိုးတွေကြောင့် နေ့တိုင်း အလုပ်လုပ်နေရတယ်။

သားလေးဟာ အခန်းထဲကို တိတ်တဆိတ်ဝင်သွားပြီး တံခါးကို ပိတ်လိုက်တယ်။

အဖေဖြစ်သူကတော့ ခဏထိုင်းချလိုက်ပြီး ဘာကြောင့် ဒီကလေး “ ငွေနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ လာမေးနေတာလဲလို့ တွေးကာ ဒေါသထွက်နေတယ်။ တစ်နာရီလောက်ကြာတော့ အဖေဖြစ်သူ စိတ်ကလေး တည်ငြိမ်းသွားပြီး သားရဲ့ မေးခွန်းကို ပြန်စဉ်စားတယ်။

“အင်း… သား တစ်ခုခု  ဒေါ်လာ ၅၀တန် လိုအပ်လို့ ဖြစ်မယ်။  သားဒီလို တစ်ခါမှ ငွေမချေးဘူးဖူး” ဟုတွေးကာ ။ အဖေဖြစ်သူဟာ သားရဲ့ အခန်းကို ဝင်သွားလိုက်တယ်။

အဖေ၊    "သား… အိပ်ပျော်သွားပြီးလား"
သား၊  "မအိပ်သေးဘူး ဖေဖေ၊သား အိပ်မပျော်သေးဘူး"။

ဖေဖေ၊   " သား စောစောက ငွေချေးတာကို ဖေဖေ စဉ်းစားပြီး သားကို စိတ်ဆိုးနေတာ၊ ရော့ သားတောင်းတဲ့ ဒေါ်လာ ၅၀"။


သားဖြစ်သူ အပြုံးလေးနဲ့ အိပ်ရာမှ ထလိုက်ပြီး

သား၊  "အို..ကျေးဇူးပဲ ဖေဖေ"။

ထို့နောက် သားဖြစ်သူက  ခေါင်းအုံးအောက်က ခေါက်ရိုးကျိုးနေတဲ့  ဒေါ်လာတစ်ချို့ကို ဆွဲထုတ်လိုက်တယ်။  သားဆီမှာ ဒေါ်လာတွေ မြင်တော့ အဖေဖြစ်သူ ဒေါသပြန်ထွက်လာပြန်တယ်။  သားကတော့  သူမှာရှိတဲ့ ဒေါ်လာကို ရေတွက်ပြီး အဖေမျက်နှာကို မော်ကြည့်လိုက်တယ်။

အဖေ၊  "မင်းမှာ ငွေတွေရှိရဲ့သားနဲ့ ဘာကြောင့် ငွေတွေထပ်လိုချင်ရတာလဲ သား"။
သား၊  "သားမှာ ငွေ မလုံလောက်ဘူးထင်လို့၊ ခုတော့ မလိုတော့ဘူးဖေဖေ"။

" ဖေဖေ.. ခုသားမှာ ဒေါ်လာ ၁၀၀ ရှိပြီ၊  ဖေဖေ အလုပ်လုပ်တဲ့  တစ်နာရီကို သား ဒေါ်လာတစ်ရာနဲ့ဝယ်မယ်နော် ၊ မနက်ဖန် တစ်နာရီစောပြီး အိမ်ပြန်လာခဲ့ ၊ သား ဖေဖေနဲ့အတူ ညစာ စားချင်လို့"။

အဖေဖြစ်သူ တုန်လှုပ်သွားတယ်။

သူ့ရဲ့လက်မောင်းများနဲ့ သားကိုဖက်ထားပြီး   သူကို့ ခွင့်လွှတ်ဖို့ တောင်းပန်လိုက်တယ်။
***************************

ဒီအဖြစ်အပျက်လေးဟာ တစ်နေကုန် ပင်ပင် ပန်းပန်းလုပ်နေရတဲ့ မိဘတွေကို သတိရစေတာပါပဲ။  

 ကျနော်တို့ ဘဝမှာ အရေးကြီးတဲ့ ကိစ္စတွေ ၊ နှလုံးသားရေးရာအတွက် အချိန်ပေးဖို့ တွေ
 မေ့လျော့နေကြတယ်။ မနက်ဖန် ကျနော်တို့ သေကြရမယ်ဆိုရင် ကုမ္မဏီပိုင်ရှင်တွေက ကျနော်တို့နေရာမှာ  လူစားထိုးလိမ့်မယ်။ ဒါပေမယ့်  ကျနော်တို့ မိသားစုကတော့ ကြေကွဲဝမ်းနည်ုးခြင်းနဲ့ ကျန်ခဲ့ရမှာပါ။

ကဲ.. စဉ်းစားကြည့်ပါတော့… အလုပ်ထက်.. ချစ်ခင်ရတဲ့ မိသားစုအတွက် အချိန်တွေ ပိုပေးကြစို့လား။

မိသားစုထက် အရေးကြီတာ ဘာမှ မရှိပါဘူးနော်


I love my family ကိုဘာသာပြန်ပါသည်။

No comments:

Followers

My Blog List