ဒီဇင်္ဘာလလောက်က မြန်မာပြည် ပြန်သွားတော့ ဆွေးမျိုး ၊မိတ်ဆွေ ၊သူငယ်ချင်းတွေ အိမ်သွားလည် ဖြစ်တယ်။ တချို့လည်း အဆင်ပြေသလို့်.၊ တချို့လည်း တစ်နေ့နဲ့ တစ်နေ့ လူဘဝ ခက်ခက်ခဲခဲ ကျင်လည်နေရတယ်။ "လူဘဝဆိုတာ ဘာ၊ မိသားစု ဘဝဆိုတာ ဘာ" ဆိုတာကို ကောင်းကောင်း မသိကြပဲ။ ဘဝကို ရုံးကန်နေကြရတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မြန်မာပြည်ကို ပြန်မရောက်တာ ဆိုတော့ ... အရာဝတ္ထုအားလုံး မပြောင်းလဲပေမယ့် ၊ တူတွေ၊ တူမတွေကတော့ လူပျို၊ အပျိုတွေဖြစ်ကုန်ပြီ။ စာရေးသူနိုင်ငံခြား မသွာခင်က ၈-နှစ်သား ကလေးတွေဟာ ခုတော့ ၁၈နှစ်သား ၊ ကောလိပ်ကျောင်းသာျးတွေပေါ့။
အမနဲ့တွေ့ချင်လို့.. ကြိုတင် အကြောင်းမကြားပဲ အမအိမ်ကို သွားလည်လိုက်တယ်။ အမနဲ့ မတွေ့ဘူး အိမ်ငှာနဲ့ပဲ တွေ့ခဲ့ရတယ်။ နောက်တော့ အမဟာ သားတစ်ယောက်နဲ့ ညီအကိုတွေဆီ အတူပြန်နေကြောင်း သိရတယ်။
နောက်တစ်နေ့ အမတို့မိသားစုရှိရာ.. အိမ်ကိုရောက်သွားတယ်။ အိမ်ကလည်း အရင်ကလို စိုစိုပြေပြေ မဟုတ်တော့ဘူး။ ညီးအကို ၊ညီမတွေကလည်း အိမ်တောင်ကျကုန်ပြီ၊ အမွေ မခွဲရသေးတော့ အားလုံး ဒီအိပ်မှာပဲ စုနေကြတယ်။
ညီအကိုမောင်နှမ၊ တူ၊တူမတွေနဲ့ စုနေကြတယ်ဆိုပေမယ့်။ တစ်ယောက်နဲ့ တစ်ယောက် အတူ စကားလက် ဆုံ မပြောဖြစ်ကြဘူးတဲ့။
စားရေသူ အိမ်မှာ ထိုင်စောင့်ရင်း.. အမရုံးက ပြန်လာတယ်။ အမကို ကြည့်ရတာ
မျှော်လင့်ချက် ကင်းမဲ့နေသူ တစ်ယောက်လို့၊ ရှေ့ဆက်ရမယ့် လမ်းပျောက်နေသူ တစ်ယောက်လို၊
ဦးတည်ရာမဲ့ လမ်းကို ဆက်လျှောက်နေတဲ့ လူတစ်ယောက်လို့
ဘဝသောက၊ဗျာပါဒတွေနဲ့ ပိန်ရှုံးနေပြီး အမရဲ့ ဟိုတုန်းက အလှတွေ ပျောက်ကုန်းတာ တွေ့ရတယ်။
တကယ်တော့ အမက အသက်မကြီးသေးပါ။ လေးဆယ်ကျော်အရွယ် တည်ငြိမ်တဲ့ အလှအပကို ထိမ်းထားနိုင်သူ တစ်ယောက်ပါ။ သို့သော် ဘဝပေးမကောင်းလို့ အမောင်ထဲကို လမ်းလျှောက်နေသူ တစ်ယောက်လိုပါပဲ။
အမဟာ.. လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က။ ဗိုလ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။
စောစောပိုင်းကတော့ စီးပွားရေး အဆင်ပြေပါတယ်။ နောက်ပိုင်း စီးပွားရေးအဆင် မပြေဖြစ်ပြီး နောက်ပိုင်းမှာ ဗိုလ်ကြီးလည်း ဆုံးသွားကြောင်းသိရတယ်။
အမက စာရေးသူကိုတွေ့တွေ့ချင်း၊ အားရဝမ်းသာနဲ့ အပြုံးတွေနဲ့ နုတ်ဆက်တယ်။ ဆယ်နှစ်လောက် ဝေးနေတဲ့ စာရေးသူကို တွေ့ရတော အမ ပျော်နေတဲ့ ပုံပဲ။ အမကပြောတယ် "စားရေးသူကို ပြန်တွေ့ရတာ ၊ မျှော်လင် ချက်တွေ ပြန်လည် ရှင်သန်လာသလိုပဲတဲ့။
၂)
စာရေးသူတို့ တောင်ကြီး ခရီးစဉ်မှာ အမရဲ့ သား ကောလိပ်ကျောင်းသား ပါလိုက်ပါလာခဲ့တယ်။ လမ်းခရီးမှာ အမတို့ မိသားစု အကြောင်းကို ပြောဖြစ်ကြတယ်။ တူလေးကြည့်ရတာ၊ မိသားစု အိမ်ကြီးမှာနေရတာ မပျော်ရွှင်တာကို တွေ့ရတယ်။
အမကလည်း စာရေးသူကို ပြောထားတယ် တူတော်မောင်ကို ဆုံးမပေးဖို့၊ စာကြိုးစားဖို့ ၊ အပြင် ကွန်ပျုတာ ဆိုင်မှာပဲ အချိန်မကုန်စေဖို့ စသည်ပေါ့။
စာရေးသူက တူတော်မောင်ကို မေးကြည့်တယ်..။
"ငါ့တူ .. မင်း အိမ်မှာ အန်တီ၊ အန်ကယ်တွေနဲ့ ညနေထမင်း အတူစားဖြစ်သလား"
" အတူ မစားဖြစ်ဘူး.. ဘုန်းဘုန်း"
" ဦးတွေနဲ့ကော တီဗွီသတင်းတို့ ၊ ဘောလုံးပွဲတွေကော အတူကြည့်ဖြစ်သလား"
"မကြည့်ဖြစ်ဘူး ဘုန်းဘုန်း၊ သူတို့ အိမ်အောက်မှာဆိုရင် သားက အိမ်ပေါ်တက်သွားတယ်။ သူတို့ အိပ်အောက်မှာဆိုရင် သားက အိမ်ပေါ်သွားနေလိုက်တယ်။ ဦးတွေနဲ့ မျက်နှာချင်းဆိုင် စကား ကောင်းကောင်း မပြောဖြစ်ဘူး ဘုန်းဘုန်း"
ဒီလို နေရင်းက တူတောင်မောင်က အိမ်မှာ နေရတာ မပျော်သလိုဖြစ်လာတယ်။ အချိန်ရှိတိုင်း ကွန်ပျုတာဆိုင် သွားတယ်။ မိသားစု မေတ္တာ ကင်းမဲ့နေသလိုဖြစ်လာတယ်။ တူတော်မောင်နဲ့ အမကို ခရီးက ပြန်ရောက်တော့ မိသားစု ငြိမ်းချမ်းရေး စကားတွေပျော်ဖြစ်ကြတယ်။
"မိသားစုဆိုတာ နေတိုင်း ထမင်းဝိုင်းမှာ အမြဲတွေ့ဆုံသင့်တယ်။
နေ့တိုင်း မဖြစ်နိုင်ရင်တောင်မှ တစ်ပတ်မှာ တစ်ရက်လောက်တော့ မိသားစုတွေ တွေ့ဆုံသင့်တယ်။
မိသားစု ထမင်းဝိုင်းကလေးဟာ မိသားစုဝင်တွေရဲ့ ပျော်ရွှင်ဖို့ အကောင်းဆုံး အချိန်ပဲ။
တစ်ယောက်နဲ့ တစ်ယောက် နေ့စဉ်ဘဝမှာ ဘာတွေဖြစ်နေတယ် ဆိုတော ပြောဆိုတိုင်ပင်လို့ ရတယ်။
- အိမ်ထောင်ဦးစီက.. ကလေးတွေအတွက် စားစရာတွေကို ပြင်ဆင်ပါ။
- မိသားစုတွေရဲ့ အနာဂတ်ရေးကို ဆွေးနွေးတိုင်ပင်ပါ။ မိသားစု လုပ်ဖြစ်မဲ့ ထူးထူးခြားခြား ပွဲလေးတွေကိုလည်း ဆွေးနွေးပါ။
- တစ်ယောက် တစ်ယောက် ဘဝအတွေ့အကြုံလေးတွေကို မျှဝေပါ၊ အကြိုက်ဆုံး ဇာတ်လမ်းလေး တွေကိုလည်း မျှဝေခံစားပါ။
- မိသားစုစားပွဲတွေမှာ အဘိုးအဘွား မိတ်ဆွေ၊ အရင်းနှီးဆုံး မိတ်ဆွေတွေကိုလည်း ဖိတ်ပါ။
- တစ်ယောက်နဲ့ တစ်ယောက် ထူးခြားတဲ့ ပျော်ရွှင်စရာတွေကိုလည်း မျှဝေခံစားပါ။
- တစ်ယောက်နဲ့ တစ်ယောက် ထူးခြားတဲ့ အတွေ့အကြုံတွေကိုလည်း ဆွေးနွေးတိုင်ပင်ပါ"။
တစ်နေ့က အမကိုဖုန်းဆက်ပြီး မိသားစုတွေ ပျော်ပျော်ရရွှင်ရွှင် ရှိရဲ့လားလို့ မေးကြည့်တော့ " တော်တော်ပြောင်းလဲသွားပြီးတဲ့။ အမလည်း မျှော်လင်ချက် အလင်းရောင်တွေ ပြန်သန်းလာပြီ၊ ကျန်းမာရေးလည်း အရင်ကလို အားဆေးတွေ သောက်မစရာမလိုတော့ဘူး" တဲ့။ ဝမ်းသာလိုက်တာ..
No comments:
Post a Comment