Sunday, May 5, 2013

၃- ရက်တရားစခန်း




ခဏလေးတော့ အချိန်းပေးပါ..

 လူတွေက  ကျန်းမာရေး မကောင်းဘူးလို့ မကြာခဏပြောတတ်တယ်။ ကျန်းမာရေးကောင်းအောင်မှ “ထွက်သက်၊ဝင်သက်” အသက်မရှုတတ်တာ။

လူတွေက လူမှုရေး၊စီးပွားရေးတွေ အဆင်မပြေဘူးလို့ ပြောကြတယ်။   လူမှုရေး၊ စီးပွားရေး အဆင်စေတဲ့ နည်းကောင်းလမ်းမှန်မှ မသိကြတာ။

လူတွေက၊ မကြာမခဏ ၊စိတ်ဆင်းရဲတယ်၊ စိတ်ညစ်တယ်၊ မပျော်ဘူးလို့ မကြာခဏ ပြောတတ်တယ်။ စိတ်ချမ်သာအောင်၊ စိတ်ငြိမ်အောင် “ထွက်သက်၊ ဝင်သက်” ကိုမှ မရှုတတ်တာ..။

မွေးကတည်း ကတည်းက အသက်ရှုနေတာပဲ၊ ဘာလို့ ထွက်သက်၊ဝင်သက်ကို မရှုတတ်ရမှာလဲလို့  စောဒကတတ်စရာရှိတယ်။ ဟုတ်ပါတယ်။ လူတွေက မသေယုံတမယ် အသက်ရှုနေတယ်၊ ကျန်းမာအောင် ၊ သန်စွမ်းအောင်၊ စိတ်၊ကိုယ်ခန္ဓာရဲ့ လိုသလောက်ကို အသက်ရှုဖို့မေ့နေကြတယ်။ နေမကောင်းရင် ဆရာဝန် အားကိုးကြတယ်၊ စိတ်ဆင်းရဲရင် ကိုယ်ပတ်ကျင်ကို လက်ညိုးထိုးကြတယ်။ ဒါတွေက ထွက်သက် ၊ဝင်သက် အသက်ရှုနည်းမတတ်လို့ပဲ။

ထွက်သက်၊ဝင်သက် အသက်ရှုတတ်ခြင်းဟာ စိတ်ကိုငြိမ်သက်စေတယ်၊ ငြိမ်းသက်တဲ့စိတ်ဟာ တည်ငြိမ်တယ်၊ တည်ငြိမ်သောစိတ်ဖြင့် ဘဝကိုအေးချမ်းအောင် ဖန်းတီးနိုင်တယ်။  လူမှုရေး၊ စိးပွားရေးတွေမှာ အမှားနည်းအောင် ကူညီထောက်ပံ့နိုင်တယ်။ လူမှုကိစ္စအဝဝကြောင့် အချိန်နည်းသူများအား  အချိန်ကို စနစ်ကျကျ သုံးတတ်လာအောင် အထောက်အကူပေးမယ်။

ကဲ…ဘယ်လိုလဲ  အမေမွေးကတည်းက အသက်ရှုလာတဲ့ လူသားတွေကို ဗုဒ္ဓက သိပ္ပံနည်းကျ အသက်ရှုနည်း စနစ်တွေပေးထားတယ်လေ။

ဒီနည်းစနစ်ကို တောင်စွန်းဆရာတော်ဦးပညာဇော၏ တပည့်ရင်း အရှင်ဥာဏုတ္တရက ၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးးကျောင်း  မှာ ကနေဒါ  အလုပ်ပိတ်ရက်ဖြစ်တဲ့ မေလ ၁၈၊ ၁၉၊ ၂၀ ရက်တွေမှာ လမ်းညွန်ပြမှာဖြစ်တယ်။  စိတ်ဝင်စားလို့ အသက်ရှုနည်းတတ်ခြင်းသပဆိုရင်တော့ ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ ဓမ္မမိတ်ဆွေ..။

No comments:

Followers

My Blog List