သား ..ခြင်တွေကို happy ,, peaceful မဖြစ်စေချင်ဘူး ၊
သား… ခြင်တွေကို မုန်းတယ်..၊
***********************************************
ဗန်ကူးဘားမှာ ဒီနှစ် နွေရာသီ ကလေးများ
ကျောင်းရက်ရှည်ပိတ်ထားသည်..၊ အကြောင်းမှာ အစိုးကျောင်းမှ ဆရာ/ဆရာမများက စာသင်ကျောင်းများတွင် ငွေကြေးလုံလုံလောက်လောက်ထောက်ပံ့ရန်
ဆန္ဒပြနေခြင်းကြောင့်ဖြစ်သည်။
နွေရာသီ ကျောင်းရက်ရှည်ပိတ်၍ မြန်မာကလေးငယ်များ ဘုန်းကြီးကျောင်းမှာ မြန်မာစာနှင့်ဘုရားစာများ ရက်ရှည် သင်ကြားခွင့်ရကြလေသည်။
စာရေးသူတို့ ကလေးအရွယ်ကပင် သင်ကြားခွင့် မရခဲ့သော ပဋ္ဌာန်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသရွတ်ဆိုနည်းများ၊ ဤသို့ပြုရ ၊မြတ်ပုညကို ..စတဲ့ ဆုတောင်အမျှဝေးစာတမ်းများကို အလွတ်ရွတ်နိုင်ကြလေပြီ။ မြန်မာကလေးငယ်များ တိုင်းတပါးမှာ မွေးဖွားပေမယ့် ခုလို သာသနာနှင့်နီးစပ်ခွင့်ရသည့်အတွက် ကုသိုလ်ကံထူးကြသည်ဟုပင်ဆိုရပေမည်။
စားရေးသူက..ကလေးများ ဘုန်းကြီးကျောင်းမှာ ပျော်ရွှင်အောင် .. ဘုရားရှိခိုးပြီး၊စာသင်ပြီးလျှင် တစ်နေ့ (၂)နာရီခန့် ပန်းခြံတွင် လပ်လပ်စွာ ကစားခွင့်ပေးပါသည်။
နံက် (၆) နာရီ၊ နေ့လည် (၂) နာရီ ညနေ(၇) နာရီအချိန်းတိုင်းမှာ ကလေးများနှင့်အတူ ဘုရားရှိခိုးပါသည်။
ဘုရားရှိခိုးပြီး .. ကလေးများ သတ္တဝါများအပေါ် မေတ္တာပွားတတ်အောင် အင်္ဂလိပ်လို မေတ္တာပွားနည်းများကို သင်ကြားပေးပါသည်။
ကလေးများလည်း စာရေးသူနှင့်အတူး လိုက်ဆိုတတ်ပါသည်။
ကလေးများကို .. ဦးစွာပထမ မိမိ ကိုယ် မိမိ မေတ္တာထားတတ်ရန်၊မေတ္တာပွားတတ်ရန်
“May I be well, happy and peaceful
May no harm come to me,
May no difficulty come to me,
May no problem come to me,
May I always meet with successes.
May I also have patience, courage,
Understanding and determination to meet
And overcome inevitable difficulties,
Problems and failures in life”ဟု သင်ကြားပေးပါသည်။
မိမိကိုယ် မိမိ မေတ္တာပို့ပြီးတဲ့နောက်မှာ
မိဘနှစ်ပါး
ဆရာသမားများ
ဆွေးမျိုးများ
မိတ်ဆွေများ
ဆွေးမျိုး၊မိတ်ဆွေ မတော်စပ်သူများ ( indifferent persons)
မိမိရန်သူ (enemies)
သတ္တဝါအားလုံးကို မေတ္တာအတူထား ပွားခိုင်းပါသည်။
အားလုံးမေတ္တာပွားပြီးတော့ ကိုးနှစ်သားရွယ်ကလေးငယ် ဝေလျှံက
"ဘုန်းဘုန်း တပည့်တော် May my enemies be well, happy and peaceful ဆိုတဲ့ စာပိုဒ်ကို ဆိုစရာ မလိုဘူး မဟုတ်လာလို့မေးလာပါသည်"
စာရေးသူက “ဘာလို့လဲ” လို့ မေးတော့
“သားမှာ ရန်သူမရှိဘူးလေ” တဲ့။
စားရေးသူ ပြုံးမိပါသည်။
ဟုတ်ပေသားပဲ ကလေးမှာ ဘယ်ရန်သူ ရှိပါ့မလဲ
ဒီလို ပြောရင်းနဲ့စိတ်ထဲမှာ ဖျတ်ကနဲ ပေါ်လာလို့“ဝေလျံ မင်းမှာ
ရန်သူရှိတာပေါ့”လို့ ပြောလိုက်သည်။
‘ဘယ်သူလဲ’ တဲ့
“ခြင်လေ… ခြင်”
ခြင်က မင်း..အမုန်းဆုံးသတ္တဝါမဟုတ်လားလို့
ပြောလိုက်ပါသည်။
စားရေးသူက “ ခြင်” လို့ပြောလိုက်ခြင်းမှာ … ဝေလျှံတစ်ယောက် အပြင်ထွက်ကစားတိုင်း ခြင်ကိုက်ခံရသည် ၊ သူ့ရဲ့ လက်မောင်း၊ သူရဲ့ခြေတောက် နေရာ
တော်တော်များများမှာ ခြင်းကိုက်ထား၍ အပိန့်များထွက်နေသည်။ အပြင်ထွက်လို့ ခြင်ကိုက်တိုင်း ဝေလျှံတစ်ယောက် စိတ်တိုတတ်သည်။ တစ်ခါတစ်ရံ စာရေးသူကိုယ်ပင် ခြင်နှိမ်နင်းရန် ငိုမဲ့မဲ့နှင့်အကူတောင်းတတ်သည်။
ကနေဒါက ခြင်တွေက ..တော်တော်ဆိုးသည် လူပေါ်ရောက်တာနဲ့ ကိုက်ပြီးသားဖြစ်သည်၊ ကိုက်ပြီးတော့လည်း အပိန်းများ ဒဏ်ရာများ ကျန်နေတတ်သည်။ သို့အတွက် ကလေးငယ်များအား ခြင်ကိုက်ပြီးလျှင်
ဆေးလူးပေးရတတ်သည်။ တချို့မိဘများကတော့ ကလေးများ အပြင်မထွက်ခင် ခြင်ဆေး ဖျန်းပေးတတ်သည်။
တစ်ကိုယ်လုံးနီးပါး ခြင်ကိုက်ဒဏ်ရာများနှင့်ပြည့်နှက်နေသော ဝေလျှံတစ်ယောက်
ခြင်ကို မုန်းသည်။ ခြင်း တွေ့လျှင် သတ်ချင်စိတ်ပေါ်နေတတ်သည်။
ဒါကြောင့် စာရေးသူက သူ့ရဲ့ ရန်သူ ခြင် ဟုပြောလိုက်ခြင်းပင်ဖြစ်ပါသည်။
“အိမ်း … ဝေလျှံ…May my enemies be well, happy and peaceful ဆိုတဲ့အခါမှာ ခြင်များ ပျော်ပါစေ ၊ ငြိမ်းချမ်းပါစေ”ဟု မေတ္တာထားရမယ်လို့ ပြောတော့
ဝေလျှံ တစ်ယောက် ကလေးပီပီ ခေါင်းရမ်းကာ… ဟင့်အင်… ဟင့်အင်…ခြင်တွေကို happy...peaceful အဖြစ်စေချင်ဘူးဟု ငြင်းဆိုလာသည်။
ဒီတော့ စာရေးသူက
ကလေးကို မေတ္တာအကြောင်း ပြောပြဖို့ အခန့်သင့်တာနဲ့မို့
အိမ်း… ဝေလျှံ…၊ ငါက ခြင်တွေကို မေတ္တာပို့လို့ မင်းနဲ့ငါ အပြင်လမ်းအတူလျှောက်ပေမယ့် မကိုက်ဘူး၊ မင်းကတော့ ခြင်တွေကို မုန်းလို့ ခြင်တွေက ကိုက်တာ၊ ဒါကြောင့် ခြင်တွေကို မေတ္တာပို့ရမယ်လို့ သင်းပေးလိုက်ပါသည်။
ဒီတော့မှ ဝေလျှံ တစ်ယောက် မေတ္တာကို သဘောပေါက်သွားပုံပေါ်သည်၊ ခေတ္တမျှ စဉ်စားပြီး“ ဘုန်းဘုန်း ဒီမေတ္တာပို့ စာရွက် ယူသွားလို့ ရမလား” ဟုဆိုကာ အိပ်ခန်းထဲသို့ ဝင်သွားပါတော့သည်။
ဝေလျှံတစ်ယောက် အိပ်ခန်းထဲသို့ ရောက်သောအခါ… ခြင်တွေ ပျော်ရွှင်ပါစေ.. ငြိမ်းချမ်းပါစေဟု အကြိမ်ကြိမ် မေတ္တာပို့နေမလားဟု သာ တွေးတောနေမိပါတော့သည်။
-----------------
ချစ်သူ..မုန်းသူ... အတူတူ မေတ္တာထားရမည်...၊

No comments:
Post a Comment