မြန်မာဗုဒ္ဓဘာသာအသင်း လပတ်အစည်းအဝေး
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊Richmond,
BC
စက်တင်္ဘာလ(၇)ရက် ၂၀၁၄
အစီအစဉ်
၁) နမောတဿ (၃)
ကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ရန်
၂) ၂၀၁၅- နှစ်
အလုပ်အမှုဆောင်များ
၃) သတင်းကျွတ်ပွဲတော်
က) အသံမစဲ (၂၄) နာရီ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ
ခ) ပညာရည်ချွန်
ထူချွန်ဆု (Buddharamsi
Bursary)
ဂ) သက်ကြီးပူဇော်ပွဲ ၊ ဓမ္မသင်တန်းဆင်းပွဲ
၎) ဆီယာတော် ၊
အမေရိကမှ ဗုဒ္ဓဆင်းတုတော် ပင့်ဆောင်ရန်
၅) ရွှေညဝါဆရာတော်
ပင့်ဆောင်ရန်
၆) မောဂိတ်အပြောင်းအလဲ
၇)
အထွေထွေ
တက်ရောက်သူများ
ဆရတော်ဦးဃောသက
ကိုရင်ဥတ္တမ
၁) ဦးစိန်ထွန်း၊ ၂)
ဦးကိုကိုလေး
၃) ဦးလှဖေ ၄) ဦးကျော်မိုးဟန်
၅) ကိုညွန့်အောင် ၆) ကိုသန်းထိုက်
၇) ကိုစံလင်း ၈) ကိုထွန်းကျော်သူ
၉) ကိုစိန်းသောင် ၁၀) ကိုအောင်ဗိုလ်ဦး
၁၁) မပန်းအိဖြူ ၁၂) ကိုကျော်စိုး
၁၃) ကိုသက်
အကြံပြုချက်များနှင့်ဆုံးဖြတ်ချက်များ
၂၀၁၅-ခုနှစ် အသင်းဒါရိုက်တာများ
၂၁၀၅-ခုနှစ်တွင်
ကိုတင်နွယ်၊ကိုမြင့်ဦးတို့မှ အသင်းဒါရိုက်တာများအဖြစ်ဦးဆောင်၍ အသင်း၏ ဘဏ္ဍာငွေရှာဖွေရေး၊ပညာရေး
အကြံပေးများကို တိုရန်တိုမှ အဝေးရောက်နာယကလူကြီးများအဖြစ် ဒေါက်တာ စောရန်နိုင် ဒေါက်တာ
လှထွန်းတို့အား အားဖြည့်ဖွဲ့စည်းရန် တိုင်ပင် ဆုံးဖြတ်ခဲ့ကြပါသည်။
ထိုအဖြင့် ဘဏ္ဍာငွေရှာဖွေးရေးနှင့်
ပွဲတော်များပြင်ဆင်ရေး ၊ ဆွမ်းကွမ်းယျောဝစ္စအဖွဲ့ကိုလည်း ကိုစံလင်၊ကိုစိန်းသောင်း၊ ကိုအောင်ဗိုလ်ဦး၊
ကိုထွန်းကျော်သူ ၊ မလေးလေးနွယ်၊ ကိုစိုမင်းတို့ဖြင့် တိုးချဲ့ဖွဲ့စည်းရန် အကြံပြုကြပါသည်။
သတင်းကျွတ်ပွဲတော်
သတင်းကျွတ်ပွဲတော်ကို
အောက်တိုဘာလ (၄/၅) ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး
အောက်တိုဘာလ
(၄) ရက် စနေနေ့ နံက် (၉)နာရီမှစ၍ တနင်္ဂနွေနေ့နံက် (၉) နာရီတွင် ပဌာန်းပွဲ ပြီးဆုံးမည်ဖြစ်သည်။
အသံမစဲပဌာန်းပွဲကို
မည်သူမဆို လာရောက်ပူဇော်နိုင်ပါသည်။
ပညာရည်ချွန်ထူးချွန်ဆုပေးပွဲကို
ဘိုးဘွာများပူဇော်ပွဲ ၊ဓမ္မသင်တန်းဆင်းပွဲနှင့် ပူးတွဲဆောင်ရွက်မည်ဖြစ်ပြီး၊ Buddharamsi
Bursary ဆုအတွက် အလှူရှင်များမှ ဒေါ်လာနှစ်ထောင်ရာထားပါသည်။
လောလောဆယ် ကျောင်းသား (၅) ယောက် ရာထားပါသည်။
ဘိုးဘွားများပူဇော်ရန်
တစ်ဦးလျှင် လှူဖွယ်ပစ္စည်းများနှင့် ဒေါ်လာ(၅၀)ပူဇော်မည်ဖြစ်ပြီး
ဘိုးဘွား (၂၅)ယောက်ရှိပါသည်။ မည်သူမဆို တတ်စွမ်းသ၍
တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ ဘိုးဘွားများကို ပူဇော်နိုင်ပါသည်။
ဓမ္မသင်တန်းဆင်းပွဲတွင်
သင်တန်းသားများကို စက်တင်္ဘလာ (၂၈) ရက်နေ့ကို
စာပြန်ပွဲနေ့အဖြစ် သတ်မှတ်ပြီး ခါတိုင်းနှစ်များကဲ့သို့ လာရောက်ပြန်ဆိုနိုင်သူများအား
တစ်ယောက်လျှင် (၅၀) ဒေါ်လာ ဆုချီးမြှင့်မည်ဖြစ်ြ့ပီး စံပြကျောင်းသားများအတွက် (၁၀၀) ဒေါ်လာ သက်မှတ်ထားပါသည်။
သီတင်းကျွတ်ပွဲတော်တွင်
အာဟာရအလှူရှင်များဖြစ်သော ကိုသက်+မမာလာမိသားစုမှ
အုန်းထမင်း၊ငါးသလောက်ပေါင်း၊
ဝက်သား၊ကြက်သား၊ ငါးပိကြော်၊ချဉ်ပေါင်း ဟင်းချိုများဖြင့် လှူဒါန်းမည်ဖြစ်သည်။
ကိုစိုးမင်းမှ
ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အသီးအရွက်၊ အစိမ်းကြော်များဖြင့် လတ်လတ်ဆတ်ဆတ် လှူဒါန်းမည်ဖြစ်သည်။
ကိုညွန့်အောင်
+မသန်းချိုတို့မှ မြန်မာမုန်းဟင်းခါးကိုကျော်မိုးဟန်+ မဖြူလဲမင်းတို့မှ အချိုပွဲ ၊
ကိုစံလင်း+မသန်းသန်းစိုးမိစသားစုမှ လက်ဘက်ရည် ၊ဖာလူဒါ တို့ကို လှူဒါန်းမည်ဖြစ်ပြီး
သတင်းကျွတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ဗုဒ္ဓဆင်းတုတော်ပင့်ဆောင်ရန်
ဆီယာတယ်၊ အမေရိကမှ
ရှေးဟောင်း မြန်မာဆင်းတုတော် ပင့်ဆောင်ရန်ရှိပြီး၊ လက်ရှိပူဇော်ထားသော ကျွန်းမှ မြို့သို့ရောက်ကြွလာသောအခါ
..၊ မြန်မာဗုဒ္ဓဘာသာအသင်း ဒကာ/ဒကာများစုပေါင်းပြီး စည်းကား သိုက်မြိုက်စွာ ၊ မြန်မာဗုဒ္ဓဘာသာအသင်းတည်ရှိရာ
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းသို့ ပင်ဆောင်ပူဇော်မည်ဖြစ်သည်။
အသေးစိတ်ကို ထပ်မံ
အကြောင်းကြားပါမည်။
ရွှေညဝါဆရာတော်ပင့်ဆောင်ရန်
အမေရိကသို ရောက်ရှိနေသော
၊ ရွှေညဝါဆရာတော်ကို ၊ ဗန်ကူးဘား မြန်မာဗုဒ္ဓဘာသာအသင်းမှ ကနေဒါသို့ ပင့်ဆောင်ရန်ရှိပြီး။
ဗီဇာရရှိလာသောအခါ အသေးစိတ်ထပ်မံ အကြောင်းကြားပါမည်။
မောဂိတ်အပြောင်းအလဲ
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း
သက်တမ်းသည် အောက်တိုဘာလ (၁၇) ရက်နေ့တွင် (၅) နှစ်ပြည့်သွားသည် အတွက် အပြောင်းအလဲများ
လုပ်ရန်ရှိပါသည်။ ဤအပြောင်းအလဲကို ကိုတင်နွယ်မှ ဦးစီးဆောင်ရွက်ရန် အားလုံး သဘောတူ
ဆုံးဖြတ်ခဲ့ကြပါသည်။
အထွေထွေ
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းတွင် လှူဒါန်းထားသော ၊ မော်တော်ကေားကို ကျောင်းအတွက်
အသုံးပြုရန်ရှိပြီး၊ ၂၀၁၅- ပညာသစ်နှစ် အတွက် ၊ ကလေးများ မြန်မာစာ၊ဘုရားစာများ လေ့လာရန် စိတ်ဝင်စားပါက မိဘများနှင့်
တိုင်ပင်၍ ၊ ကျောင်းကြို/ပို့ကားအဖြစ် စီစဉ်လျှက်ရှိပါသည်။
ကျောင်းဝေယျာဝစ္စ
အဖွဲ့မှ တစ်လတစ်ခါ (သို့) ပွဲတော်ရက် မတိုင်မှီ တစ်ပတ်အလိုတွင် ကျောင်းသန့်ရှင်းရေးနှင့် ပန်းကန်းများ စစ်ဆေးရန်
လိုအပ်ကြောင်း အကြံပြုတိုင်ပင်ကြပါသည်။
ထို့နောက် မုန့်ဟင်းခါးတွက်
one use များအသုံးပဲ ၊ ဗိုက်ဘားပန်ကန်များ အသုံးပြုရန် အကြံပြု၍ ဦးစိန်းထွန်းမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။
ပြီးဆုံး
ညနေ (၄)နာရီတွင်
လပတ်အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရိတိဌတု သုံးကြိမ်ရွတ်ဆို၍ အဆုံးသတ်ပါသည်။
No comments:
Post a Comment