Thursday, February 28, 2013

ရေရှည်ခရီးဆက်ရမည့် အိမ်တွင်းနိုင်ငံရေး

ယနေ့ ပြည်ပရောက် မြန်မာများ မြန်မာအရေးကို အထူးစိတ်ဝင်စားနေကြပါတယ်။ ဘုရား၊သကြား မ, သလို မြန်မာပြည် တဟုန်တိုး တိုးတက်ပြောင်းလဲရေးနဲ့၊ ပြည်တော်ပြန်ရေးကိစ္စ အပါအဝင်ပေါ့ဗျာ။

စာရေးသူကတော့... ပြည်ပရောက်မြန်ကလေးများကို ဦးဆောင်၍ မြန်မာ့ယဉ်ကျေးမှု ၊ မြန်မာဓလေ့ထုံးစမ်၊ မြန်မာစိတ်ဓာတ် ရှင်သန်ပြန့်ပွားရေး၊ မြန်မာစကား ပြောဆိုနိုင်ရေးတို့ကို ဦးဆောင်နေရတော့.. ပြည်ပရောက် မြန်ကလေးငယ်များရဲ့ အားနည်းချက်ကို သိရှိနေရတယ်ဗျ။

ဒါကြောင့် ပြည်ပရောက် ရွှေမြန်မာများ အဝေးမှာတဲ့ မြန်မာ့အရေးကို စိတ်ဝင်စားသလို ၊ မိသားစု နိုင်ငံရေးကိုလည်း စိတ်ဝင်စားစေဖို့ ဒီဆောင်းပါးကို မျှဝေလိုက်ရခြင်းပါ။

အချို့ပြည်ပရောက်မြန်မာများက .. မိမိတို့နေထိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေ စနစ်ကို ကြိုက်နှစ်သက်ကြ သလို၊ တချို့ကြတော့လည်း တောင်ကိုရီယာ၊ စင်္ကာပူ၊တို့လို တိုးတက်ပြောင်း လဲနှစ်သက်ကြတာကို   လေ့ရလာတွေ့ရှိရတယ်ဗျ။

ဘယ်လိုပုံစံနိုင်ငံရေးမျိုးကိုပဲ ကြိုက်ကြိုက် အမေရိကန်နိုင်ငံသမ္မတ အိုဘားမား စကားနဲ့ ပြောရရင် " NO CHILD LEFT BEHIND" မိမိတို့ရဲ့ မျိုးဆက်သစ်တွေကိုတော့ နောက်ချန်မထားသင့်ဘူးပေါ့ဗျာ။

ဒီကနေ့ အရှေ့တောင်အာရှမှာ ကျားဖြစ်နေ့ စင်္ကာပူ၊ တောင်ကိုရိယာတို့ ဘာလို့ .ယနေ့ ကျားဖြစ်နေရသလဲဆိုရင်.. လွန်ခဲ့တဲ့ နှစ် ၁၉၅၀ လောက်ဝန်ကျင်းက ပညာရေးမှာ ရင်းနှီးမြုပ်နှံခဲ့ပြီး ကလေးတွေကို ဦးစားပေးခဲ့လိုဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူးဗျ။

* မိဘ ဘဝရောက်တာနဲ့ ကိုယ့်အရည်အချင်းကို စမ်းသပ်နေတဲ့ အိမ်တွင်းနိုင်ငံရေး ခရီးရှည်ကြီးသွာပြီးလို့သာ မှတ်...


ကလေးတစ်ယောက်ကို ပြုစု ပျိုးထောင်တယ်ဆိုတာ ကိစ္စပေါင်းစုံနဲ့ ကြုံဆုံရတဲ့ ခရီးရှည်ကြီးတစ်ခုပါ။ ကလေးတစ်ယောက် အရွယ်ရောက်လာတာနှင့်အမျှ မိဘနဲ့ သား၊သမီးတို့ လက်တွဲပြီး ဘဝမုန်းတိုင်း အထွေထွေကို ကြံ့ကြံ့ခံ ရင်ဆိုင်၊ ကျော်လွှားကြရပါတယ်။

ဒါဟာ မိဘတွေရဲ့ အရည်အချင်းကို စပ်သပ်လိုက်သလိုပါပဲဗျ။

"လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရီယ မိနှင့်ဘ" ဆိုတဲ့ မြန်မာ စကားလို ကလေးတစ်ယောက် လမ်းမှန်ရောက်ဖို့ မိဘနှစ်ပါးမှာ အညီအမျှတာဝန်ရှိတယ်ဗျ။

အမေတစ်ယောက်ကြောင့် ကလေးဟာ လူလား မမြောက်နိုင်သလို အဖေတစ်ယောက်ကြောင့်လည်း ကလေးတစ်ယောက်ဟာ ဘက်စုံဖွင့်ဖြိုးဖို့ဆိုတာ မလွယ်ပါဘူး။

ဒါကြောင့် မိဘနှစ်ပါးလုံး ကလေးတစ်ယောက် ဖွင့်ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလိုအပ် သလဲဆိုတာ လေ့လာကြည့်ရအောင်ဗျာ။

၁။ တစ်ယောက်ကို တစ်ယောက်ဖေးမကူညီပါ...


အိမ်ထောင်ရက်သားကျလို့ အိမ်ထောင်သည်ဘဝ၊  ကလေးတွေ ရလာလို့ မိဘ ဖြစ်လာ ရတယ်ဆိုတာ ပျော်စရာကြီးပါ။

ပျော်စရာဆိုလို့ မူး၊ရူး သောက်စား တချိန်းလုံး ပျော်နေရမယ်လို့ ဆိုတာ မဟုတ်ဘူးဗျ၊ သည်တော့ကား မိဘဖြစ်လာတဲ့အခါ ကလေးကို စည်းကမ်းရှိလာအောင် ပြုစုပျိုးထောင်ရာမှာ စိတ်ရှည်ဖို့၊ ပညာသားပါဖို့၊ ဇွဲရှိဖို့လိုတယ်ဗျ။

မိသားစု စည်းကမ်း ကိစ္စတွေပြောရရင် တော်တော် နက်နဲ ခက်ခဲပါတယ်။ အင်မတန်လည်း စိတ်ပင်ပန်း ရတတ်ပါတယ်။ ဒီတော့ မိသားစုတာဝန်ကို အိမ်ထောင်ဖက်အချင်းချင်း တစ်ယောက်တည်းမှာ ပုံချမထားပဲ အတူ တာဝန်ခွဲယူဖို့လိုတယ်ဗျ။ ဒီလိုမဟုတ်ပဲ မိသားစု တာဝန်ကို တစ်ယောက်တည်း ယူရလို့ စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်လာရတာနဲ့အမျှ ဒေါသရဲ့ သားကောင်းဘဝကို ရောက်တတ်တယ်ဗျ။

ကလေးတစ်ယောက်တာဝန်ကို တစ်ယောက်တည်း တာဝန်ယူရတယ်ဆိုတာ တော်တော် စိပျက်စရာ ကောင်းတဲ့ကိစ္စပါ။ ဒီတော့ တလှည့်စီတာဝန်ယူတော့ စိတ်သက်ရာ ရတယ်ပေါ့ဗျာ။

မြန်မာဗုဒ္ဓဘာသာတွေအဖို့.. စနေ၊တနင်္ဂနွေ ကျောင်းပိတ်ချိန်မှာ ပြည်ပရောက် မြန်မာဘုန်းတော်ကြီးများဖွင့်လှစ်ထားတဲ့ Dhamma School ( Sunday School ) ပို့ထားရင်လည်း တနည်းအားဖြင့် ကလေးတွေကို ကိုယ့်ရိုးရာယဉ်ကျေးမှု၊ ကိုယ်ကွယ်သည့်ဘာသာအကြောင်း သင်ထားပေးပြီးသာ ဖြစ်သလို၊ လင်နဲ့မယား နှစ်ယောက်တည်း အတူနေရတဲ့ အချိန်လေးမျိုး ဖန်တီးပေးသလိုဖြစ်တာပေါ့ဗျာ။ ပြည်ပရောက် မြန်မာတွေမှာ စနေ၊တနင်္ဂနွေ အလုပ်အားလပ် ရက်တွေမှာ ၊ တပတ်စာ ၊အဝတ်တွေ လျှော်ရဖွတ်ရ၊ တပတ်စာ ချက်ရ၊ ပြုတ်ရနဲ့ အလုပ်တော့ များတာပေါ့ဗျာ..။ ဒါပေမယ့် ၊ ကိုယ့်ရိုးရာ ယဉ်းကျေးမှု မပပျောက်ရေး.. ကလေးတွေအတွက် အချိန်တော့ ပေးသင့်ပါတယ်။

စာရေးသူ တိုရန်တို မဟာဓမ္မိကကျောင်းမှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က မတ်လကျောင်းပိတ်ရက် တစ်ပတ် ရက်တိုသင်တန်း ဖွင့်တော့ မိဘများ လိုလိုလားလား အလုပ်မှ တစ်ပတ်ခွင့်ယူပြီး ဓမ္မသင်တန်းကို ပို့ပေးတယ်ဗျ။ ကလေးများကလည်း ၅-တန်း မှ ၇-တန်းကျောင်းသားတွေ ဆိုတော့   တော်တော်ထိထိရောက်ရောက် ဘာသာရေးကို လိုက်နိုင်တယ်ဗျ။ ဒါကြောင့်.. အလုပ်မှ ခွင့်ယူလို့   ပြည်ပရောက် ကလေးများအတွက် ရက်တိုသင်းများ ကိုပို့ပေးမယ်ဆိုရင် .. လင်နှင့်မယားအတူနေ ရတဲ့အချိန်တွေရ လာသလို ကလေးတွေအတွက်လည်း မြန်မာယဉ်ကျေးမှုကို သင်ပေးထားပြီးဖြစ်ကြောင်းပါ

၂. သားရေး သမီးရေး မှန်မှန်ဆွေးနွေး...


ပြည်ပရောက် မြန်မာများ သားရေးသမီးရေးအတွက် လင်နဲ့မယား ဆွေးနွေးတိုင်ပင်တာကို သိပ်မတွေ့ရသလောက်ပါပဲ။ ခက်တာက ..ကလေးတွေက အင်္ဂလိပ်ပြော၊မိဘတွေကလည်း အင်္ဂလိပ်လို လုံးစေပတ်စေ့ မပြောတတ်ကြတော့ ကလေးနဲ့မိဘ ဂွကျနေတယ်ဗျ။

ကလေးတွေက အသက်အရွယ် ဖွင့်ဖြိုးမှုအဆင့်ဆင့်မှာ မိဘတွေကို အမျိုးမျိုးအကဲ စမ်းတတ်ကြတယ်ဗျ။ တစ်ခါတရံမိဘတွေမှာ ဘေးကျပ်နံကျပ်ဖြစ်ရတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ လင်းနဲ့မယား ဆွေးနွေးတိုင်ပင်ကြမယ်ဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ ရလာမှာနိုင်မှာပါ။

ဘာတွေ ထည့်သွင်း ဆွေးနွေးရမလဲ


ကလေးမှာ ကြုံတွေ့နေတဲ့ ပြဿနာကို ကလေးကို လေ့လာရင်း ဆက်ဆံရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် မမြင်မတူတာတွေကို ပြဿာနာပေါ် အခြေခံပြိး ဆွေးနွေးရပါမယ်။

ဥပမာ.. ကလေးက ညတိုင်ကျ အီအီနေတယ်။ အမေက လေထိုးလို့ပဲလို့ယူဆတယ်။ အဖေက.. ဒီကလေး သက်သက်မဲ့ အီတာပဲလို့ ထင်တယ်၊ ခဏအီပြီးရင် အိပ်ပျော်သွားတာကို။ ဒီကိစ္စကို နှစ်ယောက်တား ဆွေးနွေးတိုင်ပင်တော့ ဆရာဝန်သွားပြနိုင်မယ်ပေါ့ဗျာ။

ဒါမှမဟုတ် အပျော်ဖော်ဝင်စကလေးမက မှုန်ကုပ်ကုပ်ဖြစ်လာမယ်။ မိဘတွေကို ပြောဆိုဆက်ဆံရာမှာ အချိုးပြောင်းပြီး ကလန်သလို ခံစားရတယ်။ ဒီတော့ အမေက သမီးကို ကြီးလာလို့ လူပါးဝလာတယ် ထင်မယ်။ အဖေက ဒါအရွယ်ပြောင်းချိန်မှာ ဖြစ်တတ်မြဲ ဓမ္မတာလို့ထင်မယ်။ ဒိကိစ္စမှာ ဆွေးနွေးတိုင်ပင်လိုက်ရင် အဖြေမှန်ရလာမှာပေါ့ဗျာ။

* ပြေလည်ရာ ပြေလည်ကြောင်းနည်းလမ်းကို ရှာဖွေပါ..


ကလေးရဲ့ ပြဿနာနဲ့ ပတ်သတ်လို့ ဘယ်လိုလုပ်ပြီး (သို့) ဘယ်လိုပြောပြီး ကိုင်တွယ် ဖြေရှင်းလိုက်လို့ ကလေးရဲ့ တိုးတက် ပြောင်းလဲ မှုကိုလည်း ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

ဥပမာ..၊ အပျိုဖော်ဝင်စ သမီးက ဂျစ်ကန်ကန် ၊ခံတန်တန်၊ ကက်တက်တက် လုပ်တာကို မကျေနပ်လို့ မအေက သမီးကို နာရင်းအုပ်လိုက်တယ်ဆိုပါစို့ ဒါကိုလည်း အဖ့ကို ပြောထားဖို့ လိုတယ်ဗျ။ ဒါမှ ဒီဖြေရှင်းချက်က ပိုဆိုးသွားသလား၊ ပြောင်းလဲသွားသလား

ဆိုတာ နှစ်ယောက်သား အကဲခတ်လို့ရတာပေါ့။ ပိုဆိုး သွားတယ်ဆိုရင် ဒီနည်းအလုပ်မဖြစ်ဘူးပေါ့ဗျာ။

ဒါကြောင့် ကလေးရှေးရေးအတွက်

* လိုချင်တဲ့ ရလာဒ်ကို ကြိုတင်ပြင်ဆင် ကိုင်တွယ်နည်း။

* ဖြစ်ပေါ်လာတဲ့ ပြဿနာကို နှစ်ဦးသား အတူ နည်းပေါင်းစုံဖြင် ကိုင်တွယ်ဖြေရှင်းနည်း။

* အတူဆုံးဖြတ်ချက်ချပြီး အဆင့်ဆင့် ကိုင်တွယ်ဖြေရှင်းများကို အတူတကွ လုပ်ရပါမယ်။


ပြည်ပရောက် မြန်မာမိသားစုတော်တော်များများမှာ သားရေး၊သမီးရေးကို အစိုးရကျောင်းများကို လုံးလုံးလျားလျားအပ်ထားတာကို လေ့လာတွေ့ရှိရတယ်ဗျ။ ပြည်ပတိုင်းပြည်တွေမှာ မြန်မာပြည်ထက် ပညာရေး စနစ်ကောင်းမွန်တယ်ဆိုတာ ငြင်းဖွယ်မရှိပါဘူး။ဒါပေမယ့် ပညာရေးစနစ်ကောင်းတိုင် သားကောင်း ၊သမီးကောင်းတွေ ပေါ်ထွက်လာမယ့် ပုံသေကာချပ် မှတ်လို့ မရပါဘူးဗျ။

ဘာကြောင့်လည်းဆိုရင် ဒီကျောင်းတွေမှ ထွက်လာတဲ့ ကလေးတွေလည်း လမ်းဘေးရောက်ကုန်တာတွေ ဒုနဲ့ဒေးပါ။ ဒါ့ကြောင့် သားရေး၊သမီးရေးအတွက် မိဘနှစ်ပါး အချိန်ပေးဆွေးနွေးသင့်ကြောင်းပါ။

နောက်တစ်ခုက အိပ်ထောင်သည်ဘဝမှာ ဘာကိုမှ ပုံသေကားချပ် မှတ်ထားလို့ မရဘူးဗျ။ အလျော့အတင်းလုပ်ဖို့လိုတယ်။ ဒါဆိုဒါမှဆိုတဲ့ တယူသန်စိတ်ကိုလည်း ဒုံးဒုံးချသင့်တယ်ဗျာ။ ဆိုလိုတာက.. ချက်ချင်း လက်ငင်းအရေးပေါ်ဆောင်ရွက်ရမယ့်ကိစ္စ ပေါ်လာတဲ့အခါ ကျန်တာတွေကို ဘေးချိတ်ပြီး သားရေးသမီးရေးကို အလေ့ပေးသင့်တယ်ပေါ့ဗျာ။

ပြည်ပရောက် မြန်မာအချို့က သားရေးသမီးရေးထက် .. အခြာလူမှုရေး ကိစ္စတွေ   ရှေ့ရောက်တယ် နေတယ်ဗျ။ ဥပမာ .. တနင်္ဂနွေနေ့မှာ ကလေးများအတွက် ဘုန်းကြီးကျောင်းမှာ   မြန်မာစာ သင်တန်းရှိတယ်ဆို .. ဟိုလိုလို ဒီလိုလိုနဲ့ ကလေးကို မပို့ဖြစ်တာ့ဘူးပေါ့ဗျာ။

၃. မိဘနှစ်ပါး တစ်သံတည်းထွက်ဖို့လို...


သားရေး သမီးရေးမှာ မိဘနှစ်ပါးလုံး တမိန့်တသံ ထွက်ဖို့လိုတယ်ဗျ။

* မိဘနှစ်ပါးလုံးကအတူ ကလေးကို ပြောပြ ရှင်းပြခြင်းကြောင့် ကလေးအနေနဲ့ မိဘများ ပြောဆိုတဲ့ ကိစ္စဟာဖြင့် အလွန်အင်မတန် အရေးကြီးကြောင်း ကောင်းကောင်းကြီး သဘောပေါက်နိုင် ပါတယ်။ နှစ်ယောက်ဆိုတော့ မလွန်ဆန်နိုင်ဘူးပေါ့။

* ကလေးတွေအပေါ်မှာ မိဘနှစ်ပါးက သည်လို တစ်သံတည်း၊ တစ်သဘောတည်းဖြစ်နေခြင်းက သား၊သမီးတွေ အပေါ်မှာ မိဘတွေရဲ့ သြဇာပိုတည်လာနိုင်စေကြောင်းပါ။

အဖေက...သည်ကိစ္စနဲ့ပတ်သတ်လို့ မေမေပြောတာကို သေချာမှတ်ထားနော်။ နောက်ဒါမျိုး မဖြစ်စေချင်ဘူး။ လုပ်လာမိတယ်ဆိုလည်း အမေ့ကို အမှန်အတိုင်းပြောပြရမယ် ကြာလား ဆိုတာမျိုနဲ့ အမေချမှတ်တဲ့ စည်းကမ်းတွေ အစွမ်းထက်အောင် ကူညီပန့်ပိုးပေးနိုင်ပါတယ်။ ဒါဆိုရင် သား၊သမီးအပေါ်မှာ အမေ့ရဲသြဇာတည်မယ်ပေါ့ဗျာ။

ဥပမာ...သမီး တယ်လီဖုန်းဝယ်ပေးဖို့ အမေကိုပူဆာတယ်၊ အမေက ဒီနှစ်ကျောင်းမှာ နံပါတ်တစ် ရရင်ဝယ်ပေမယ်လို့ ကတိပေးတယ်။ အဖေဖြစ်သူက သမီးကိုချစ်လို့ ဘာလိုလို ညာလိုလို လုပ်တယ်ဆိုရင် အမေချမှတ်တဲ့ စည်းကမ်းက ပေါ့ပျက်ပျက်ဖြစ်သွားသပေါ့ဗျာ။

နောက် သတိထားသင့်တဲ့အချက်က.. ကလေးပေါ်စည်းကမ်းချမှတ်တဲ့ နည်းလမ်းနဲ့ ပတ်သတ်လို့ အမေက အဖေကိုပဲဖြစ်ဖြစ်..၊ အဖေက..အမေကိုပဲဖြစ်ဖြစ် ကလေးရှေးမှာ လုံးလုံး မဝေဖန်မိစေဖို့ပဲ။ " မင်းဟာ.. မဟုတ်သေးပါးဘူး မိန်းမရ..." " တော်ဟာလည်း မဟုတ်သေးပါဘူးရှင်" ဆိုတဲ့ စကားမျုကို သား၊သမီးတွေ ရှေ့မှာ အထူးရှောင်သင့်တယ်ဗျ။

* မိသားစုကိစ္စမှာ လင်နဲ့မယာ တပြေညီဖြစ်ဖို့ သိပ်လိုတယ်ဗျ..။ ကလေးတစ်ယောက် အနေနဲ့ သူလိုချင်တာကို အမေကို တောင်ရင် ရနိုင်တယ်။ အဖေကို တောင်းရင် ရမှာ မဟုတ်းဘူလို့ သိသွားတာနဲ့တပြိုင်နက် အဖေနဲ့အမေကို ရန်တိုက်ပေးမှာ အမှန်ပဲဗျ။ ဒီဟာ မိသားစုကိစ္စ သဘောထား ကွဲလွဲရခြင်း၊ မညီညွတ်ရခြင်း အကြောင်းအရင်းခံဆိုတာ မိဘများ သိထားသင့်တယ်ဗျ။

* မိဘများ စံပြဖြစ်ဖို့လို...


ဆရာဝန်သား၊သမီးများဟာ ဆရာဝန်ဖြစ်ရတာဟာ .. မိဘများရဲ့ ရှေ့ဆောင်လမ်းပြမှုက တမင်တကာ သင်စရာမလိုပဲ စိတ်ထဲစွဲပြီး သင်ယူမှတ်သားလိုက်သလိုဖြစ်တယ်ဗျ။

ကလေးတွေဟာ ဘယ်လိုလုပ်ရမယ်..၊ ဘယ်လိုတွေးရမယ် ဘယ်လိုမြင်ရမယ်ဆိုတာတွေကို သူတို့ မျက်စီအောာက်မှာ မြင်ဘူးတဲ့အတိုင် အထပ်တည်း ပုံတူယူတက်တယ်ဗျ။

သားလုပ်သူက ယောက်ျားတစ်ယောက် ဘယ်လိုနေထိုင်ပြုမှု တွေးခေါ်တယ်ဆိုတာကို အဖေ့ဆီက သင်တယ်။ သမီးလုပ်သူက မိန်းမတစ်ယောက်ရဲ့ အနေအထိုင် အပြုအမှု၊ အတွေးအခေါ်ကို အမ့ဆီက သင်ယူကူချပါတယ်။

ဒီတော့ မိသားစု ဘဝမှာ မိဘတို့ရဲ့ စရိုက်တွေဟာ .. သားသမီးတွေကို ပုံဖော်ပေးပါတယ်။ ဒါကြောင့် ကလေးငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်း သွားတဲ့ အလေ့အထများများလုပ်ပေးဖို့ ၊ အိပ်ရာဝင် ၊ အိပ်ရာထ ဘုရားရှိခိုးတဲ့ အလေ့အထလုပ်ပေးဖို့လည်း လိုတယ်ပေါ့ဗျာ။

ယုတ်စွ ဖြစ်နိုင်ရင်.. အပျို၊လူပျိုဖြစ်စမှာ ပြောင်းလဲလာတတ်တဲ့ သဘာဝတွေကိုလည်း ကြိုတင် ပြောပြထားရင်လည်း အကောင်းဆုံးပါပဲ။

* မိဘဆိုတာ သိချင်တာတွေ မေးလို့ရတဲ့သူဖြစ်ရမယ်..


ကလေးငယ်တွေဟာ ကြီးထွားလာတာနဲ့အမျှ သိချင်တာလေးတွေကလည်း များလာတယ်ဗျာ ဒါကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်ရမယ်။ တခါတရံမှာ ထပ်တလဲလဲ မေးတတ်တယ်ဗျ ဒါဟာ ကလေးရဲ့ ဦးနှောက်ထဲမှာ ရိုက်သွင်းနေတာပဲ။ ဒါကြောင့် ကလေးတွေမှာ အသိမှားတွေ ၊ အတွေးမှား တွေနဲ့ အလွဲလွဲ အမှားမှား မဖြစ်ရလေအောင် မိဘတွေက တိကျမှန်ကန်တဲ့ သိသင့် သိထိုက်များကို ပြောပြဖို့လိုပါတယ်။

* ကလေးတွေနဲ့ စကားပြောခြင်း..


ယနေ့ခေတ်မှာ အင်တာနက် ရုပ်ရှင်း၊ဗွိဒိယိုဇာတ်လမ်းတွေက ကလေးတွေရဲ့ စာရိတ္တကို လွမ်းမိုး ရိုက်ခတ်နေပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ ရုပ်ရှင်အတူကြည့်ပြီး ဒီဇာတ်ကားပေါ်မှာ ကလေးရဲ့ ထားရှိတဲ့ သဘောထားကို ဆွေးနွေးသင့်ပါတယ်။ သူတို့ သဘောကျတဲ့ ဇာတ်ကောင်ကို ဘာလို့ သဘောကျသလဲဆိုတာကိုလည်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ကောင်းတဲ့ အမူအကျင့်တွေကို သဘောကျတယ်ဆိုလဲ ဒီစိတ်ထားမျိုးတွေ ခိုင်မာလာအောင်၊ မကောင်းတဲ့ စရိုက်ကို သဘောကျတယ်ဆိုလည်း သင့်သလို လမ်းလွှဲပေးနိုင်တယ်ပေါဗျာ။

ကလေးကို သင်ကြားပေးခြင်း..။


လူမှုကျင့်ဝတ်တွေ၊ လူမှုရေး စည်းကမ်းတွေ ၊ ဘာသာရေးဓလေ့ထုံးစံတွေကို ကလေးရှေ့မှာ ကိုယ်က နမူနာပြပြီး နေထိုင်ပြုမှုခြင်းဖြင့် ကလေးတွေကို သင်ကြားပေးနိုင်ပါတယ်။

ဥပမာ.. ကိုယ့်ယောက်ျားဆီလာတဲ့ စကို ဇနီးက ဖောက်ဖတ်မကြည့်ခြင်းဖြင့် ကလေးကို သူတပါးရဲ့စာကို ဖွင့်မကြည်ရဘူးဆိုတဲ့ အသိကို နည်းပေးရာရောက်ပါတယ်။ လူကြီးမိဘတွေကို မာမာ ထန်ထန် မပြောရဘူးဆိုတာကို မိဘတွေကိုယ်တိုင်က စံပြလုပ်ရမယ့်ကိစ္စပါ။ ကိုယ်ကတော့ အပြင်မှာ ပြောချင်သလိုပြောတယ်။ ကလေးတွေကိုတော့ ယဉ်ကျေးစေချင်တယ်ဆိုတာကတော့ သဘာဝမကျဘူးပေါ့ဗျာ။

* ကလေးများနဲ့ အတူ ဆော့ကစားခြင်း..


ကလေးတွေနဲ့ အတူဆော့ကစားခြင်းဖြင့် ကလေးတွေနဲ့ စကားပိုပြောလာနိုင်သလို ကလေရဲ့ကမ္ဘာထဲကို ကိုယ်တိုင်ကိုယ်ကျ ဝင်ကြည့်နိုင်တဲ့အခွင့်အရေး အလိုလိုရလာပါလိမ့်မယ်။ ကလေးနဲ့ အပြန်အလှန်ပြောဆိုကြရင်း သင်ပေးသင့်တာလေးတွေ မသိမသာ သင်သွားပေးနိုင်ပါတယ်။

လင်နဲ့မယား တစ်ယောက်နဲ့ တစ်ယောက် ကြင်နာပါ..


ကလေး တစ်ယောက်ရဲ့စိတ်ဓာတ်လုံခြုံမှုကို အိမ်ကနေ အများဆုံးရပါတယ်။ ဒါကြောင့် မိဘနှစ်ပါ အိမ်မှာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိတယ်ဆိုရင် ကလေးရဲ့ဘဝလုံခြုံမှုရမှာပါ။ သို့မဟုတ်ပဲ မိဘနှစ်ပါးက မကြခဏ ခိုက်ရန်ဒေါသဖြစ်နေမယ်၊ အလုပ်ကိုပဲ မဲတင်းလုပ်နေရလို့ အိမ်ထောင် ရေး ကိုဘေးချိတ်ထားမယ်။ အိမ်ထောင်ဖက်လို လျစ်လျူရှုထားမယ်ဆိုရင် အိမ်ထောင်ရေးဟာ အိလည်လည်ဖြစ်သွားတတ်ပါတယ်။
မိမိတို့ရဲ့ ရင်သွေးများ လူလူသူသူ ဘဝမှာ ရှင်သန်နိုင်ဖို့ မိဘများလည်း အကြင်နာပန်းေ တွ ဝေဖို့ လိုတယ်ပေါ့ဗျာ။

နောက်ဆုံးအနေနဲ့.. ပြည်ပရောက်မြန်မာများ တိုင်ပြည်ချစ်တဲ့ စိတ်ရှိတယ်ဆိုရင်.. ရွှေပြည်ကြီး မဝေးစေဖို့ အနာဂတ်မျိုးဆက်သစ် မိမိရင်သွေးများကိုလည်း ... ဒါဟာ မြန်မာ၊ဒီနိုင်ငံဟာ ငါတို့ နိုင်ငံ ၊ ဒီစကားဟာ ငါ့တို့စကား ၊ ဒီဘာသာဟာ ငါတို့ဘာသာဆိုတာကို တိတိကျကျ ပြတ်ပြတ်သားသားသိအောင် စိတ်ရှည်လက်ရှည်ခရီးဆက်ရမယ့် အိမ်းတွင်း နိုင်ငံရေးကို တင်ပြလိုက်ရပါတယ်ဗျာ....။

Ref: Parenthood: A Challenging Voyage.drafted by fei Yu Counseling Centre, Singapore

No comments:

Followers

My Blog List