Monday, February 23, 2015

ကျေးလက်ဒေသဖွင့်ဖြိုးရေး ပထမတ်အတွေ့အကြုံရှုင်းလင်း

Feb 19 ရက်နေ့က ၊ ကနေဒါစင်တာလူမှုရေးအသင်း ဗဟိုအလုပ်အမှုဆောင်များ…၊  ကနေဒါသို့ ကောင်းမွန်စွာပြန်လည်ရောက်ရှိလာပါသည်။

ကနေဒါစင်တာဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ၊ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာ တည်ရှိရာ ၊ ကျောက်ပန်းတောင်းမြို့နယ် သနပ်ပင်ရွာသို့ သွားရောက်ခါ ဒေသခံများဖြင့် တွေ့ဆုံးပြီး
*အသက်ကြီးရွယ်အိုများအတွက် ဆေးဝါးထောက်ပံ့မှုများ
*ကနေဒါစင်တာဖြစ်မြောက်ရေးအတွက် ပထမကြိမ် မ, တည်အလှူငွေများ
*ကျောင်းသားများအတွက်  ပညာရေးထောက်ပံ့မှုများ
*ထူးချွန်ကျောင်းသားများအတွက် ၊ ထူးချွန်ဆုများကို ကိုယ်တိုင်ကိုယ်ကျ ပေးလှူဒါန်းခဲ့ကြပါသည်။

ဗဟိုအလုပ်အမှုဆောင်များ၏ အတွေ့အကြုံရ ..   ၊ကနေဒါစင်တာ တည်ဆောက်မည့် နေရာသည် ၊ ကားလမ်း၊
ရထားလမ်း မပေါက်သောကြောင့် အလွန်ဝေလံခေါင်းပါးကြောင်း၊   ဒေသဖွင့်ဖြိုးတိုတက်ဖို့နှင့် ပြည်ပရောက် အလှူရှင်များ သွားရောက်ဖို့  လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေကြောင်း  လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ဆောင်သင့်ကြောင်း အကြံပြုလာပါသည်။

သို့ပါသောကြောင့် ဒေသရှိ ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ ကနေဒါစင်တာ လူမှုရေးအသင်းအနေနှင့်  လမ်းပန်းဆက်သွယ်ရေးလည်း တတ်နိုင်သရွေ့  လုပ်ဆောင်ဖို့ရှိပါသည်။

၂၀၁၅- ၂၀၁၈- စီမံကိန်းအရ ..၊ ကနေဒါစင်တာ အဆောက်အဦး ပြီးမြောက်အောင် ဆောင်ရွက်ဖို့ရှိပါသည်…၊ အခါအားလျှော်စွာ အလှူရှင်များ ပေါ်ပေါက်ပါက …၊  လမ်းပန်းဆက်သွယ်ရေးကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ရှိပါသည်။

လောလောဆယ် ကနေဒါစင်တာလူမှုရေးအသင်းမှ ကျေးလက်ဒေသ ဖွင့်ဖြိုးရေးအတွင် လှူဒါန်းပြီးငွေ နှင့် လက်ရှိငွေတို့ကို စာရင်းဇယားတွင် ဖော် ပြထားပါသည်။

သို့ပါကြောင့် .. ပြည်တွင်း/ပြည်ပမှ အလှူရှင်များ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေးအတွက် အားလုံး ဝိုင်းဝန်ကူညီကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်
အရှင်ဃောသက( ကနေဒါ)
၆၀၄ ၂၀၇ ၀၀၆၈
ကနေဒါစင်တာဖြစ်မြောက်ရေး ဦးဆောင်ဆရာတော်

ဒေါ်ဝင်းဝင်းချို  ( ရန်ကုန်)
ကနေဒါစင်တာဗဟိုအလုပ်အမှုဆောင်
ဖုန်း ၉၅ ၉ ၅၀၃၀ ၂၄၅

No comments:

Followers

My Blog List