Monday, February 23, 2015

မြတ်ဗုဒ္ဓ၏ သာသနာပြုလမ်းစဉ်များ

သာသနာပြုရဟန်းတော်များအနေဖြင့် လူဆိုး လူကောင်း ၊ ဆင်းရဲ ၊ချမ်းသာ ၊ အဖြူ အမဲ မခွဲခြားပဲ သတ္တဝါများ အကျိုးစီးပွားကို ဆောင်ရွက်သင့်ပါသည်။
------------------------------------------------


မြတ်စွာဘုရာလက်ထက်က သာဝတ္ထိပြည် ပရောဟိတ်အမတ်၏သား တက္ကသိုလ်ကျောင်းသား လူငယ် အင်္ဂုလိမာဆိုသော ကျောင်းသားတစ်ယောက်ရှိခဲ့သည်။
သူသည် ရိုးသား၊ ကြိုးစား ဖြောင့်မတ်၍ ဆရာနှင့်ဆရာကတော်တို့၏ လွန်စွာ ချစ်ခင်မြတ်နိုးခြင်းကို ခံရသူဖြစ်သည်။

သို့သော်လည်း မနာလို ဝန်တိုတတ်သော အခြားကျောင်းသားတို့က  တိုက်ကြသောကြောင့် ဆရာနှင့်ဆရာ ကတော်တို့ အထင်မှားခြင်းကို ခံရလေသည်။  ထို့ကြောင့်  သူများသတ်၍ သေစေလိုသော ဆရာကြီးသည် အင်္ဂုလိမာလအား  လူတစ်ထောင်သက်နိုင်မှ ပညာအကျိုးမေးမည်း” ဟု ပြောဆိုစေခိုင်းလေသည်။

သူသည် သာဝတ္ထိနယ်တစ်ဝိုင်မှာ တောပုန်းဓာပြလုပ်၍ တောသို့ လာသူ လူများကိုသတ်ကာ လူတစ်ယောက်လျှင် လက်တစ်ချောင်းကြဖြတ်၍ ပန်းလို ကုံထားသောကြောင့် “ အင်္ဂုလိမာလ” ဟု ထင်ရှားသည်။

တစ်ထောင်ပြည့်ဖို့ တစ်ယောက်သာ လိုသောနေ့၌ သားကို တောင်းပန်ရန်ထွက်သော မိခင်ကိုပင် သတ်မည်ဟု ကြံရွယ်နေသော အင်္ဂုလိမာလကို မြတ်ဗုဒ္ဓဥာဏ်တော်၌ မြင်တော်မူ၍  ကြိုတင်ကာကွယ်ရန် အင်္ဂုလိမာရှိရာသို့  မြတ်ဗုဒ္ဓကြွတော်မူလေသည်။

အင်္ဂုလိမာလသည် ၊ဒေါသအမှောင်၊ မောဟအမှောင်ဖုံးနေ၍  ဗုဒ္ဓကိုပင် ကယ်တယ်မည့်သူဟု မမြင်နိုင်ဘဲ  သတ်ဖို့လိုက်လေတော့သည်။ သို့သော်လည်း မြတ်ဗုဒ္ဓတန်ခိုးကြောင့်  လိုက်၍ မမှီပါ။
 ထိုအခါ အင်္ဂုလိမာလက .. ဟေ.. မပြေးနဲ့ ရပ် ဟု ဒေါသမာန်နှင့် နောက်ကလိုက်တော့၏
ဗုဒ္ဓက..  ‘အဂုင်္လိမာလ … ၊ ငါမပြေဘူး ရပ်နေတာ.. ပြေနေတာက မင်း ဟု ပြောလိုက်၏’
ထိုအခါ အင်္ဂုလိမာလက မြတ်ဗုဒ္ဓအား မုသာဝါဒဖြင့် စွတ်စွဲလို၍  .. ‘အသင်က မပြေးဘူး ရပ်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ’ ဟု မေးခွန်းထုတ်၏
ဒငါက  မပြေးဘူး ရပ်နေတယ်ဆိုတာက ငါ့သန္တာန်က လောဘ၊ဒေါသ၊မောဟတွေ ၊
 မရှိတော့၍ ၊ငါက မပြေးဘူး ရပ်နေသူ’ ဟု ဆိုခြင်းဖြစ်၏။

သင်က ပြေးနေသူ ဟု ဆိုခြင်းမှာ…
သင့်သဏ္ဍာန်မှာ လောဘ၊ဒေါသ၊မောဟတွေ ရှိနေသေး၍ ..၊ပြေးနေသူ ဟု ဆိုခြင်းဖြစ်၏ ဟု
တရားဟောကြား ရာ နောက်ဆုံးတွင် တရားထူးရ၍ ၊ ရဟန်းပြုလေသည်။
ကျမ်းညွှန်း ၊ဗုဒ္ဓဝင်

No comments:

Followers

My Blog List