Monday, August 3, 2015

မြန်မာရေဘေးအတွက် ကလေးအတွေး


ခု တစ်လော စာရေးသူတစ်ယောက် အချိန်တိုင်းလိုလို ကွန်ပျုတာနှင့် အလုပ်ရှုပ်နေတတ်သည်။ နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ..၊ ကလေးငယ်များလည်း  ယဉ်ကျေးမှုသင်တန်း၊ မြန်မာစာ သင်တန်း ကြောင့် ကျောင်းမှာ တနေကုန် ဘုန်းကြီးကျောင်းမှာ ရှိနေသည်။

နွေရာသီ ကလေးငယ်များ ၊ မြန်မာစာသင်တန်း သင်ပေးသည်ဆိုသော်လည် ၊ ကလေးများ စိတ်မလွင့်ရုံ ၊ မြန်မာ့ဘုန်းတော်ကြီးကျောင်း ယဉ်ကျေးမှု ဓလေ့ထုံစံများ သိရုံသာ ၊ စာသင်ရင်း ပျော်ရင်းပါးရင်း 
ဘုန်း ကြီးကျောင်းမှာ တနေကုန် နေစေသည်။

ခုလို နွေရာသီ ရက်ရှည်ကျောင်းပိတ်ရက်မှာ ကလေးမိဘများအတွက်  ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း ပေါ်ပေါက်လာခြင်းမှာ
 ပြည်ပရောက် မြန်မာမိဘများအတွက် အခွင့်ထူးကြီးပင်ဖြစ်သည်။

ကလေးများ စိတ်မလေလွင့်အောင် ထိမ်းထားပေးနိုင်သည်၊ သို့မဟုတ်က .. မီးကောင်ပေါက်အရွယ် သူငယ်ချင်းများနှင့် လျှောက်လည်တတ်ကြသည်။
နွေရာသီမှာ ကလေးများအတွက် အခြား အကသင်တန်း၊ ရေးကူးသင်းတန်း၊ ဘာသာစကားသင်တန်း၊ တေးဂီတ သင်တန်း ၊ စသည်ဖြင့်  သင်တန်းများစွားလည်းရှိပါသည်။ ထိုသင်တန်းများက အခကြေးငွေပေးရတတ်ပြီး ၊ ဘုန်းတော်ကြီးကျောင်လို တစ်နေကုန်တာဝန်မယူ ၊ကလေးများသင်တန်းပီးအောင် မိဘက ထိုင်စောင့် နေရတတ်သည်။

ခါတိုင်းနှစ် နွေရာသီ သင်းတန်းမှာ ၊ ကလေးများအား သင်တန်းပြီး လျှင် ဆော့ကစားစေသည်။ မိမိ ကြိုက်သက်ရာ အပြင်မျက်ခင်းပြင်မှာ ဆော့ကစားစေခြင်း၊ ကျောင်းတွင်းမှာ  ကွန်ပျူတာဂိမ်း ဆော့ကစား စေခြင်း စသည်များပါဝင်သည်။
စကားစပ်၍  သင်ကြားမှု အပိုင်းကို ပြောပါဦးမည်…၊

ကလေးများ စာသည်ဆိုသော်လည်း၊ အဓိက … ဆရာ/ကျောင်းသား အတူ သင်ကြားသော စနစ်ကို ကျင့်သုံးပါသည်။ မြန်မာစာသင်သည်ဆိုသော်လည်း …၊ ကလေးများအတွက် အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်တော်များကို ကလေးများကိုယ်တိုင် လေ့လာစေပြီး ၊ ကလေးများ မသိ၍ မေးလာသော မြန်မာ ဝေါဟာရကိုသာ စာရေးသူက အကူအညီပေးပါသည်။ 

ဤသို့ သင်ကြားခြင်းဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ..၊ မြန်မာစာကိုလေ့လာရင်း..၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု ကိုလည်း သင်ကြားပေပြီးဖြစ်ပါသည်။

ခဏအားလပ်ချိန်…
စာရေးသူ  ကွန်ပျူတာ တစ်လုံးဖြင့် အလုပ်ရှုပ်နေခိုက် .. တပည့်ကလေးတစ်ယောက်က
“ဘုန်းဘုန်း တပည့်တော် ကွန်ပျုတာ ဂိမ်းကစားလို့ရလား”
ခါတိုင်းဆို .. သင်တန်းပြီးချိန်မှာ ကလေးများကို ကွန်ပျူတာပေးဆော့တတ်ပါသည်။
“မရးဘူး.. ငါအလုပ်တွေရှုပ်နေတယ်”
“ဘာတွေလဲ  ခဏလောက်တော့  ကွန်ပျုတာ ဂိမ်း ကစားပါရစေနော်”
“နိုး ..းနို… နိုး”
ဒီလိုစကားပြောရင်း တပည့်က အနီးနာကပ်လာပြီး  စာရေးသူ ကြည်နေ့သော မြန်မာနိုင်ငံက ရေးဘေး ဒုက္ခနေသော လူ၊တိရစ္ဆာန်ဓာတ်ပုံတွေကို တွေ့သွားပါသည်။
ကျွဲများ ခေါင်းလောက်သာပေါ်ပြီး ရေးကူနေရပုံ
ခွေးကလေးများ အိမ်ခေါင်မိုးရောက်နေပုံ
ဝက်ကလေးများ ..ဘေးလွတ်ရာ သယ်ဆောင်နေပုံတွေကို သူ အထူး စိတ်ဝင်စားစွာ ကြည့်နေသည်။
ပြီးနောက် တပည့်က
“ဘုန်းဘုန်း အဲဒါ ဘာဖြစ်တာလဲ” တဲ့
အေး..အဲဒါ တို့မြန်မာပြည်မှာ မိုးတွေ …ရွာလွန်းလွန်းလို့..  တောင်ကျရေးတွေများ၊ ဆည်တွေရေလျှံပြီး  ကျေးရွာက လူတွေ ဒုက္ခရောက်နေတာ
အဲဒါ .. ကနေဒါရောက်နေတဲ့ မြန်မာတွေက စုပေါင်းပြီး  ကူညီလို့ရအောင်လို့  အင်တာနက်မျာ ဒီပုံတွေကို မျှဝေပေးနေတာ
“အင်း… အဲဒါဆို ရွာက ခလေးတွေကော ဒုက္ခရောက်မှာပေါ့နော်…”

“အင်းပေါ့..ရေးကြီးတယ်ဆိုမှာတော့  ကလေး၊လူကြီး အဘိုး၊အဘွား တိရိစ္ဆာန် သတ္တဝါအားလုံး ဒုက္ခရောက် ကျတာပေါ့ “
“အဲဒါဆို ဘုန်းဘုန်း တပည့်တော်လို အရွယ် ကလေးတွေကော ပါမှာပေါ့နော်”
ပါတာပေါ့ .. မွေးကင်းစကလေးတွေကောပေါ့.. ၊ခုတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ  ခိုလှုံစရာ နေရာအဖြစ် ခဏတည်းခိုနေကြပါတယ်။
တပည့်နှင့် မြန်မာပြည်က ခလေးငယ်တွေ ဒုက္ခရောက်ကြောင်း  စကားပြောရင်း..  တပည့်လေးက..
တပည့်တော်မွေးနေမှာ အမေဝယ်ပေးထားတဲ့  အဝတ်အစားတွေရှိတယ် ၊ အဲဒါတွေကို  မြန်မာပြည်က ရေဘေး သင့် ကလေးတွေအတွက် ပေးလှူလို့ရမလား
စာရေးသူမှပြုံးလျှက် ..ဘာပြောရမှန်းမသိဖြစ်သွားတယ်.. ခဏလောက်စဉ်စားပြီး…တပည့်ရေ ..အဝတ်အစားတွေက ၊ ကနေဒါက ပို့ရတာ သိပ်ဝေးတယ်၊မြန်မာပြည်တွင်းမှာလည်း ပရဟိတအဖွဲ့ တွေက ၊အဝတ်အစား၊စားသောက်စရာ၊ ရေစသည်တွေကို အလှူပေးနေတယ်။
ခု ငါတို့ လောလောဆယ် ကောက်ခံနေတာက သူတို့ ရေရှည်အသုံးပြုဖို့အတွက် အလှူငွေ ကောက်ခံ နေတာ
“ဟုတ်လား ဘုန်းဘုန်း  ဘယ်လောက်လှူရမှာလဲ”
ဘယ်လောက်ရယ် မဟုတ်ပါဘူး နောက်တစ်ပတ် ဈေးရောက်ပွဲမှာ မုန့်ဝယ်စားလည်းရတယ်။

တတ်စွမ်းသမျှ မုန့်ဖိုးထဲ ၅-ဒေါ်လာ  ၁၀-ဒေါ်လာလည်း လှူလို့ရတယ်။
အဲဒီလို စကားပြောပြီး တပည့်တစ်ယောက်  ကွန်ပျုတာ ဆော့ဖို့ ခွင့်မတောင်းတော့ပဲ အပြင်မှာပဲ
အခြားကလေးများနှင့်  အတူသွားဆော့နေပါတော့သည်။
နောက်တစ်နေ… နေ့လည် တစ်နာရီ..
တပည့်အယောက်  ဘုန်းကြီးကျောင်းကို  အစောကြီးရောက်နေသည်။
ဘုန်းကြီးကျောင်းကို ရောက်ရောက်ချင်း  ဘုရားဦးချကာ
စာရေးသူဆိရောက်လာတယ်။ တပည့်က စာအိပ်လေး တစ်ခုကို လက်နှစ်ဖက် သေးချာ ကိုင်ပြီး ဘုန်းဘုန်းကို လာကပ်သည်။

“အဲဒါဘာလဲ  “
“အဲဒါ မြန်မာပြည်ရေးဘေး  ကယ်ဆယ်ရေးအတွက်ပါဘုရား “
“မင်းက ဘယ်ကရတာလဲ”
“တပည့်တော် မွေးနေ့တုန်းက အမေက ပေးထားတဲ့ ငွေကို စုထားတာပါ့ဘုရား”
တပည့်နှင့် စကားပြောရင် စာအိပ်ကလေးကို ဖောက်ကြည့်လိုက်တော့
၂၅- ဒေါ်လာ
သာဓု… သာဓု…သာဓု…
ကနေဒီယန်  ၂၅- ဒေါ်လာဟာ  ကနေဒါမှာ
အများကြီး အသုံးမဝင်ပေမယ့်… လောလောဆယ် ရေးဘေးဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ အတွက်တော့  အဓီက လိုအပ်နေတဲ့  ထမင်းတနပ်စာ ၊  သောက်ရေတစ်ဗူး ၊  အဝတ်တစ်ထည်စာ
အကူအညီဖြစ်သွားပါတယ်ဆိုတာကို တွေးတေား ကြည်နှုးမိရင်း…
ဗုဒ္ဓရံသီဆရာတော်၊ ဗန်ကူးဘား

No comments:

Followers

My Blog List