သင်ဟာ... သမ္မတတစ်ယောက်ဖြစ်ခွင့်မရှိပေမယ့်..
တိုင်းပြည်အတွက် သင့်တော်တဲ့သမ္မတကို ရွေးချယ်ပေးသူတစ်ယောက်ဖြစ်ခွင့်ရှိတယ်။
သင်ဟာ... ဆရာဝန်တစ်ယောက်ဖြစ်ခွင့်မရှိပေမယ့်..
ရပ်ကွက်ထဲက အဘိုးအဘွားတွေကို ကူညီးစောင့်ရှောက်သူ တစ်ယောက်ဖြစ်ခွင့်ရှိတယ်။
သင်ဟာ...လမ်း၊တံတားဆောက်တဲ့ အင်ဂျင်နီယာကြီးတစ်ယောက်ဖြစ်ခွင့်မရှိပေမယ့်...
ရပ်ကွက်ထဲက လမ်းဟောင်း၊တံတာဟောင်းလေးတွေကို ပြင်ဆင်တဲ့ လူတစ်ယောက်ဖြစ်ခွင့်ရှိတယ်။
သင်ဟာ... တက္ကသိုလ်ကျောင်း ဆရာကြီးတစ်ယောက်ဖြစ်ခွင့်မရှိပေမယ့်.. ရပ်ကွက်ထဲက ကလေးတွေ၊ မိဘမဲ့ကလေးတွေကို သင်ကြားပေးတဲ့ လူတစ်ယောက်ဖြစ်ခွင့်ရှိတယ်။
**************************************************************
တစ်လောက မြန်မာပြည်ပြန်သွားတော့ ..ဆယ်နှစ်လောက်ဝေးကွာကြတဲ့ မိတ်ဆွေတွေ ၊ဒကာ၊ ဒကာမတွေနဲ့ မြန်မာပြည်မှာ ပြန်ဆုံဖြစ်တယ်။ သူငယ်ချင်းတွေက ဝမ်းပန်းတစ်သာ နိုင်ငံခြားပြန်ကို ကြိုးဆိုကြပါတယ်။ တချို့မိတ်ဆွေ၊ ဒကာ၊ဒကာမတွေက ဘယ်သူတော့ အန္ဒိယတို့၊ သီရိလင်္ကာ တို့မှာ ကျောင်းသွားတက်လို့ ဘီအေ၊ အမ်အေ၊ ဒေါက်တာဘွဲ့တွေရကုန်ပြီး၊ ဦးဇင်းကော နိုင်ငံခြားမှာ ဘာဘွဲ့တွေရခဲ့တုန်းလို့ မေးကြမြန်းကြပါတယ်။
မေးမေးချင်းတော့ စားရေသူ ဆွန့်အသွားသလိုပါပဲ..။ မြန်မာပြဒေါက်တာဘယ်ဆရာတော် စသည်ဖြင့် ဂုဏ်ထူး ဝိသေသတွေနဲ့ ဆိုတော့ ကိုယ့်ကိုကိုယ် မြန်မာပြည် ပြန်လာရတာ အားငယ်စိတ်တွေဖြစ် ပေါ်လာ သလိုပါပဲ။ည်မှာ လမ်းဆုံတိုင်းရဲ့ ဓမ္မကထိက ကြော်ညာဆိုင်းဘုတ်တိုင်းမှာလည်း
ဒီလိုနဲ့ ကိုယ့်ကိုကိုယ် အားတွေပြန်ပေးရင်း ငါလည်း ပြည်ပမှာရှိတဲ့ မြန်မာတွေ ကောင်းကျိုးဆောင်ရွက်နေ တာပဲ၊ ငါ့မှာ ဘာဂုဏ်ထူးဝိသေသမှ မရှိပေမယ့် ၊ ပြည်ပမှာရှိတဲ့ မြန်မာမိသားစုရဲ့ ကလေးတွေ ယဉ်ကျေးလိမ္မာအောင် သင်ကြားပေးနေတယ်။ ငါလည်းကောင်းတာတွေ တက်နိုင်သလောက် လုပ်နေတာပဲလို့ တွေးရင်း မြတ်စွာဘုရားလက်ထက်က ဧကူနဒါနမထေရ် အကြောင်းခေါင်းထဲ ဝင်လာပါတယ်။
မြတ်စွာဘုရားလက်ထက်က ဧကူနဒါနမထေရ်ဟာ အခြားရဟန်တွေလို စာပေ အမြောက်အများ မတတ်ကျွမ်း ပေမယ့် သူတတ်ကျွမ်းတဲ့ ဂါထာတစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုပြီး ဂါထာထဲက ဆိုဆုံးမတဲ့ အတိုင်း ကျင့်ကြံပွားများပါသတဲ့။ ဒါကြောင့် မကြာခင်မှာပဲ ဧကူနဒါနမထေရ် ရဟန္တာဖြစ်သွားပါတယ်။
ဧကူနမထေရ်ဟာ တောထဲမှာ တစ်ပါးတည်းနေပြီး ဥပုသ်နေ့တိုင်း သူတတ်တဲ့ ဂါထာတစ်ပုဒ်ကိုပဲ ရွတ်ဖတ်သရဇ္ဈယ်ပါတဲ့။ ဂါထာကို မရွတ်ဆိုခင် တောထဲက နတ်တွေကို ဖိတ်ကြားလေ့ရှိပြီး ရွတ်ဆိုပြီးဆုံးတဲ့ အခါမှာလည်း နတ်တွေကို အမျှပေးဝေလေ့ရှိပါတယ်။
ဥပုသ်နေ့တိုင်း ရွတ်ဆိုလို့ နတ်တွေလည်း ဥပုသ်နေ့တိုင်မှာ တရားနာကာ၊ ပြီးဆိုင်းတိုင်းမှာ နတ်တွေရဲ့ သာဓုခေါ်သံဟာ တစ်တောလုံး တစ်တောင်လုံး ဟိန်းသွားပါတယ်။
တစ်နေ့တော့ ဧကူနဒါနမထေရ်ရှိရာ တောအရပ်ကို စာတတ်ပေတတ် ပိဋကတ်အကျော် ဆရာတော် နှစ်ပါးကြွလာပါတယ်။ တောနေရဟန်းက စာတတ်ပေတတ်ပိဋကတ်အကျော်များကို ဖူးမျှော်ရလို့ အားရဝမ်းသာ တပည့်တော်အား တရားဓမ္မများ ချီးမြှင့်ပါလို့ လျှောက်ထားပါတယ်။
ဆရာတော်က တရားနာမည့် ပရိတ်သတ်က ဘယ်မှာလဲမေးတော့ ၊ ပရိတ်သတ်ကတော့ တပည်တော်နဲ့ တောင်စောင့်နတ်တောင့်စောင့်နတ်တွေပါဘုရား၊ တပည့်တော် တရားဟောတိုင်း နတ်တွေ လာနာပြီး တရားပွဲပြီးရင် သာဓုခေါ်ကြပါတယ်ဘုရားလို့ လျှောက်ထားပါတယ်။
တိပိဋကဆရတော်နှစ်ပါး တလှည့်စီ တရားဟောပါတယ်၊ တရားဟောလို့ ပြီးသာသွားတယ် ဘယ် နတ်ကမှ သာဓုမခေါ်ကြဘူးတဲ့။ ဒီတော့ ဆရာတော်များက နတ်တွေက သာဓုခေါ်သံမကြားရပါလား ဆိုတော့ တောနေရဟန်းလေးက သူရွတ်နေကြ ဂါထာလေးကို ရွတ်ပြလိုက်သောအခါမှာ တောစောင့်နတ် တွေရဲ့ သာဓုခေါ်သံက တစ်တောလုံး ညံသွားပါတယ်။
တိပိဋကဆရာတော်များရဲ့ တပည့်များက နတ်တွေ မျက်နှာလိုက်တယ်ဆိုပြီး မကျေမနပ်နဲ့ ကျောင်းပြန် ရောက်တော့ မြတ်စွာဘုရားကို လျှောက်ထားပါတယ်။
အဲဒီအခါမှာတော့ မြတ်စွားဘုရားက..
ချစ်သားတို့.... သင်လည်း သင်၊ သိလည်း သိ၊
ဟောလည်း ဟောပါသောလည်း
မကျင့်ရင် တရားဆောင်တဲ့ (တိပိဋကဓရ) သူလို့ ခေါ်လို့မရဘူး။
အနည်ငယ်မျှပင် သိသော်လည်း
သိသလောက်ကျင့်ရင် တရားဆောင်သူ ( ဓမ္မဓရ) လို့ ခေါ်တယ်လို့ ဆုံးမလိုက်ပါတယ်။
ဒီဧကူနဒါနမထေရ်ကိုအကြောင်းကိုတွေးမိလိုက်မှာ စာရေးသူ အားပြန်တက်မိပါတယ်။ ငါလည်း ဘီအေ၊အယ်မ်အေ၊ ဒေါက်တာဘွဲ့တွေ မရခဲ့ပေမယ့်၊ မေတ္တာသုတ်ကို အမြဲရွတ်ရင်ဖြင့်
မေတ္တာသုတ်ပါအတိုင်း ကျင့်ကြံနေထိုင်ရင် နတ်လူသာဓုခေါ်မှာ အမှန်ပါပဲလို့ တွေးတောရင်းဖြင့်..
မေတ္တာသုတ်ပါအတိုင်း ကျင့်ကြံနေထိုင်ရင် နတ်လူသာဓုခေါ်မှာ အမှန်ပါပဲလို့ တွေးတောရင်းဖြင့်..
ဓမ္မပဒ၊ ဧကူနဒါန မထေရ်ဝတ္ထု
No comments:
Post a Comment