Friday, September 13, 2013

အသံမစဲ ပြည်ပ မဟာပဋ္ဌာန်းပွဲ



ပဋ္ဌာန်းအကြောင်းသိကောင်းစရာများ…
ဗုဒ္ဓရံသီဆရာတော် ဦးဆောင်၍ ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာအသင်းမိသားစု ၂၄-နာရီ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်လာခဲ့သည်မှာ ယခုနှစ်ဆို ၄-နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။
သာသနာ့၏ ခံတပ်ကြီးဖြစ်သော ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ရ၍ ဝမ်းသာပိတိဖြစ်ရပါသည်။ စိတ်ရော ကိုယ်ပါ အာပေးကြသော မြန်မာဗုဒ္ဓဘာသာအသင်းမိသားစုများကို လည်း အထူးကျေးဇူးတင်ကြောင်း မှတ်တမ်း တင်အပ်ပါသည်။

ဒီနှစ် သီတင်းကျွတ်လဆန်း ၈/၉ ရက်၊အောက်တိုဘာလ ၁၂/၁၃ ရက်တို့တွင်လည်း စုပေါင်းကာ ညီညာစွာဖြင့် တက်ညီ လက်ညီ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြဦးမည်ဖြစ်ကြောင်း ဦးစွာ သတင်းကောင်း ပါးအပ်ပါသည်။
ပဋ္ဌာန်းရွတ်ဖတ်မည့်သူများ၊ ပဋ္ဌာန်းကို စိတ်ဝင်းစားသူများ
 ပဋ္ဌာန်းဆိုတာ ဘာလဲ ၊ ဘာကြောင့် အသံမစဲ ရွတ်ဖတ်ရတာလဲ
 စသည် ဗဟုသုတများ တိုးပွားစေဖို့ လက်လှမ်းမိသော ဗုဒ္ဓစာပေးများမှ ထုတ်နုတ်ကာ ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။




ပဋ္ဌာန်းဆိုတာ ဘာလဲ?
ပဋ္ဌာန်းဆိုတဲ့ မြန်မာ ဝေါဟာရကို  မြန်မာဗုဒ္ဓဘာသာဝင်းတိုင်း သိကြပေမယ့်၊ အဓိပ္ပါယ်ကို တိတိကျကျ သိသူက ရှားပါလိမ့်မယ်။  ပဋ္ဌာန်းဆိုတာ “ပဋ္ဌာန ဟူသော ပါဠိမှ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့
 ( ပ= အမျိုးမျိုးအစားစား+ ဋ္ဌာန = အကြောင်းတရား)
 ဖြစ်ပါတယ်။  ရုပ်၊နာမ် တရားအားလုံးတို့ ဖြစ်ပေါ် တည်ရှိနေခြင်း အကြောင်းအမျိုးမျိုးတို့ကို ဟောကြားတော်မူသော ကျမ်းဟုဆိုလိုပါသည်။
မြတ်စွာဘုရား ၄၅- နှစ်တိုင်တိုင် ဟောကြားခဲ့သော တရားတော်များမှာ
၁။ ဝိနည်း ( စည်းကမ်း၊ ဥပဒေ)
၂။ သုတ္တန်း( နည်းလမ်း၊ဇာတ်ဝတ္ထု)
၃၊ အဘိဓမ္မာ ( ရုပ်၊နာမ်တို့၏ သဘောတရား) ဟု သုံးမျိုးရှိပါသည်။
အဘိဓမ္မာမှာ ကျမ်း ၇-ကျမ်းရှိပါသည်။ 
ပဋ္ဌာန်းကျမ်းကတော့ နောက်ဆုံးကျမ်းဖြစ်ပြီး စာအုပ် ၅-အုပ်ရှိ၍ စာမျက်နှာပေါင်း ၂၆၄၀ ဟု အကျဉ်းချုပ် မှတ်သားထားနိုင်ပါသည်။

ပဋ္ဌာန်း ဆိုတာ..
အဘိဓမ္မာတရားတော်ဟာ ဝိနည်း၊သုတ္တန်တရားများကဲ့သို့ လူပြည်မှာ ဟောကြားသော တရားတော် မဟုတ်ပါးဘူး။  မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို အကြောင်းပြု၍ တာဝတိံသာ နတ်ပြည်၌ နတ်ဗြဟ္မာ အပေါင်းတို့အား ဣရိယာပုတ်တစ်ခုတည်းဖြင့် အသံမစဲ ဆက်တိုက်
 ဟောကြားတော်မူခဲ့သည်။ ဟောပုံနည်းမတူ ကွဲပြားခြားနာကာ ဓမ္မသင်္ဂဏီ ၊ဝိဘင်းစသည်ဖြင့် နည်းအားလျှော်စွာ ကျမ်းပေါင်း ၇-ကျမ်းအထိ ရှိပါသည်။

ဓမ္မသင်္ဂဏီ စသော ရှေ့ငါးကျမ်းမှာတော့ ခန္ဓာ၊အာယတန၊ဓာတ် စသော ပရမတ္တ သစ္စာတရားနှင့်၊ ပုဂ္ဂိုလ် သတ္တဝါစသော သမုတိသစ္စာတရားနှစ်ပါးကို အပြည့်အစုံ ဝေဖန် ပိုင်းခြားဟောကြားတော်မူပါသည်။

ခြောက်ခုမြောက်ဖြစ်သော ယမိုက်ကျမ်းမှာတော့ ..သတ္တဝါဟူသော သတ္တလောကနှင့် ခန္ဓာ၊အာယတန၊ဓာတ်စသော သင်္ခါရလောကနှစ်ပါးတို့ အချင်းချင်း ဆက်သွယ်ကြပုံ၊ သုံဆယ့်တစ်ဘုံဟူသော သြကာသလောကနှင့် ထိုသတ္တလောက၊ သင်္ခါရလောကနှစ်ပါးတို့ အချင်းချင်း ဆက်သွယ်တည်ရှိနေပုံကို  ရှင်းလင်းဟောကြားထားပါသည်။

နောက်ဆုံးဖြစ်တဲ့ ခုနစ်ခုမြောက် ပဋ္ဌာန်းကျမ်းမှာတော့.. ပိုဂ္ဂိုလ်သတ္တဝါဟူသော သတ္တလောက၊ ရုပ်၊နာမ်တရားဟူသော သင်္ခါရလောက၊ သုံးဆယ့်တစ်ဘုံဟူသော သြကာသလောကတို့ဟာ  မည်သို့သော အကြောင်းကြောင့် ဖြစ်ပေါ် တည်ရှိနေသလဲ၊
 တန်ခိုးရှင် တစ်ဦးက ဖန်းဆင်း၍ ဖြစ်ပေါ်လားခြင်လား၊
အကြောင်းမဲ့ သက်သက်ဖြစ်ပေါ်လာခြင်းလား စသော ပြဿနာများကို ဖြေရှင်းရန်  (၂၄)ပစ္စည်း ပဋ္ဌာန်းနည်း အကြောင်းအကျိုး ဆက်စပ်ပုံကို နိဂုံးချုပ် ဟောကြားသော ကြောင့် ပဋ္ဌာန ဟု အမည်ရပါသည်။



အသံမစဲ ရွတ်ဖတ်ပူဇော်ရခြင်း အကြောင်းရင်း
ယနေ့ခေတ် ပြည်တွင်း/ပြည်ပ ဝတ်အသင်း၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ပဋ္ဌာန်းတရားတော်ကို ၇-ရက် ၊ ၅-ရက် ၂၄-နာရီ စသာည်ဖြင့် အသံမစဲရွတ်ဖတ်ပူဇော်တတ်ကြပါတယ်။
အကြောင်းရင်းကတော့ ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူစဉ်က အသံမစဲ နေ့ညမပြတ် ဟောကြေားတော်မူခဲ့သည်ကို အကြောင်းပြု၍ အသံမစဲ ရွတ်ဖတ် ပူဇော်ခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား မရပ်မနား ( အသံမစဲ) ဝါးတွင်းသုံးလပတ်လုံး ဟောကြားတော်မူ

ဗုဒ္ဓြမတ်စွာသည် မဟာသက္ကရာဇ် ၁၀၉-ခုနှစ်၊ ဝါဆိုလပြည့်နေ ညနေပိုင်း၌ သာဝတ္ထိပြည်အနီး ကဏ္ဍမ္ဗမည်သော သရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နှိမ့်နင်းတော်မူရန် ရေး၊မီးအစုံ တန်ခိုးပြာဋိဟာ ပြပွဲကို အဆန်းတကြယ် ဖန်းဆင်း ပြသာတော်မူပါတယ်။ ထိုနေ့ တန်ခိုးပြပွဲအပြီးမှာပင် မယ်တော်မိနတ်သားအား ကျေးဇူးဆပ်ဖို့ တာဝတိံသာသို့ ကြွရောကခါ ခုနစ်ဝါမြောက်ဝါကပ်တော်မူပါတယ်။

တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်အနီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်၌ သိတင်းသုံးတော်မူကာ မယ်တော်ဖြစ်ခဲ့ ဖူးသော သန္တုသိတနတ်သားနှင့်တကွ စကြာဠာတိုက်တသောင်းမှာ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးပတ်လုံး နေ့ညမပြတ် အသံမစဲ အမြဲဟောကြားတော်မူပါတယ်။

မြတ်စွာဘုရားဟာ လူသားဖြစ်၍ ဆွမ်းစားချိန်ရောက်တဲ့အခါ ဗုဒ္ဓကိုယ်စား နိမ္မတရုပ်ပွားတော်တစ်ဆူကို တူညီအောင် ဖန်ဆင်းတော်မူ၍ အဘိဓမ္မာတရားတော်ကို ဆက်လက်ဟောကြားတော်မူစေပါတယ်။  ထို့နောက် သပိတ်သင်္ကန်းကို ယူတော်မူကာ အနေတတ်အိုင်သို့ကြွဆင်းတော်မူခါ ဒန်ပူးဝါးခြင်း (သွားတိုက်ခြင်း) ရေသပ္ပါယ်ခြင်းတို့ကို ပြုတော်မူပြီး သင်္ကန်းရုံကာ ဥတ္တရကုရုခေါ် မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါတယ်။  ဆွမ်းခံမှ ပြန်ကြွလာပြီး  အနောတတ်အိုင်း နဘေးမှာ ဆွမ်းဘုဉ်ေးပးပြီး နေ့အခါ ( ခေတ္တ) အနားယူရန် စန္ဒကူးတောသို့ ကြွတော်မူပါတယ်။

ထိုစန္ဒကူးတော်၌ပင် အရှင်သာရိပုတ္တရားအား တာဝတိံသာနတ်ပြည်၌ ဟောကြာထားသော တရားတော်ကို အကျဉ်းမျှ ပြန်လည်ဟောပြပါတယ်။

          ဤသို့ ဗုဒ္ဓမြတ်စွာ ပဋ္ဌာန်းဒေသနာတော်နှင့် အဘိဓမ္မာ ၇-ကျမ်းကို ဝါတွင်းသုံးလပတ်လုံး နေ့ရောညပါ အသံမစဲ နတ်ဗြဟ္မာတို့အားဟောကြားတော်မူခဲ့သော တရားရှည်းကြီးဖြစ်ပါတယ်။  

 ထိုတရားရှည်ကြီးတစ်ပုဒ်ဖြစ်၍ အဘိဓမ္မာတရား တော်ကြီးကို အစမှ အဆုံးတိုင် ဆက်တိုက်နာကြားရမှ  သဘောပေါက်နိုင်ပါတယ်။ တစ်ပိုင်းတစ်စဟောခြင်း၊နာခြင်းတို့ဖြင့်သဘောမပေါက်နိုင်ပါ။

ထို့ကြောင့် အသံမစဲ နေရောညပါ ဆက်တိုက်ဟောကြားခြင်းဖြစ်ပါတယ်။ ယင်းသို့ ဘုရားရှင် အသံစမဲ ဆက်တိုက် ဟောကြားခြင်းကို  အကြောင်းပြု၍  မျက်မှောက်ခေတ်တွင်လည်း ပဋ္ဌာန်းတရားတော်ကို အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်း ဖြစ်ပါတယ်။

ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ရကျိုး..

ပဋ္ဌာန်းရွတ်ဆိုရကျိုးကာ များပြာလှ၍ ကျမ်းတစ်မက ရေးသား၍ မကုန်နိုင်သော ကြောင့် ဤနေရာတွင် အသေးစိတ် မဖော်ပြတော့ပါ။
ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ၊
အစိန္တယေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယော ( အပ ၁၊ ၇) ဟူသော ဒေသနာတော်အတိုင်း မြတ်စွားဘုရား ဂုဏ်တော်မျာသည် မကြံစည်အပ် ၊မကြံစည်နိုင်လောက်အောင် များပြားလှပါတယ်။ ထို့အတူ ဘုရားရှင်များ ဟောကြား အပ်သော ပဋ္ဌာန်းတရာတော် အကျိုးကလည်း ကြံစည်၍ မရနိုင်လောက်အောင် များပြားလှပါတယ်။
ထို့ကြောင့် ပဋ္ဌာန်းတရားတော်ကို ရွတ်ဆိုပွားများခြင်း၊ လိုက်နာ ကျင့်ကြံခြင်းအားဖြင့် အန္တရာယ်ခပ်သိမ်း၊ ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း ကင်းငြိမ်းကြ၍ မျက်နှာပွင့်လန်းခြင်း၊ စည်းစိမ်ဥစ္စားတိုးတတ်ခြင်း၊ ကျန်းမာရွှင်လန်းခြင်း စသော အကျိုးထူးများ ရရှိနိုင်ပါသောကြောင့်   စတုတ္ထအကြိမ်မြောက် ဗုဒ္ဓရံသီ  ၂၄-နာရီ အသံမစဲ မဟာပဋ္ဌာန်းပွဲကို စဉ်လာမပျက် ဆက်လက် ဆင်းနွဲကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။
ဗုဒ္ဓရံသီဆရာတော်  9/13/13

No comments:

Followers

My Blog List