Tuesday, November 11, 2014

လပတ်အစည်းအဝေး ( နိုဝင်္ဘာလ)

မြန်မာဗုဒ္ဓဘာသာအသင်း၊လပတ်အစည်းအဝေး
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊ Richmond, BC
နိုဝင်္ဘာလ(၉)ရက် ၂၀၁၄ တနင်္ဂနွေ ၂း၀၀နာရီ - ၄း၀၀နာရီ
-----------------------------------------------------------------------
၁) နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေးစတင်ရန်
၂) နာယကဆရာတော်ဘုရားကြီး၏ သြဝါဒ
၃) အလုပ်အမှုဆောင်များနှင့်တာဝန်
၎) ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးရှင်းတမ်းနှင့် official tax receipts များ ထုတ်ပေးရန်
၅) ၂၀၁၅ -နှစ်ပွဲတော်များ နှင့် လပတ်ဆွမ်းအလှူရှင် အပြောင်းအလဲ
၆) စနေဝတ်အဖွဲ့နှင့်၊ Sunday Dhamma School
၇) အထွေထွေ
ဂ) ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုဖြင့် အစည်းအဝေးအဆုံးသတ်ရန်
တက်ရောက်သူများ
၁) ဆရာတော် ဦးဃောသက ၂)ကိုရင်ကြီး ဥတ္တမ
၃) ဦးစိန်ထွန်း ၄) ကိုကျော်မိုးဟန်
၅) ကိုမြင့်ဦး ၆) ကိုတင်နွယ်
၇) မလေးလေးနွယ် ၈) မအေးလွင်မိုး
၉) မမိုးမိုး ၁၀) ကိုညွန့်အောင်
၁၁) မသန်းချို ၁၂) ကိုစန်းလင်း
၁၃) ဦးဂျွန် ၁၄) ကိုကျော်စိုး
၁၅) မခင်လေးမူ

နာယကဆရာတော်ဘုရားကြီး သြဝါဒ
*******************************
ထိုင်ဝမ်၊ကနေဒါ ဆရာတော်ဘုရားကြီး ဦးစီတည်ထောင်ထားသော ကျောင်းများတွင် ကျောင်းရှိ သီတင်းသုံနေထိုင်ကြသည့် သံဃာတော်များ နေ့စဉ်ဆောင်ရွက်ရမည် အချိန်ဇယာကို တင်ပြ၍ ၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၌လည်း ထိုစည်းမျဉ်းအတိုင်း သံဃာတော်များ လိုက်နာရန်နှင့် ကျောင်းတွင် ချိပ်ဆွဲထားမည်ဖြစ်သည်။
ဆရာတော်ဘုရားသည် ထိုင်ဝမ်၊မြန်မာနိုင်ငံတို့၌ ဘုရားစေတီ တည်ထားခြင်းကိစ္စဖြင့် အလုပ်များနေ၍ ဒီနှစ် မကြွရောက်ဖြစ်တော့ပဲ၊ နောက်နှစ်များတွင် (၂) ပတ်ခန့်လာရောက်သတင်း သုံးမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

၂၀၁၅- ခုနှစ်တွင် မြန်မာနိုင်ငံမှ ဓမ္မကထိက ဒယ်အိုးဆရာတော်နှင့် အခြားဓမ္မကထိကများလည်း ကြွရန်ရှိပါသည်။

အလုပ်အမှုဆောင်များ
********************
၂၀၁၅-ခုနှစ် အလုပ်အမှုဆောင်မျာတွင် ကိုမြင့်ဦး၊ ကိုတင်နွယ်၊ ကိုစံလင်းတို့အား ပါဝင်ဖြည့်စွက်ထားပြီး ၊ ၂၀၁၅-ခုနှစ် ၊မြန်မာဗုဒ္ဓဘာသာအသင်း သာသနာပြုလုပ်ငန်းများအတွက် အားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ပါသည်။

မှတ်ချတ်။ ။၂၀၁၅- အလုပ်အမှုဆောင်များကို ပူတွဲစာတွင် ကြည့်နိုင်ပါသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးရှင်းတမ်းကို ဗုဒ္ဓရံသီ Web နှင့် ကျောင်းတွင် ကပ်ထားမည်ဖြစ်ပြီး၊ အလှူရှင်းများအ တွက် official tax receipts များကိုလည်း နှစ်မကုန် ထုတ်ပေးရန်ဆုံးဖြတ်။

ဆွမ်းအလှူရှင် အပြောင်းအလဲ
*****************************
ဆွမ်းဒကာများသည် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း စတည်ကတည်းက တပတ်(၁) ရက် ဆွမ်းလှူဒါန်းခဲ့ရာ ၂၀၁၅-ခုနှစ်တွင် ၊ ဆွမ်းအလှူရှင်များ သက်သက်သာသာဖြစ်စေရန် ၊ တစ်လ (၁) ရက် အဖြစ် ပြောင်းလဲတာဝန်ယူရန် နာယက ဆရာတော်များမှ အကြံပြုလာပါသည်။
မနော်မူး၊ မခင်လေးမူတို့မှ အလုပ်များ၍ ဆွမ်းမချက်နိုင်သော ဒကာများအတွက် ဆွမ်းပဒေသာပင် စိုက်ထူး၍ ဒကာတစ်ယောက်ယောက်မှ ချက်ကပ်လှူဒါန်းကလည်း အဆင်ပြေနိုင်ကြောင်း အကြံပြုလာပါသည်။
အားလုံးမှ အလှူရှင်များ ဖိတ်ခေါ်၍ ရရှိလာသော အခြေအနေအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်။

ဗုဒ္ဓရံသီကျောင်းဆောင်သစ်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေ ရှာပွဲ
**************************************************************

အဖွဲ့ဝင်များမှ ၊ ဗုဒ္ဓရံသီ ကျောင်းဆောင်သစ်ဖြစ်မြောက်ရန် မြန်မာနိုင်ငံမှ ဇာတ်မင်းသား ဖိုးချစ်နှင့် လူရွန်တော် ဒိန်ဒေါင်းနှင့်ခင်လှိုင်တို့ ခေါ်ရန် တင်ပြလာခြင်းကို
ဇွန် တစ်လလုံးနှင့် ဇူလှိုင် ဒုတိယပတ် နောက်ပိုင်းတို့တွင် ဖြစ်နိုင်ကြောင်း ၊ မင်းသားများ ဗီဇာရ၍ ပွဲဖြစ်မြောက်ပါက ၊ ဗန်ကူးဘား၊ တိုရန်တို၊စက်စကာတွန်း တစ်ဝိုက်တွင် ကပြဖို့ စီစဉ်ရန် တင်ပြ။
ထိုပွဲဖြစ်မြောက်ဖို့အတွက် ခန့်မှန်း မတည် ကုန်ကြငွေ တစ်သောင်း ($10000)

စနေဝတ်အဖွဲ့နှင့် Sunday School
**********************************
နာယကဆရာတော်များ ညွှန်ကြားချက်ဖြင့် စနေနေ့ တိုင်း ညနေ (၅) နာရီ စုပေါင်း ဓမ္မစကြာရွတ်ဆိုပူဇော်ရန်နှင့် ကလေးများအတွက် Sunday School ဖွင့်ရန် တင်ပြလာပါသည်။
စနေဝတ်အသင်းစိတ်ဝင်စားသူများနှင့်ကလေးများအတွက် Sunday School စိတ်ဝင်စားသူများ ဆရာတော်ထံတွင် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ဆုံးဖြတ်။

၂၀၁၅- ပွဲတော်များ
********************
၂၀၁၅-ခုနှစ်တွက် ပွဲတော်ရက်များ ရွေချယ်၊သတ်မှတ်ကြပြီး ၊ ၂၀၁၅- ပြက္ခဒိန်ထုန်မည်ဖြစ်သည်၊ ဦးဂျွန်မှ ကျောင်းမှ ထုတ်ဝေသော ပြက္ခဒိန်တွင် စီးပွားလုပ်ငန်းရှင်များ၏ ဆက်သွယ်ရန် လိပ်စာကိုလည်း ထည့်ရိုက်ရန်နှင့် ၊ သီတဂူဆရာတော်ဘုရား ဗန်ကူးဘား မြို့သို့ ကြွရောက်တောမူလာခြင်းကို ဂုဏ်ပြုသော အားဖြင့် ဆရာတော်ဘုရားပုံဖြင့် ပြက္ခဒိန်ထုတ်ရန်ဆုံးဖြတ်

ပွဲတော်ရက်များ ပူးတွဲပါကြည့်ရန်

အထက်ပါဆွေးနွေးချက်များကို အစည်းအဝေးတက်ရောက်သူများ အားလုံးသဘောတူ၍ ညနေ (၄) နာရီတွင် အစည်းအဝေးပြီးဆုံး။

ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၊မြန်မာဗုဒ္ဓဘာသာအသင်း
၂၀၁၅- နှစ်ပတ်လည် ပွဲတော်များ
ပွဲတော် နေ့ရက် အလှူရှင်
________________________________________
၁။ နှစ်သစ်ကူးပွဲတော် Jan 01(Thu) ဦးစိန်ထွန်း၊ မြန်မာမုန့်ဟင်းခါးအလှူ

၂။ထမနဲပွဲတော် Feb 01(SUN) စုပေါင်းအလှူ

၃။ နိဗ္ဗာန်ဈေးပွဲတော် March22 (SUN) စုပေါင်းအလှူ

၎။ မြန်မာနှစ်သစ်ကူးပွဲတော် April12 (SUN) အလှူရှင်ဖိတ်ခေါ်

၅။ ဗုဒ္ဓနေ့ပွဲတော် May02 (SAT) အလှူရှင်ဖိတ်ခေါ်

၆။ နှိဗ္ဗာန်ဈေးပွဲတော် June0107(SUN) စုပေါင်းအလှူ

၇။ဝါဆိုသင်္ကန်းကပ်ပွဲတော် July 5 (SUN) အလှူရှင်ဖိတ်ခေါ်

၈။ နှိဗ္ဗာန်ဈေးပွဲတော် AUG09 (SUN) စုပေါင်းအလှူ

၉။ စုပေါင်းတရားထိုင် Sept 5, 7, 6

၁၀) ပဋ္ဌာန်းပွဲ၊ OCT 24, 25 အလှူရှင်ဖိတ်ခေါ်
သက်ကြီးပူဇော်ပွဲနှင့်ဆုပေးပွဲ

၁၁) ဘုံကထိန်ပွဲတော် NOV08 အလှူရှင်ဖိတ်ခေါ်

No comments:

Followers

My Blog List