Wednesday, July 22, 2015

ကနေဒါစင်တာ၏ပရိဟိတ

ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်...
ကနေဒါရောက် မြန်မာများ ၊ မိမိမွေးရပ်မြေကို ကျေးဇူးဆပ်သောအားဖြင့် (သို့) တင်းခဲ့ဖူးသော ကျေးဇူးကို ..တုန်ပြန်သောအားဖြင့်...၊ ကနေဒါစင်တာဖောင်ဒေးရှင်း ဖွဲ့စည်းကာ ..၂၀၁၄-ခုနှစ်က စတင်၍ ပြည်တွင်း ၊ပညာရေး၊ ကျန်းမာရေး ချို့တဲ့သော ကျေးလက်ဒေသများကို ကူညီထောက်ပြံ့ခင်းကို ပြုလုပ်ခဲ့ပါသည်။
စည်းလုံးညီးညွတ်မှု ၊ ဒကာ/ဒကာများ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့်
တစ်နှစ် အတွင်းမှာပင်

အာယုဒါန ( ဆေးဝါးအလှူ)
ပညာဒါန ( ကျေးလက် ပညာရေးအလှူ)
နွေရာသီ အင်္ဂလိပ်စာသင်တန်းနှင့် စာရေး ကိရိယာ ထောက်ပံ့မှုများ
အာဟာရဒါန ( ကျေးလက်ကလေးငယ်များ အာဟာရအလှူ)
ဓမ္မဒါန ( တရားအလှူ) တို့ကို ပေးလှူနိုင်ခဲ့ပါသည်။

*ကနေဒါစင်တာ တည်ဆောက်မည့် မြေနေရာ၌ အုတ်တံတိုင်းများ ကာရံခြင်း ပြုလုပ်နိုင်ခဲ့ပါသည်။
*၂၀၁၄- နှစ်တွင် ပြည်တွင်းပညာထူးချွန်းဆု ၃-ယောက် ချီးမြှင်းနိုင်ခဲ့ပါသည်။
*၂၀၁၅-ခုနှစ် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ကနေဒါစင်တာ အဖွဲ့ဝင်များ၏ သားသမီးများအား ထူးချွန်ဆု (၂၀) ဦးကို ပေးအပ်ရန် စီစဉ်လျှက်ရှိပါသည်။
အထူးကြည်နူးစရာကောင်းသည်မှာ...
၂၀၁၅-ခုပညာသင်နှစ် ....၊
**မန္တလေးဆေးတက္ကသိုလ်သို့ ဆက်လက်ပညာဆည်းပူးမည့်
မောင်ဆန်းမင်းထွန်း (ကျောက်ပန်းတောင်းမြို့နယ် ၊ပျဉ်မကြီးရွာ) အား
ဘွဲ့ရသည်အထိ ကနေဒါစင်တာဖောင်ဒေးရှင်းမိသားစုမှ တာဝန်ယူပါမည်
** မန္တလေး နည်းပညာတက္ကသိုလ်သို့ ဆက်လက်ပညာသင်ကြားမည့်
မရီမွန်းနှင်း (မုန်တောင်းရွာသစ်၊မင်းဘူးမြို့နယ်) အား ဘွဲ့ရသည်အထိ ကနေဒါစင်တာ ဖောင်ဒေးရှင်းမှ တာဝန်ယူပါမည်။
ကနေဒါစင်တာမိသားစုများ ဝမ်မြောက်နုမော်သာဓုခေါ်နိုင်ကြပါစေ...
ဦးဆောင်ဆရာတော်
ကနေဒါစင်တာဖောင်ဒေးရှင်း

No comments:

Followers

My Blog List