Sunday, December 14, 2014

2014-နှစ်ပတ်လည်အစီအရင်ခံစာ


မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် ဓမ္မမိတ်ဆွေများနှင့်အတူ ပြည်ပတိုင်းပြည်မှာ မျိုးဆက်သစ်များ  ဘာသာပျောက်မသွားစေဖို့၊  ပြည်ပတိုင်းပြည်မှာ မိမိတို့၏ ဗုဒ္ဓဘာသာတရားများ နှလုံးသားမှာ ဆက်လက်တည်တံ့စေဖို့ ဆရာ/ ဒကာလက်တွဲ ပူးပေါင်းဆောက်ရွက်လာသည်မှာ  ၅-နှစ်သို့ပင် တိုင်ခဲ့လေပြီ…၊
၅- နှစ် အတိုင်းအတာ၏ မှတ်တမ်းစာအုပ်ကို ပြန်လှန်ကြည့်လိုက်သော် မိမိတို့ စုပေါင်းညီညာစွာဖြင့်   ပြည်တွင်း၊ပြည်ပ  အမျိုးဘာသာ၊သာသနာအတွက် လှူဒါန်းမှု၊ကောင်းမှုအသီးသီးမှာ  ကနေဒီယန်ဒေါ်လာ  ၄-သိန်းနီးပါးအထိရှိသွားပြီ ဖြစ်ပါသည်။
 
၂၀၁၄-ခုနှစ်
လှူဒါန်းမှု အသီးသီးကို သာဓုခေါ်နိုင်ရန် ပြန်လည်တင်ပြရသော်…
ဇန္နဝါရီလတွင်နှစ်သစ်ကူးဆုတောင်းပွဲနှင့်ဖော်ဖော်ဝါရီလတွင် ၊ မြန်မာရိုးရာ ထမနဲပွဲများကို ကျင်းပပြုလုပ်ခါ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

မတ်လတွင်
 ပျော်ပျော်ပါးပါး မြန်မာပြည်အလွမ်းပြှေနိဗ္ဗာန်ဈေးပွဲတော်ပြုလုပ်ခဲ့ပြီး၊ ဧပြီလတွင်  မြန်မာတို့၏ ရိုးရာမပျက် ၊ သင်္ကြန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

 မေလတွင် ထူးထူးခြားခြားကဆုန်လပြည့်ဗုဒ္ဓနေ့၌  မြတ်ဗုဒ္ဓတစ်ထောင်ပုံတော်တို့အား 
၁) ဆီမီးတစ်ထောာင်
၂) ပန်းတစ်ထောင်
၃) သစ်သီးတစ်ထောင်
၎) ပန်းတစ်ထောင်
၅) အလှူတော်ငွေနဝကမ္မတစ်ထောင်တို့ဖြင့် စုပေါင်း ပူဇော်ခြင်းအခမ်းအနားကို စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
 
 ထိုမေလအတွင်းမှာပင် ၊ ထိုင်းနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်  ကနေဒါနိုင်ငံသို့ ရောက်ရှိလာ၍   မြန်မာဗုဒ္ဓဘာသာအသင်းတည်ရှိရာသို့ဖိတ်ကြားကာ ၊ ဗန်ကူးဘားရောက်
 မြန်မာမိသားစုများနှင့် တွေ့ဆုံပေးခဲ့ပါသည်။ 

 ဒေါက်တာစင်သီယာမောင်နှင့်အဖွဲ့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခါ ..  မယ်တော်ဆေးခန်းရံပုံငွေ အတွက်ယူဆောင်လာသသော  တီရှပ်များ ဝယ်ယူအားပေးခဲ့ကြပါသည်။

ဇွန်လတွင်
 ကနေဒါနိုင်ငံ၊ ဝင်နီပတ်မြို့တွင် အောင်မင်းခေါင်ဆရာတော် တည်ထားခဲ့သော ကမ္ဘာအေးစေတီ ထီတော်ပျက်စီး နေ သဖြင့် ၊ ထိုင်းဝမ်ဆရာတော်နှင့်တူတကွ  စက်စကာတွန်၊ဝင်းနီပတ်၊ တိုရန်တို ။ဗန်ကူးဘားရှိ မြန်မာများစုပေါင်းကာ ထီးတော် အသစ်တင်လှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
 
ဇူလှိုင်လတွင်
ဗန်ကူးဘားရောက်မြန်မာမိသားစုများ စုပေါင်းရှင်ပြုပွဲကျင်ပရာ ကိုရင် (၃)ပါး သာသနာဘောင်သို့ သွတ်သွင်းနိုင် ခဲ့ပါသည်။ ယခုဆိုရင် .. ဝါဆိုလက ကိုရင်ဝတ်ခဲ့သော ကိုဝင်အောင်ခေါ် ကိုရင်ကြီး ဥတ္တမသည် ၊ ဗုဒ္ဓရံသီဆရာတော်အား ကူညီရင်း  သာသနာ့တာဝန်ကို ဆက်လက်ထမ်းဆောင်လျှက်ရှိပါသည်။

လာမည့်နှစ်များတွင် ရှင်ပြုလိုသော မိသားစုများ  မိမိတတ်အား သဒ္ဓါတရားဖြင့် ရှင်ပြုနိုင်ပြီး သင်္ကန်းပရိက္ခာကို  အသင်းနှင့်အလှူရှင်များ စီစဉ်ပေးနေကြောင်း သတင်းကောင်းပါးအပ်ပါသည်။


နွေရာသီကျောင်းပိတ်ရက်တွင် ၊ ကလေးငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှုများ သင်ကြာပေးပြီး
ဗုဒ္ဓဘာသာယဉ်းကျေးမှု၊စာမေးပွဲကျင်းပပေးရာ ၁၅ ယောက်ပါဝင် ဖြေဆိုခဲ့ပါသည်။ ထို ၁၅-ယောက်တွင် ၄-ယောက်ကို ထူးချွန်ဆုပေးပြီး ၊သင်းတန်းသားများအားလုံးအား သင်တန်းဆင်လက်မှတ်နှင့် ငွေဆုပေးများ ပေးအပ်ခဲ့ပါသည်။
 အောက်တိုဘာလတွင်
ထူးထူးခြားခြား  ပြည်တွင်း/ ပြည်ပသာသနာပြုဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ  ကနေဒါနိုင်ငံသို့ ဓမ္မဒူတခရီးကြွလာခိုက် ၊ မြန်မာဗုဒ္ဓဘာသာအသင်းတည်ရာ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၌  ညနေဆီးဆာတရားပွဲကျင်းပပေးနိုင်ခဲ့ပါသည်။
ဗန်ကူးဘားရောက်မြန်မာမိသားစုများနှင့်မြန်မာဗုဒ္ဓဘာသာအသင်း၏ ဓမ္မပူဇာအဖြစ်အားလုံးစုစုပေါင်း လှူဒါန်းငွေမှာ  ၇-ထောင်ကျော်ဖြစ်ပါသည်။

ထိုအပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးပူးဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲအပြင် ဒီနှစ်တွင် ထူးထူးခြားခြား တဆင့်တက်၍ ၊ ဗန်ကူးဘားရောက် မြန်မာမိသားစုများမှ စာတော်သောကလေးများနှင့်မြန်မာဗုဒ္ဓဘာသာအသင်းအား လုပ်အားပေးဖူးသော တက္ကသိုလ်/ကောလိပ်ကောင်းသားများအား ဗုဒ္ဓရံသီပညာသင်ဆုပေးကို ပေးနိုင်ခဲ့ပါသည်။
သက်ကြီးပူးဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲ၊ ဗုဒ္ဓရံသီပညာသင်ဆုချီးမြှင်းပွဲအတွက် လှူဒါန်းငွေမှာ  ငါးထောင်နီးပါးဖြစ်သည်။
 

အောက်တိုဘာလကုန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပရာ အမေရိကန်နိုင်ငံ၊ အော်ရိဂွန်ပြည်နယ်၊ ပေါ့လန်မြို့မှ သီရိမင်္ဂလာကျောင်းဆရာတော်ကိုပင့်၍ ကထိန်တရားချီးမြှင်းစေခဲ့ပါသည်။ ထိုကထိန်ပွဲတွင် အားလုံးစုစုပေါင်း လှူဒါန်းငွေမှာ တစ်သောင်းကျော်ဖြစ်ပါသည်။

 နိုဝင်္ဘာလတွင် ဗုဒ္ဓရံသီဆရာတော် မယ်တော်ကြီးဆုံးပါသွားသဖြင့် မယ်တော်ကြီး ရက်လည်ဆွမ်းကို ၊ ဗုဒ္ဓရံသီ ကျောင်း၌ ပြုလုပ်ခဲ့ပါသည်။   မယ်တော်ကြီး၏ တလပြည့်ရက်ဆွမ်းတနားရာပွဲတွင် ညီအကိုမောင်နှမများမှ မယ်တော်ကြီးဆန္ဒအတို်င်းမယ်တော်ကြီးထားခဲ့သောမြေနေရာနှင့်အိမ်ကို ၊
 အမျိုး၊ဘာသာ၊သာသနာအတွက် လှူဒါန်းခဲ့ပါသည်။

မယ်တော်ကြီး လှူဒါန်းခဲ့သော မြေနေရာတွင်  ကနေဒါရောက်မြန်မာများ၏ သမိုင်းမှတ်တိုင်အဖြစ် “ ကနေဒါစင်တာ” တည်ဆောက်ရန် မြန်မာဗုဒ္ဓဘာသင်းမှ  တာဝန်ခံများနှင့် ဗုဒ္ဓရံသီဆရာတော်တို့ ပူးပေါင်းလုပ်ဆောင်နေပါပြီ။
လောလောဆယ်  ထိုကနေဒါစင်တာဖြစ်မြောက်ရေးအတွက် လှူဒါန်းငွေ  ၂၅-သိန်းကျော် လက်ခံရရှိပြီးဖြစ်ပါသည်။

ကနေဒါစင်တာ ပန္နက်မချခင်တွင် ၊ ကျေးလတ်ဒေသ ကျန်းမာရေးအတွက် ဆေးဝါးများ တသိန်းကျော်ဖိုး လှူဒါန်းခဲ့ပြီး ၊ ကျောင်းပိတ်ရက်တွင် ကျေးလတ်ဒေသ မျိုးဆက်သစ်လူငယ်များတွက် အင်္ဂလိပ်စာသင်တန်းနှင့် အထွေထွေ ဗဟုသုတ သင်တန်း ဖွင့်ရန် စိစဉ်နေပြီပါပြီ ၊ စေတနာဝန်ထမ်းများ၊ ကုသိုလ်ပါဝင်လိုသူများကိုလည်း  လက်ကမ်း ကြိုးဆိုပါသည်။

အချုပ်ဆိုရသော်… ၊မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ သာသနာပြုသက်တမ်း တိုးတောင်းလှသော်လည်း ၊ ဆရာ/ဒကာလက်တွဲကာ တက်ညီလက်ညီ ပူတွဲဆောင်ရွက်မှု၏ အောင်မြင်မှုမှာ အံ့ဖွယ်ရာပင်ဖြစ်ပါသည်။

နောင်အနာဂတ်နှစ်များမှာလည်း ယခုကဲ့သို့  ဆရာဒကာလက်တွဲညီကာ တက်ညီလက်ညီ ဆောင်ရွက်ခြင်းဖြင့်  ၊ မိမိတို့ရည်မှန်းချက်များ အောင်မြင်မှာဖြစ်ပြီး ..၊ ချမ်းသာရာအစစ် မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း အတူတက်လှမ်းနိုင်မှာ ဖြစ်ကြောင်း
၂၀၁၄-ခုနှစ် အစီအရင်ခံစာကို တင်ပြအပ်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်း

No comments:

Followers

My Blog List