Sunday, October 12, 2014

BUDDHARMASI BURSARY WINNER-4


Timothy Kong
First Year
Medical Science at University of British Columbia
Buddharamsi Bursary winner- 2014
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊မြန်မာဗုဒ္ဓဘာသာအသင်းမှ ပထမဆုံးအကြိမ် ၊ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရာတွင် ၊  Timothy Kong မှ ရရှိပါသည်။

Timothy သည် ၂၀၁၂ တွင်  Southpointe Academy Private School မှ  အထက်တန်းပညာကိုထူးချွန်စွာအောင်မြင်သောကြောင့် ထိုကျောင်း၏ ပညာသင်ဆုကိုရရှိခဲ့သည်။

ဆယ့်နှစ်တန်းအောင်မြင်ပြီနောက် University of British Columbia Scholarships Awards ကမ်းလှမ်းမှုကို ရရှိခဲ့သည်။  ထို့ကြောင့် University of British Columbia ၌ ဆေးဖက်ဆိုင်ရာ ဘာသာရပ်များကို (၂)နှစ်တာ ပညာသင်ကြားပြီးနောက် ယခုနှစ်တွင် ဆေးတက္ကသိုလ်ဝင်ခွင့်ကိုရရှိခဲ့သည်။

 Timothy သည်  ကနေဒါနိုင်ငံ ၊ဗန်ကူးဘားတွင် ၊ဦးစိန်ထွန်း+ မခင်လေးမူတို့မှ မွေးဖွားသော  သားနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။
သူသည် ကနေဒါနိုင်ငံတွင် မွေးဖွားသော်လည်း မြန်မာစကားကို ကောင်းကောင်း ပြောဆို တတ်ပြီး၊ မြန်မာဗုဒ္ဓဘာသာယဉ်ကျေးမှုးကိုလည်း တန်ဖိုးထား မြတ်နိုးသူဖြစ်သည်။

၂၀၁၄-ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာအသင်း ပညာသင်ဆုရွေးချယ်ရာတွင် မြန်မာဗုဒ္ဓဘာသာအသင်းမှ ၊ ထူးချွန်သူများ ဂုဏ်ပြုရာတွင် Timothy သည် ဗုဒ္ဓရံသီပညာသင်ဆုကို ရွေးချယ်ခံရခြင်းဖြစ်သည်။

No comments:

Followers

My Blog List