Tuesday, November 18, 2014

စနေဓမ္မစကြာဝတ်အဖွဲ့

စနေဓမ္မစကြာဝတ်အသင်းရည်ရွယ်ချက်
********************************
“ စည်းလုံးခြင်းသည် အင်းအား”  ဖြစ်သလို တရားတော်များကိုလည်း စုပေါင်းရွတ်ဆိုပွားများ အားထုတ်ခြင်းဖြင့် ဓမ္မစွမ်းအားကို တိုးပွားစေမည်။

“တစ်ဦးဆောင်သော်မရ တစ်သောင်းဆောင်သော်ရ၏” ဆိုသကဲ့သို့ မိမိ၏ ဓမ္မ၌ ပျင်းရိသောစိတ်ကို စုပေါင်းအားဖြင့် ဓမ္မလမ်းကြောင်းပေါ်သို့ တက်ရောက်နိုင်မည်။

တိုင်းတပါးတွင် အလုပ်၌ ပင်ပန်းနွမ်းနယ်သမျှ ဓမ္မ၌မွေ့လျှော်၊ ဓမ္မ၌ပျော်၍ ၊ ဓမ္မမိတ်ဆွေ အချင်းချင်း ဓမ္မစွမ်းအားများကို မျှဝေခြင်းဖြင့်  အချင်းချင်း ပိုမို ရင်းနှီးမှုများ  နားလည်မှုများ ရလာစေမည်။

တရားတော်များကို ရွတ်ဆိုပူဇော်၊နာကြားခြင်းမှ တဆင့် “လောကအသုံးချတရား” အဖြစ် လိုက်နာ ကျင့် သုံးမည်။

မြတ်ဗုဒ္ဓ၏ တရားဦးဒေသနာ ဓမ္မစကြာဖြင့် မြတ်ဗုဒ္ဓအား အပတ်စဉ် စနေနေ့တိုင်း ပူဇော်ပြီး  အဖိုးတန်ရတနာ တရားဒေသနာများကို မပျောက်ကွယ်အောင်  မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း၍ ဆက်လက်ထိမ်းသိမ်း စောင့်ရှောက်မည်။

ထိုမျှတဆင့် မိမိပတ်ဝန်းကျင်၊မိတ်ဆွေ သားသမီးများထံ စစ်မှန်သော ဓမ္မကို မျှဝေမည်။

ဓမ္မစကြာဒေသနာကို စုပေါင်းရွတ်ဆို ပူဇော်ခြင်းဖြင့်  ၊ လောကီ၊ကုတ္တရာ အဖြားဖြာပြည့်စုံ၍ မဂ်၊ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ရည်ရွယ်သည်။

သို့ပါသောကြောင့် စနေနေ့တိုင်း ညနေ (၅) နာရီတွင်  ဗန်ကူးဘားရောက် ဗုဒ္ဓဘာသာမိသားစုများ  ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်၍ ဓမ္မစကြားဒေသနာကို ပူဇော်ခြင်းဖြင့် “ဓမ္မစွမ်းအားများ”ကို တိုးပွားစေအံ့။

ဗုဒ္ဓရံသီဆရာတော်

No comments:

Followers

My Blog List