အသဲကလေးကို ညှာတာပေးပါဆိုလို့ အိမ်က အချစ်ကလေးကို
ပြောတာမဟုတ်ဘူးနော်... အဲ.. အချစ်ကလေးကို ညှာတာပေးသလို အသဲကလေးကိုလည်း
ညှာတာပေးဖို့လိုတယ်ဗျ။
အရက်ကို တစ်ကြိမ်နှစ်ကြိမ်သောက်လို့ အသဲကလေးက ဘာမှ မပြောပေမဲ့ .. ရေချိန်များလာရင် အသဲကြွေတတ်တယ်နော်။
အရက်နဲ့ ပတ်သတ်လို့ ဘော်ဒါတွေ ရေးထားတာလည်း ဖတ်ကြည့်ဦး ရယ်လည်း ရယ်ရတယ်၊ မှတ်သားစရာလည်း ကောင်းတယ်။
မောနင်း တစ်ပတ် စီးပွားတက်
နေ့ခင်းတစ်ပိုင်း ဆော်တွေဝိုင်း
နေ့ခင်းတစ်ပိုင်း ဆော်တွေဝိုင်း
ညနေ သုံးစိတ် ရထားကြိတ်
ညပိုင်းတစ်လုံး သင်္ချိုင်းကုန်းတဲ့။
မင်းကိုငါမမုန်းပါဘူး
အရက်နဲ့ချစ်သူ
ချစ်သူတို့ဘ၀လမ်း
အလွမ်းတွေနဲ့ဝေ
ကမ်းခြေမဲ့ဒေသ
လွမ်းနေသမျှကာလပတ်လုံး
ငါ့အသဲကို ရီဝေေ၀
အရက်ငွေ့တွေ ဖုံးခဲ့ပေါ့
မင်းမုန်းမှတော့
ငါ သေရင်သေပစေပေါ့......
(အမည်မသိ -အင်တာနက်)
တစ်ပိုင်းလောက်ကတော့ သိပ်မဆိုးသေဘူး.. ဆော်ကြည်တယ်ဆိုပဲ... အဲ..
တပိုင်းထက်လွန် သုံးစိတ်လောက် သောက်မိမယ်ဆိုရင်... လူမှန်းသူမှန်း မသိ
ရထားကြိတ်တောင် ခံရတတ်တယ်တဲ့ဗျာ။
မှတ်ထားပေတော့ ဘော်ဒါတို့ရေ...။
ကြိုက်တတ်သူများ ဘော်ဒါများရေဆွဲထားတဲ အောက်ပါ အရက်သမား စည်းကမ်းတွေကိုလည်း မမေ့နဲ့ဦးဗျ...။
အရက်ကို ကြိုက်တတ်လို့ သောက်တယ်ဆိုရင်....
၁။ ကျန်းမာရေး ကောင်းမွန်ရမည်။
၂။ အကြွေး မသောက်ရ။ သောက်နိုင်သည့် အခြေအနေနှင့် ကိုက်ညီသည့် ငွေရှိရမည်။
၃။ လူမှုဆက်ဆံရေး ကောင်မွန်ရမည်။
၎။ အလုပ်ချိန်အတွင်း အရက်မသောက်ရ။ အရက်သောက်ပြီး အလုပ်လုပ်နိုင်သည်။ သို့သော် အမှားအယွင်း ရှိတတ်သည်။ ဆင်ချင်ရန်။
၅။ အရက်သောက်ခြင်းကြောင့် အလုပ်မပျက်ရ။
အလုပ်ချိန်အတွင်း ထိုင်းမှိုင်းမနေရ။ ပင်ကိုယ်အတိုင်း အလုပ်လုပ်နိုင်ရမည်။
၆။ အရက်ဝိုင်း၌ ဆရာကြီး မဆန်ရ။ ကိုယ်ရည် မသွေးရ။ အရက်သမားအချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။
၇။ အိမ်ရှင် မဖိတ်ကြားပဲ မိတ်ဆွေအပေါင်းအသင်း တစ်ဦးဦး၏ အိမ်၌
သောက်လျှင် မိမိသုံးစွဲခဲ့သည့် အရက်ခွက် ပန်းကန် စသည်တို့ကို
ဆေးကြောသန့်စင်ရမည်။ အရက်ဆိုင်၌ သောက်ပါက ကိစ္စမရှိ။
၈။ အရက်သမား အချင်းချင်း ရန်မရှာရ။ တစ်ပါးသူကို အပုပ်မချရ။ အရက်၏
အရသာကို ခံစားရင်း အေးဆေးတည်ငြိမ်စွာ လောကကောင်းကြိုးအတွက် ဆွေးနွေးရမည်။
ဒီစည်းကမ်းတွေကလည်း မှတ်သားလောက်ပါပေတယ်ဗျာ...။
များသောအားဖြင့် ကျနော်တို့ ဘော်ဒါတွေကတော့ အရက်သောက်ပြီဆိုရင်
အထက်ပါစည်ကမ်းတွေကို အကုန်ဖောက်ဖျက်တော့ တာပဲဗျာ။ ဒီထက်ဆိုးတာက ...
"အရက်မူးမှ ကျွဲခိုးပေါ်" ဆိုသလို အရက်ဝိုင်းမှာ အိမ်က မိန်းကကော၊
ရွာဦးကျောင်းက ဘုန်းကြီး ဘာမှ ရစရာ မကျန်းအောင် ဝေဖန်တော့တာပဲဗျာ..။
ဒါကတော့ .. အရက်သမားများ အရက်ကို ကြိုက်လို့ သောက်ရင် ဆင်ခြင်စရာ
လေးတွေပေါ့ဗျာ။
အဲ.. အရက်အလွန်အကျွံသောက်ရင် ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း .. သူငယ်ချင်းများဆုံဆည်းရာ ဘလော့ဂ် တင်ပြရပါစေဗျာ..။
အရက်အလွန်အကျွံသောက်တဲ့သူတွေ ဟာ -
၁. Accidents - ကားတိုက်မှု အပြင် အခြားတိုက်ခိုက်မှု ၊ ခိုက်ရန်ဖြစ်ပွားမှု တွေ ဖြစ်နိုင်တယ် လေ ။
Body ထဲမှာ . Alcohol level 0.05 ဆိုရင် ကားတိုက်မှု ဖြစ်နိုင်ချေ ၅ ဆ ၊
Alcohol level 0.08 ဆိုရင် ကားတိုက်မှု ဖြစ်နိုင်ချေ ၂၅ဆ ၊
Alcohol level 0.15 ဆိုရင် ကားတိုက်မှု ဖြစ်နိုင်ချေ ၈၀ ဆ ပိုပြီးမြင့်တက်လာ ကြောင်း တွေ့ရပါတယ် ။
၂. ကင်ဆာရောဂါ - အထူးသဖြင့် အစာအိမ်ကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ အသဲ ကင်ဆာ တွေ ဖြစ်နိုင်ပါတယ် ။
၃. အသဲရောဂါ - နှစ်ရှည်အရက်စွဲသောက်သူတွေ မှာ အသဲ ရောဂါ
ဖြစ်ကိုဖြစ်တာ တွေ့ရပါတယ် ။ သေဆုံးမှု ဟာလည်း အသဲ ရောဂါဖြစ်ပြီး သေဆုံး
တာ အဖြစ်များပါတယ် ။
၎. အစာအိမ်ဝေဒနာ - အရက်မှာပါတဲ့ အဆိပ်ဓာတ်ကြောင့် ရင်ပူခြင်း ၊ အစာအိမ်လောင်ခြင်း အပြင် အစာအိမ်ကင်ဆာ အထိတောင် ဖြစ်နိုင်ပါတယ် ။
၅. သွေးတိုးရောဂါ - သတိမထားမိတဲ့ အချက်တခုပါ ။ အရက်ဟာ
သွေးတိုးစေတာတွေ့ရပါတယ် ။ ဒါကြောင့် နဂို သွေးတိုးရှိသူတွေ အရက်သောက်မိရင်
ပိုဆိုးလာပါမယ် ။
၆. နှလုံးရောဂါ - အရက်ဟာ သွေးတိုးစေတဲ့ အတွက် နောက်ဆက်တွဲ
ပြသနာတွေဖြစ်တဲ့ နှလုံး သွေးကြော ရောဂါ တွေ ကိုပါ ဆက်ပြီး ဖြစ်စေပါတယ် ။
နဂို နှလုံးရောဂါ အခံရှိသူတွေ မှာ နှလုံးရပ်ပြီး သေဆုံးတဲ့ အထိကို
ဖြစ်နိုင်ပါတယ် ။
၇. လေဖြတ်ခြင်း - အရက်သောက်သူတွေမှာ အသက်ငယ်ရွယ် သူတွေ အပါအ၀င် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ဖို့ ၈၀ % ရှိနေပါတယ် ။
၈. အ၀လွန်ရောဂါ - အရက်မှာ သကြားဓာတ်ပါဝင်မှုများတာကြောင့် လူကို ၀ စေပါတယ် ။ နောက်ဆက်တွဲ ဆီးချို ရောဂါပါ ဖြစ်နိုင်ပါတယ် ။
၉. အရိုးပွရောဂါ - နှစ်ရှည် အရက်သောက်သူတွေ အရိုးပွ နေတာကို တွေ့ရပါတယ် ။
၁၀. Pancreatic - ပန်ကရိယ ယောင်တာလဲ ဖြစ်နိုင်ပါတယ် ။ အစာအိမ်ရောဂါနဲ့ ဆက်စပ်နေပါတယ် ။
၁၁. အိပ်မပျော်ခြင်း - တချို့တွေမှာပဲ တွေ့ရတာပါ ။
၁၂. ခုခံအားကျခြင်း - အရေးကြီးပါတယ် ။ အရက်ဟာ body ရဲ့
ရောဂါတွေကို ကာကွယ်နိုင်တဲ့ စွမ်းအားကို ကျဆင်းစေပါတယ် ။ ဒါကြောင့်
အရက်သောက်တဲ့လူတွေဟာ မကြာခဏဖျားခြင်း ၊ ရောဂါ ပိုးဝင်ခြင်း ၊
အနာရင်းခြင်းတွေ အပြင် ဝေဒနာဖြစ်ပြီးရင်လဲ ပျောက်ဖို့ ကြာတတ်ပါတယ် ။
၁၃. စိတ်ဝေဒနာ - အရက်ကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ ( alcohol-related dementia ) ၊ ပိုဆိုးရင် စိတ်ရောဂါ
( Psychoneurosis) အထိကို ဖြစ်စေပါတယ် ။
၁၄. စွမ်းဆောင်ရည်ကျဆင်းခြင်း
၁၅. အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းလာခြင်း ၊
တက်ကြွမှုပျောက်ဆုံးခြင်း ၊ လူမှုရေးပြသနာများ ၊ အဆိုးဆုံးက မိမိကိုယ်ကို
သတ်သေခြင်း အထိကို ဖြစ်စေပါတယ် ။
ဒါတွေကတော့ အရက်သောက်ခြင်းရဲ့ ဆိုးပြစ်တွေပေါဗျာ...။
လောကရေးရာ.. ဆေးပညာရေးရာနဲ့ အရက်ရဲဆိုးကျိုးတွေကို လေ့လာပြီး ဘာသာရေးဖက်က လေ့လာကြည်ရအောင်လားဗျာ..။
စာရေးသူတို့ ငယ်ငယ်က .. ရွာဦးကျောင်းမှာ ဘုမသိဘမသိနဲ့ ဆရာတော်က ချပေးလို့ သူငယ်ချင်းတွေနဲ့အတူ..
"မကောင်းမှုတွေ ဟူသမျှကို၊
မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် မလွန်ကြူးနဲ့၊
အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့၊
မှောက်မှားတတ်တဲ့ အရာပေ၊
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ၊
အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။"
ဒီ ၃၈ဖြာ မင်္ဂလာကဗျာကို သူငယ်ချင်း ကျောင်းသားလေးတွေနဲ့ အတူ
ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့ရတယ်ဗျ။ ထူးထူးခြားခြား ဒီတစ်ခေါက် ရွာပြန်တော့
အဲဒီ မင်္ဂလာကဗျာကို ရွတ်ဆိုခဲ့တဲ့ ငယ်ပေါင်းတွေ.. မျက်နှာဖောဖောနေတာတွေ
ဗိုက်ချွဲချွဲကြီးတွေနဲ့ တွေ့ခဲ့ရတယ်ဗျ။ " မင်းတို့ ဘယ်လို ဖြစ်တာလဲလို့
မေးတော့ အရက်ရဲ့ ကျေးကျွန်တွေ ဖြစ်နေတာတွေ့ရတယ်။
စာရေးသူတို့ထက် အသက်အနည်းငယ်ကြီးတဲ့ ကျောင်းသားကြီး တစ်ယောက်ဆို..
အိုးမဲ့အိမ်မဲ့ ဇရပ်မှာ တကိုယ်တည်း အရက် သမားဖြစ်နေတာကို တွေ့ခဲ့ရသေးတယ်။
ညီးအကိုမောင်နှမတွေကပြစ်၊ သားမယာနဲ့ကွာပြီး ဘုရားဇရပ်ပေါ်ရောက်နေတာတောင်
တစ်ယောက်ယောက်က ငွေပေးလို့ လက်ထဲမှာ ငွေရှိရင် အရက်ကို သောက်ဖြစ်အောင်
သောက်လိုက်သေးသတဲ့ဗျာ။ အရက်ကလည်း စွမ်းလမ်းစေတာကို...။
ရွာက.. ဇရပ်ပေါ်ကအရက်သမားကို တွေ့ရတော့ ဘုရားလက်ထက်က အရက်သမား သူဋ္ဌေးသာ မဟာဓနကို သတိရမိတယ်။
မြတ်စွာဘုရား လက်ထက်တော်အခါက ဗာရာဏီပြည်မှာ ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့
သူဋ္ဌေးသား တစ်ယောက်ရှိခဲ့ဖူးတယ်။ ပစ္စည်းဥစ္စာကြွယ်ဝလို့ "မဟာဓန"လို့
အမည်ပေးထားတယ်။
သူမိဘများဟာ သားကလေးကို ချစ်လို့ ငယ်ရွယ်စဉ်အခါက အဆိုးအတီးပညာလောက်သာ
သင်ယူစေခဲ့တယ်။ ဘာပညာမှ မသင်ယူစေခဲ့ဘူး။ သူတို့အတွေးက..
သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေဟာ သူတိုံ့သား တစ်သက်စားမကုန်ဘူးလို့
ထင်တာကို။
အဲဒီပြည်မှာပဲ ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့ သူဋ္ဌေးမှာ သမီးလေးတစ်ယောက်ရှိတယ်။
ဒီသမီးလေးကိုလည်း ချစ်လွန်းလို့လို ဘာပညာမှ မသင်စေခဲ့ပဲ။
အဆိုးအတီးပညာလောက်သာ သင်ယူတတ်မြောက်စေသတဲ့။
အချိန်တန်အရွယ်ရောက်တဲ့အခါ .အဲဒီ သူဌေးသားနဲ့ သူဌေးသမီးတို့
ထိမ်းမြားလက်ထပ်ထိမ်း ပေးလိုက်ကြပါတယ်။ မိဘတွေ ကွယ်လွန်တော့ သူတို့ဟာ ကဋေ ၁၆၀
ကြွယ်ဝတဲ့ သူဌေးတွေဖြစ်လာတယ်။ မဟာဓန သူဌေးဟာ တစ်နေ့ကို သုံးကြိမ်လောက်
မင်းကြီးထံ အခစားသွားရပါတယ်။
တစ်နေ့တော့ အရက်သမားတစ်စုက " ဒီသူဌေးလေး အရက်သောက်တက်လာရင် ငါတို့
ချမ်းချမ်းသာသာ သောက်စားနိုင်မယ်" လို့တွေးပြီး သူဌေးလေးလာရာလမ်းမှာ
အရက်သမားတွေဟာ အရက်နှင့်အမြည်းစားစရာတွေယူပြီး စောင့်နေပါတယ်။
သူဌေးလေးလာရာလမ်းမှာ အရက်သမားတွေက သူဌေးလေးကိုမြင်းအောင်
အရက်တွေသောက်ပြ၊ အမြည်းတွေစားပြပြီး ပါးစကပ်ထဲမှာ သစ်မြစ်တစ်ခုကို
ကိုက်လို့..." သူဌေးသာ..မဟာဓန ကျန်းမာပါစေ..ချမ်းသာပါစေ..၊ အသက်ရာကျော်
ရှည်ပါစေ၊ ကျနော်တို့လည်း သူဌေးလေးရဲ့ ဘုန်းကံကြောင့်
သောက်နိုင်၊စားနိုင့်ပါစေ"လို့ ဝိုင်အော်ကြသတဲ့။
သူဌေးလေးက အရက်သောက်နေတာကို မသိတော့ နောက်ပါ အချွေအရံတွေကို " သူတို့
ဘာတွေ သောက်နေကြတာလဲ.. သူတို့ သောက်နေတာတွေက သောက်ချင်စရာ ကောင်းသလား"
လို့မေးပါတယ်။
ဒီတော့ နောက်ပါ အခြံအရံတွေက အဆင်း ဘီတပ်ပေးဆိုသလို ..." အရှင်..သူဌေး..
ဒိသတ္တလောကကြီးမှာ..သူတို့ သောက်တဲ့ အရည်လောက် ကောင်းတဲ့အရည် မရှိဘူးလို့
မြှောက်ပေးလိုက်သတဲ့။
ဒီနောက်လိုက်တွေ မြှောက်ပေးသံကိုကြားတော့ ..သူငယ်ချင်း အရက်သမား
တစ်ယောက်ပြောတဲ့ စကားကို ကြားယောင်မိတယ်ဗျ..။ သူကဘာပြောလဲဆိုတော.."
လူတွေက.. အလုပ်..လုပ်ချင်လို့ ငွေးချီးစမ်းပါဆိုရင်.. နိုး..လုပ်ကြတယ်။
အရက်သောက်ချင်လို့.. ဆေးလိပ်သောင်ချင်လို့ ဆိုရင် ငွေးကို လွယ်လွယ်ကူကူ
ထုပ်ပေးသတဲ့ဗျ" အင်း..အချင်းချင်း.. ကိုယ်ချင်း စာတာဖြစ်မှာပေါ့ဗျာ...။
သူဌေးသားအကြောင်း ပြန်ဆက်ရရင်.. အရက်ကိုစမ်းသောက်ရင်းနဲ့.. အရက်သမား
လုံးလုံးလျားလျား ဖြစ်သွားတယ် ဆိုပါတော့ဗျာ။ ဒီတော့ကာ ..သူသွားသေရာရာမှာ
အရက်သမားတွေ တရုံးရုံးနဲ့၊ ပျော်မဆုံး၊ ပါးမဆုံး နေ့တိုင်လိုလို့
ပါတီပွဲကြီးခံတော့တာပေါ့ဗျာ..။ နေ့စဉ်အရက်ဖို့ထောင်ချီကုန်၊
လောင်းကစားတော်သူ ၊ အဆိုတော်သူ၊ အတီတော်သူ၊ အက တော်သူတွေကိုလည်း ငွေကို
အစုလိုက် အပုံဆုချတယ် ဆိုပါတော့။
တိုတိုပြောရရင်... အချိန်ပြည် မြူးတူးပျော်ပါးသောက်စားနေတော့ သူ့ကော၊
သူ့ဇနီးပါ ပိုင်ဆိုင်တဲ့ ငွေတွေ၊ လယ်ယာတွေ၊ ဥယျာဉ်တွေ အကုန်
ကုန်တယ်ပေါ့ဗျာ..။
ဒီတော့ သူဌေလင်းမယာ နေစရာ၊ ထိုင်စရာမရှိ ၊ ကုန်းကောက်စရာမရှိ
မွဲပြာကျလို့.. ခွက်လက်ဆွဲကာ တောင်းစားရတဲ့။ သူတို့ရဲ့ ဘဝကို
တွေးမိတိုင်းလည်း မျက်ရည်ကျသတဲ့။ ခုခေတ်လည်း ဒါမျိုးမရှိဘူး မပြောနဲ့..
မြန်မာနိုင်ငံမဆိုထားဘိ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ဒီလိုအရက်သမား ၊
ဘိန်းစားတွေ နေစရာမရှိ၊စားစရာမရှိလို့ အစိုးရက နေစရာ ၊စားစရာ
ထောက်ပံ့ထားရတဲ့ သူတွေ အများကြီးဗျ။
တစ်နေ့တော့ ဆွမ်းကျောင်း တံခါဝမှာ ကိုရင်လေးပေးတဲ့
ဆွမ်းကျန်းဟင်ကျန်တွေကို ယူနေတဲ့ ဒီသူဌေးလင်မယားကို မြတ်စွာ ဘုရားတွေ့တော့
ပြုံတော်မူသတဲ့။ ဒီတော့ အရှင်အာနန္ဒာက ထုံးစမ်းအတိုင်း ပြုံးရယ်ရရင်း
အကြောင်းရင်းကို မေးလျှောက်တယ်ပေါ့ဗျာ။
ဒီတော မြတ်စွားဘုရားက.. ဟောဒီ တောင်းစားနေ့တဲ့ လင်မယားနှစ်ယောက်ဟာ
တချိန်က ဒီမြို့ရဲ့ သူဌေးများဖြစ်ကြောင်းနဲ့ တကယ်လို့ ၂၅နှစ်အရွယ်မှာ
ကောင်းကောင်းစီပွားရှာမယ်ဆိုရင် ဒီမြို့မှာ နံပါတ်တစ် သူဌေးဖြစ်နိုင်ပြီး။
ကာမဂုဏ်တွေကို ပယ်ခွါ ရဟန်းပြုမယ်ဆိုရင် သူဌေးက ရဟန္တာဖြစ်နိုင်တယ်။
သူဌေးမက အနာဂါမ်ဖြစ်နိုင်တယ်တဲ့။
ဒုတိယအရွယ် ( ၅၀) မှာ လောကီစီးပွားရှာမယ်ဆိုရင် ဒုတိယတန်းစား
သူဌေးဖြစ်နိုင်တယ်။ သို့မဟုတ် ရဟန်းတရား အားထုတ်မယ်ဆိုရင်..
အနာဂါမ်ဖြစ်နိုင်တယ်။ သူ့မယားက သကဒါဂါမ်ဖြစ်နိုင်တယ်။
တတိယအရွယ်ရောက်မှ စီးပွားရှာရင်တောင် တတိယ သူဌေးဖြစ်နိုင်တယ်။
သို့မဟုတ် ရဟန်း တရားပွားများမယ်ဆိုရင် သူက သကဒါဂါမ်ဖြစ်နိုင်တယ်။ သူ့ဇနီးက
သောတာပန်လောက်ဖြစ်နိုင် တယ်။
ခုတော့ သူတို့ဟာ ..အရေသေစာ သောက်စားမောက်မှားလို့ လောကီစည်းစိမ်းတွေလည်း ဆုံးရှုံး၊ လောကုတ္တရာ
အခွင့်အလမ်းတွေလဲဆုံးရှုံးရတယ်။ သူတို့ဘာခုတော့ ဘာနဲ့ အလား သဏ္ဍန်တူသလဲဆိုရင်
ရေခန်းပြီး ငါးမရှိတော့တဲ့ ရွှံညွန်အိုင်ထဲမှာ ငေးမှိုင်နေရတဲ့
ကြိုးကြာငှက်အိုကြီးအနဲ့ တူနေပြီလို့ မြတ်စွာဘုရားက ရှင်လင်းပြသတဲ့။
ဒီတော့ ဘော်ဒါတို့ရေ... မြတ်စွာဘုရားစကားနဲ့ ပြောရရင် တို့တော့
အချိန်မနှောင်းသေးဘူး
လေးဆယ်၊ငါးဆယ် ဒုတိယအရွယ် စီးပွားဥစ္စာ
ကြိုးစာရှာမယ်ဆိုရင် ဒုတိယ သူဌေးဖြစ်နိုင်သေးတယ်နော်။ ဒါမှမဟုတ် လောကီ
ကာမဂုဏ်တွေခွါ ရဟန်းတရားကို အားထုတ်မယ်ဆိုရင်.. သောတာပန်လောက်တော့
ဖြစ်နိုင်ပါသေးတယ်ဗျာ..။
ကဲ...လုပ်လိုက်လေ.. ကြသလားလို့....
No comments:
Post a Comment