Sunday, October 12, 2014

BUDDHARAMSI BURSARY WINNER-4



Sin Tun Shwe
Science( Biology) at Langara 2nd
Buddharamsi Bursary winner 2014
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊မြန်မာဗုဒ္ဓဘာသာအသင်းမှ ၂၀၁၄-ခု ပထမဆုံးအကြိမ် ၊"ဗုဒ္ဓရံသီပညာသင်ဆု" ရွေးချယ်ရာတွင် ၊ Langara College တွင် ပညာသင်ကြားနေသော  ရွှေဇင်ထွန်းမှ ရရှိပါသည်။

သူမသည် အသက် (၅) နှစ်ခန့်အရွယ်တွင် မိဘများနှင့်အတူ ကနေဒါနိုင်ငံ ၊ဗန်ကူးဘားသို့ ရောက်ရှိခဲ့သည်။

ကနေဒါနိုင်ငံတွင်  အထက်တန်းပညာအောင်မြင်ပြီးနောက် Langara ကောလိပ်တွင် ဇီဝဗေဒဆိုင်ရာသိပ္ပံဘာသာရပ်ကို ဆက်လက်သင်နေသူဖြစ်သည်။ ထို့နောက် University of British Columbia သို့ ဆက်လက်သင်ကြားမည်ဖြစ်သည်။

သူမသည်  ကနေဒါနိုင်ငံကို ကလေးဘဝကရောက်သော်လည်း မြန်မာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်ပြီး၊ ဗန်ကူးဘားရှိ၊ မြန်မာကွန်မြူနတီအခမ်းအနားများတွင် အခမ်းအနားမှူးအစီအစဉ် အဖြစ် စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်လေ့ရှိသည်။

ထို့ပြင် မြန်မာဗုဒ္ဓဘာသာအသင်း၊ ဘာသာရေးအခမ်းအနားများတွင်လည်း ၊ စိတ်ပါဝင်စားစွာ ပါဝင်ကူညီလေ့ရှိပြီး ၊ ဗုဒ္ဓရံသီရန်ပုံငွေပွဲတော်များတွင်းလည်း အမြဲတမ်းလိုလို ပါဝင်ကူညီ ဆောင်ရွက်လေ့ရှိသည်။

ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာအသင်းမှ ၂၀၁၄-ခု ဗုဒ္ဓရံသီ ပညာသင်ဆုကို မရွှေစင်ထွန်းအား ထိုက်ထိုက်တန်တန် ဂုဏ်ပြု၍ ချီးမြှင်းလိုက်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်း၊
ဗုဒ္ဓရံသီပညာသင်ဆုရွေးချယ်ရေးအဖွဲ့ -၂၀၁၄

No comments:

Followers

My Blog List