Monday, January 19, 2015

ကနေဒါစင်တာ

မြန်မာနိုင်ငံ ၊ ကျေးလက်ဒေသ ဖွင့်ဖြိုးရေးအတွက်  ကနေဒါစင်တာ တည်ဆောက်မည်ဆိုသော သတင်းကြောင့် ရပ်ဝေးရပ်နှီးမှ မိတ်ဆွေများ တော်တော်စိတ်ဝင်စားမှုရှိလာပါသည်။ 

စိတ်ဝင်စားသည့်အလျှောက် ပရဟိ၊ လူမှုထောက်ပံ့ရေးကို စိတ်ဝင်စားသော မိတ်ဆွေများလည်း ဖုန်းဖြင့်တဖုံး၊ စာဖြင့်တမျိုး အမျိုးမျိုးဆက်ပြီး  ပါဝင်လှူဒါန်းမှုများ ပြုလုပ်ကြပါတယ်။

ရည်ရွယ်ချက်ချက်

စားရေးသူတို့ ကနေဒါစရောက်ကတည်းက  နောက်ပိုင်းမှ ရဲဘော်ဟောင်းများ၊ မိတ်ဆွေများ၊ ဒေသအသီးသီးရှိ ပရဟိတဂေဟာများ ၊ ဦးကျော်သူဦးဆောင်သော နာရေးကူညီမှုအသင်းများ ၊  နာဂစ်မုန်းတိုင်း ထိရာ ဧရာဝတီ တိုင်းဒေသ ၊လက်ပန်တောင်းတောင်အရေးအခင်း၊ မိတ္ထိလာ အရေးအခင်း၊ ရခိုင်းအရေးအခင်း စသည်ဖြင့်  ကနေဒါရောက်မြန်မာများ စုပေါင်းလှူဒါန်းခဲ့သည်မှာ ယနေ့ထက်ပင်ဖြစ်ပါတယ်။

ထိုကဲ့သို့ကိစ္စများ ပေါ်ပေါက်လာက ..၊ မိမိတို့နေရာဌာန စင်တာ သီးခြားမရှိသည့်အတွက် ဆက်သွယ်လှူဒါန်း ရန်မှာ အခက်အခဲများစွာရှိပြီး၊ အလှူရှင်များမှာလည်း   ကျေးနပ်အားရမှု နည်းပါးသည်းကို လေ့လာတွေ့ရှိရပါတယ်။

သို့ပါသောကြောင့် ..  ကနေဒါရောက်မြန်မာများ၏ သမိုင်းမှတ်တိုင်း တစ်ခုဖြစ်စေရန် စာရေးသူ ကွယ်လွန်သူ မိခင်ကြီး လှူဒါန်းထားခဲ့သော မြေနေရာတွင်
 ကျေးလက်ဒသဖွင့်ဖြိုးရေး ကနေဒါစင်တာ တည်ဆောက်ရန်
  ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

ကနေဒါဓမ္မာရုံ..

ကနေဒါရောက်မြန်မာများအတွက်လည်းကောင်း၊ ကနေဒီယန်များအတွက်လည်းကောင်း အခေါ်အဝေါ်လွယ်ကူစေရန် ‘ကနေဒါစင်တာ’ဟု  အမည်ပေးထားသော်လည်း ၊ မြန်မာတို့ ကျေးလက်ဒေသ အခေါ်အားဖြင့် ‘ကနေဒါ ဓမ္မာရုံ’ ဟုလည်း ခေါ်ဝေါ်နိုင်ပါသည်။

ဤကနေဒါစင်တာပြီးမြောက်သွားပါက..  ဤစင်တာတွင့် အနီနာတစ်ဝိုက် ကျေးရွာပေါင်း (၁၀) ရွာ၏ သာရေး၊ နာရေးအတွက် အားထားရာ နေရာတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

ရက်တိုသင်းတန်းများ

၂၀၁၅-ခု မေလပိုင်းတွင်  ၊ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်မှ ဒေါက်တာ အရှင်နန္ဒဝံသ ဦးဆောင်၍  ။ လူကြီး ၊လူငယ် အတွက် ရက်တိုသင်တန်းပို့ချပေးမည်ဖြစ်ပါသည်။

နောက်ပိုင်းတွင်လည်း ကျေးလတ်ဒေသ၏ လိုအပ်ချက်များကို လေ့လာ၍ ကျေးလက်ဒေသ ရပ်မိ ရပ်ဖများနှင့် တိုင်ပင်ကာ ၊ ကျေးလက်ဒေသ ဖွင့်ဖြိုးရေးကို  ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။

No comments:

Followers

My Blog List