Tuesday, February 25, 2014

စိတ်ပျော်မှုအတွက်

  •  အောင်မြင်ကျော်ကြားမှုသည် ..စိတ်ပျော်ရွှင်မှုကို မပေးနိုင်
  • ပစ္စည်းဥစ္စာ ကြွယ်ဝမှုသည် စိတ်ပျော်ရွှင်မှုကို မပေးနိုင်
  • တန်ခိုး ၊အာဏာ ၊ပါဝါသည် စိတ်ပျော်ရွှင်မှုကို မပေးနိုင်

သမိုင်း၌ လူသိများ၍ ထင်ပေါ်ကျော်ကြားသော တိုက်ပွဲများစွာကို အောင်မြင်ခဲ့ကြသည့် မဟာအလက်ဇန်းဒါ ၊ဂျူးလိယက် 
ဆီးဇာ နှင့် နပိုလီယန်ဘိုနာဘတ်ကဲ့သို့ သော ပုဂ္ဂိုလ်များသည် ပြည့်ဝ ပျော်ရွှင်သည့် ဘဝများကို နေထိုင်ရဖို့ မဆိုထားနှင့်
ကြေကွဲ ဝမ်းနည်းဖွယ်ရာဖြင့်သာ သေဆုံးခဲ့ကြရ၏

****
အောင်ကျော်ကြားသော အမေရိကန်သမ္မတများဖြစ်ကြသည့် အေဘရာဟမ် လင်ကွန်းနှင့်
ဂျွန်ကနေဒီတို့သည် အာဏာစိုးမိုးစဉ်အခါ၌ပင် လုပ်ကြံခြင်းကို ခံခဲရ၏။

****
အောင်မြင်ကျော်ကြား ရုပ်ရှင်သရုပ်ဆောင်များနှင့်ခေတ်ပေါ်တေး
အဆိုတော်ဖြစ်ကြသည့် မာရီလင်မွန်ရိုးနှင့်အဲလဗစ်ပရက်စလေးတို့သည်
အိပ်ဆေးများကို အလွန်အကျွံသောက်သုံးသဖြင့် ငယ်ငယ်ရွယ်ရွယ်၌ပင်
သေဆုံးခဲ့ကြရသည်။

*****
တဖန်အောင်မြင်ကျော်ကြားသော ဟောလိဝုဒ် ရုပ်ရှင်မင်းသားဖြစ်သူ  ရော့ခ်ဟဒ်ဆင်သည် မိမိသည် ကိုယ်ခံအားကျ ရောဂါ စွဲကပ်နေကြောင်းကို ဝမ်းနည်းဖွယ်ရာ
ကြေညာခဲ့ပြီးလျှင် ထိုရောဂါကြောင့်ပင် ကွယ်လွန်သွားခဲ့ရ၏။

ထို့ကြောင့် အောင်မြင်မှု၊ ကျော်ကြားမှု၊ အာဏာတို့သည် ကြာရှည်စွာ
တည်တံ့သော ပျော်ရွှင်ချမ်းမြေ့မှုမျိုးကို မပေးဆပ်နိုင်ပါ။

No comments:

Followers

My Blog List