Saturday, December 13, 2014

ကနေဒါစင်တာမြန်မာ




ကနေဒါနိုင်ငံသို့  အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသော ၊ မြန်မာတိုင်းရင်းသားများ  ကနေဒါရှိ မြို့နယ်အသီသီးတွင် အမြောက်အများပင်ရှိပါသည်။
တိုင်းတစ်ပါးသို့ ရောက်စ နှစ်များတွင် ဘာသာစကား ၊ယဉ်ကျေးမှု ၊ ဓလေ့ထုံးစမ်းများ ကွားခြားသည့်အတွက် ရောက်ရာဒေသရှိ ယဉ်ကျေးမှုများနှင့် အန်ဝင်ကွင်ကြ ဖြစ်အောင်  အတော်ပင်လုံးလစိုက်ထုတ်ရပေသည်။

တိုင်းတစ်ပါးတွင် ဆယ်စုနှစ်ကျော်လာသောအခါ လူတို့ရဲ့ထုံးစံအရ မွေးရပ်မြေကို သတိရလာကြသည်၊ တချို့အလည်အပတ်ပြန်၍ ဘိုးဘွားမိဘ ဆွေမျိုးမောင်နှမများနှင့်တွေ့ကြ ၊ တချို့ ကုသိုလ်ဒါနပြုကြရင်းဖြင့် မြန်မာပြည်ကို အလည်အပတ်ပြန်ရောက်ဖြစ်ကြသည်။

ခေတ်မှိ ဖွင့်ဖြိုးတိုးတက်သော တိုင်းပြည်တွင်နေရသောအခါ၊ ဖွင့်ဖြိုးမှု နောက်ကျနေသော
  မွေးရပ်ဇာတိအား သတိရလာကြသည်၊ ကူညီလိုစိတ်များ ပေါက်ဖွားလာကြသည်။
ဥာတကာနဉ္စ သင်္ဂဟော ဟူဟော မြတ်ဗုဒ္ဓမင်္ဂလာတရားတော်နှင့်အညီ ဆွေးမျိုးများအား ကူညီထောက်ပံ့လိုစိတ်များတဖွားဖွား ပေါ်ပေါက်လာခဲ့ကြသည်။

ရှေးသူကြီးများဆုံးမ စကားတွင် “မိမိမွေးရပ်ဇာတိကို မမေ့စကောင်း မှတ်သားဖူးပါသည်။ ဗုဒ္ဓတရားတော်များတွင်လည်း “ကတညုတ  ကတေဝေဒီ ပြူဖူးသော သူ၏ ကျေးဇူးကို မမေ့ကောင်းဟု ဟောကြားထားပါသည်။
မြန်မာပြည်သည် ငယ်စဉ်တောင်ကြေး ကလေးဘဝက  သောက်ခဲ့ စားခဲ့ဖူးသော ၊နေခဲ့ဖူးသော ကျေးဇူးများကား ရှိထားပါသည်။ ကျေးဇူးတရားကို သိသောအားဖြင့် ကနေဒါရောက် မြန်မာများ အခွင့်အခါအားလျှော်စွာ လှူဒါန်းမှုများ ပြုလုပ်ကြပါသည်။

သို့သော်လည်း အားလုံးစုပေါင်းညီညာစွာ ပြုလုပ်ခြင်းမဟုတ်သောကြောင့်   သမိုင်းမှတ်တမ်းမတင်နိုင်ခဲ့ပါ။
 ၂၀၁၄-ခုနှစ် အောက်တိုဘာလ ၊  သီဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ ၊ ကနေဒါနိုင်ငံ ကြွလာစဉ်က “ ရောက်တဲ့နေရာမှာ ခြေရာကျန်စေရမယ် ဟု ဆရာတော်မှ မိန့်ကြားသွားပါသည်။
ဆရာတော် သြဝါဒအတိုင်း.. မွေရပ်ဇာတိမြေတွင် သမိုင်းမှတ်တိုင် ကျန်ရစ်စေရန်.. ကနေဒါရောက် မြန်မာများစုပေါင်း၍ မြန်မာပြည်တွင် “ ကနေဒါစင်တာ တည်ဆောက်ရန်  ကြိုးစားလုပ်ဆောင်နေပါပြီ။

တစ်ယောက်အားနှင့်ယူသော်မရ ၊တစ်သောင်းအားနှင့်ယူသော်ရ၏ ဆိုသကဲ့သို့ ကနေဒါရောက် မြန်မာများအချင်းချင်း အားပေးကူညီခြင်း၊ ညှိနိုင်းတိုင်ပင်ခြင်း၊ စုပေါင်းဆောင်ရွတ်ခြင်းဖြင့်  မိမိမွေးရပ်မြေ မြန်မာပြည်အား  အားလုံးဝိုင်းဝန်း ထောက်ပံ့ကူညီသွားကြဖို့ တိုက်တွန်းနိုးဆော်အပ်သည်။

ကနေဒါစင်တာဖြစ်မြောက်ရေးအဖွဲ့
ဗုဒ္ဓရံသီဆရာတော် 604 207 0068
ဦးစိန်ထွန်း 604-816- 3083
ကိုတင်နွယ် 604 817- 1693
ဒေါ်ဝင်းဝင်းချို (မြန်မာ) 095030245

မြန်မာပြည်၌ကနေဒါစင်တာတည်ဆောက်မည်
**************************************
ကနေဒါနိုင်ငံ၊ ဗန်ကူးဘာမြို့ ဗုဒ္ဓရံသီဆရာတော်၏ မယ်တော် ဘဝတစ်ပါး ပြောင်းသွားသည်မှာ တစ်လ တိတိရှိသွားပြီဖြစ်ပါသည်။
ဒီဇင်္ဘလာ () ရက်နေ့တွင် ရန်ကုန်မြို့ ညီတော်မောင်အိမ်၌ သံဃာ((၁၀)ပါးပင့်၍ တစ်လပြည့် ဆွမ်းဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ပါသည်။ဘဝတစ်ပါးပြောင်းသွားသော မယ်တော်ကြီးလည်း
ကောင်းရာသုဂတိရောက်ပါစေဟု ဆုတောင်း မေတ္တာပို့အပ်ပါသည်။
တစ်လပြည့် ဆွမ်းလှူပွဲတွင် မယ်တော်ကြီး၏ ဆန္ဒအရ ကျန်ရစ်သူ ညီအစ်ကိုမောင်နှမများမှ .. မယ်တော်ကြီး ထားခဲ့သောအိမ်နှင့် မြေအကျယ် ပေ ၁၅၀× ၆၀ ခန့်ရှိသော ခြံဝန်းကို ကျေးလတ်ဒေသ ဖွင့်ဖြိုးရေး၊ အမျိုး၊ဘာသာ၊သာသနာစောင့်ရှောက်ရေးအတွက် လှူဒါန်းခဲ့ပါသည်။

မယ်တော်ကြီးလှူဒါန်းထားခဲ့သော မြေနေရာတွင် ကျေးလတ်ဒေသဖွင့်ဖြိုးရေးအတွက် ကနေဒါနိုင်ငံရောက် ဗုဒ္ဓရံသီဆရာတော်ဦးဆောင်၍ ကနေဒါရောက် မြန်မာများစုပေါင်းကာ ကနေဒါရောက် မြန်မာလူမျိုးများ၏ အမှတ်သင်္ကေတ သမိုင်းမှတ်တိုင်အဖြစ်ကနေဒါစင်တာတည်ဆောက်ရန် ရည်ရွယ်ထားပါသည်။
ကနေဒါစင်တာတည်ဆောက်မည့်နေရာသည် မန္တလေးတိုင်း ၊ကျောက်ပန်တောင်းမြိုနယ်၊ သနပ်ပင်ရွာတွင် တည်ရှိသည်။
နေရာအနေအထားမှာ.. မန္တလေးနှင့် -နာရီခန့် ကားမောင်း၍ ရောက်နိုင်ပြီး မြန်မာရှေးဟောင်း အမွေအနစ် ပုဂံ၊ညောင်ဦ်းနှင့် () နာရီခန့် ကားမောင်း၍ ရောက်နိုင်သည်။ အညာဒေသတွင် အိုအေစစ် ဖြစ်သော ပုပ္ပါးနှင့် တစ်နာရီခွဲခန့် ကားမောင်း၍ ရောက်နိုင်သော နေရာတွင် တည်ရှိသည်။

ထိုကနေဒါစင်တာတွင်..
ကျေးလတ်ဒေသ ဖွင့်ဖြိုးရေး စာကြည့်တိုက်
***********************************
မင်တော်ကြီး ဘဝတစ်ပါး မပြောင်းခင်ကတည်းက အိမ်ရှေ့ ပေ (၂၀) ပတ်လည်ခန့် စာကြည့်တိုက် လှူဒါန်းထားပြီးဖြစ်ပါသည်။ ကနေဒါစင်တာတည်ဆောက်ပြီးသောအခါ .. ထိုစာကြည့်တိုက်လေးကို ကနေဒါစင်တာတွင် ၊အဆင့်မြင့်ပြောင်းရွေ့မည်ဖြစ်ပါသည်။

ကျေးလတ်ဒေသ ပညာရေးမြှင့်တင်ရေး ဌာန
**************************************
ကနေဒါစင်တာ တည်ဆောက်ပြီးသောအခါ
ကျေးလတ်ဒေသမှ ကျောင်းသာများ တစ်နေရာတည်းတွင် စာအတူကြည့်နိုင်မည်ဖြစ်ပြီး၊ စာကြည့်နိုင်ရန်အတွက် မီးရရှိရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အခါအားလျှောက်စွာ၊စာပေဟောပြောပွဲများ၊ ကျောင်းသားများ လိုအပ်ချက် .. သင်ထောက်ကူ ၊ကျောင်းဆရာနှင့်၊စာအုပ် စာတန်းများ ပံ့ပိုးသွားမည်ဖြစ်ပါသည်။

ကျေးလတ်ဒေသ ကျန်းမာရေး
**************************
လောလောဆယ် ကျေးလတ်ဒေသတွင် ကျေးလတ်ဆရာဝန်များရှိသော်လည်း ဆေးဝါး ပြည့်စုံမှု မရှိဖြစ်နေပါသည်။ကနေဒါစင်တာ တည်ဆောက်ပြီးပါက ကျေးလတ်ဒေသတွင် လိုအပ်သော ဆေးဝါးများ လှူဒါန်းသွားမည် ဖြစ်ပါသည်။

ကျေးလတ်ဒေသ သာရေး၊ နာရေး
****************************
ကနေဒါစင်တာ တည်ဆောက်ပြီးပါက ကျေးရွာတွင် မရှိဆင်းရဲသားများအတွက် စုပေါင်းရှင်ပြုပွဲများ ပညာရေး ထောက်ပံမှုအစီအစဉ်များ၊ မပြည့်စုံသော အဘိုးအသွားများ ဆုံးပါးသွားပါက လိုအပ်သလို ကူညီထောက်ပံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
သို့ပါသောကြောင့် ကနေဒါနိုင်ငံသို့ရောက်ရှိနေသော အမိမြန်မာပြည့်ကို ကူညီထောက်ပံ့အားပေးလိုသော မိတ်ဆွေများ ကုသိုလ်ပါဝင်နိုင်ကြောင်း နိုးဆော်တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်
ဗုဒ္ဓရံသီဆရာတော် 604 207 0068
ဦးစိန်ထွန်း 604-816- 3083
ကိုတင်နွယ် 604 817- 1693
ဒေါ်ဝင်းဝင်းချို (မြန်မာ) 095030245


No comments:

Followers

My Blog List