Saturday, May 4, 2013

ဘယ်မှာလည်း အစမ်းသပ်ခံ ချစ်ခြင်းမေတ္တာ...


**  ကောင်မလေးတစ်ယောက်က ပြောတယ်။ သူ့ကောင်လေးက သူ့ကို မခေါ်တော့ဘူးတဲ့။ ဘာကြောင့်လည်းဆိုတော့...၊ အခြားကောင်လေး သူငယ်ချင်းတွေနဲ့ စကားပြောလို့တဲ့။
.......
*** ကောင်လေးတစ်ယောက်က ပြောတယ်။
သူ့ကောင်မလေးက သူဖုန်းဆက်တာကို မကိုင်တော့ဘူးတဲ့။ ဘာကြောင့်လည်းဆိုတော့။
သူငယ်ချင်း ကောင်းမလေးတစ်ယောက်ရဲ့ မွေးနေ့ မှာ Facebook  ကနေ့  Happy Birthday to youလို့ ရေမိလို့တဲ့။
......
** ကောင်းလေးတစ်ယောက်က ပြောတယ်.. သူကောင်းမလေးက သူပေးထားတဲ့ လက်ဆောင်တွေကို ပြန်ပို့တယ်တဲ့။ ဘာကြောင့်လည်း ဆိုတော့ သူခေါ်တဲ့ အချိန်မှာ ရောက်မလာလို့တဲ့။
.......

** ကောင်းမလေးတစ်ယောက်က ပြောတယ်...။ သူ့ကို ချစ်လို့မရတော့ဘူးတဲ့။
ဘာကြောင့်လည်းဆိုတော့ .. ကောင်လေးဟာ သူ့ထက် သူ့ညီးအစ်ကို မောင်နှမတွေကို ပို့ချစ်တယ်တဲ့။
.......

အိမ်ထောင်ရှင်  အမျိုးသမီးတစ်ယောက်က ပြောတယ်..။ သူ့ ယောက်ျားကို သံသရှိနေတယ်တဲ့။
ဘာကြောင့်လည်း မိသားစုနဲ့အတူ ရှိမနေလို့လား ၊ မင်းနဲ့ကော အတူမရှိနေလို့လားဆိုတော့ တစ်ပတ်ကို နှစ်ခါလောက်တော့ အတူရှိနေပါတယ်။ သူက အမြဲတမ်  ငွေရှာဖို့ပဲ ပြောနေတယ်။ အလုပ်မှာ အခြားမိန်းကလေးတွေနဲ့ ရယ်ရယ်မောမောပြောနေတာကို တွေ့ရတယ်တဲ့။
......
အိမ်ထောင်ရှင် အမျိုးသာတစ်ယောက်က ပြောတယ်။ သူ့ ဇနီးကို စိတ်မရတော့ဘူးတဲ့။
ဘာကြောင့်လည်းဆိုတော့ ခုတစ်လော အလှအပတွေ ပြင်လာတယ်။ အပတ်တိုင်းGame ကိုသွားလို့တဲ့။
......

အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်က ပြောတယ် ၊ အလုပ်မရှိရင် အိမ်မှာ မနေချင်ဘူးတဲ့။
ဘာကြောင့်လည်းဆိုတော့ သူနဲ့ မျက်နှာချင်းဆိုင်ရလိုတဲ့။

စာရေးသူလည်း.. သူတို့စကားတွေ နားထောင်ပြီး ... အင်း ရည်စားဘဝက ပြောခဲ့တဲ့  ထာဝရချစ်ပါမယ်ဆိုတဲ့ စကားတွေ ဘယ်ရောက်သွားပါလိမ့်ဟုသာ...။

*****

ဒါကတော့ မခိုင်မြဲတဲ့ ပုထုဇဉ် သာမန်လူသားတွေရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့  သဘောပဲလေ၊ တရားဓမ္မတွေကို ပွားများနေကြတဲ့ အရိယာသူတော်စဉ်လမ်းကို လျှောက်လှမ်းနေကြတဲ့ သူတော်စဉ်တွေ တောင် သံသယဝင်လာရင် ၊ တကယ်ချစ်ကြပါတယ်ဆိုတဲ့  ချစ်ခြင်းတရားတွေက  ၊ ပျက်ပြယ်တတ်ကြပါတယ်။ ဒါကြောင့်မို့ လောကီချစ်ခြင်းမေတ္တာဟာ အပေါ်ရံ ရွှေရည်စိမ်မေတ္တာဟု စာရေးဆရာများ ရေးဖွဲ့ကြသည် ထင်ပါရဲ့

****
ကဿပမြတ်စွာဘုရားလက်ထက်က  တစ်ပါးနဲ့တစ်ပါး အလွန်ချစ်ကြ၊ခင်ကြ အတူသွား အတူလာကြတဲ့ သူငယ်ချင်း ရဟန်းနှစ်ပါးရှိခဲ့တယ်။

သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ ချစ်ခြင်မေတ္တာဟာ ခိုင်းမာလွန်းလို့ ၊ နှစ်ကိုယ်တစ်စိတ်လို့တောင် ဘေးက ရဟန်းတွေ ပြောစမှတ်ဖြစ်အောင် တစ်ဦးကို တစ်ဦး ချစ်ခင်၊ကြင်နာကြတယ်။

ဒီလို ရဟန်းနှစ်ပါးရဲ့ ကြည်နူးဖွယ်ရာ ချစ်ခင်ကြင်နာခြင်းကို မြင်တော့ ဘုမ္မဇိုဝ်းနတ်တစ်ပါးက သူတို့ တကယ်ပဲ ၊ ဘယ်သူခွဲခွဲ တို့မကွဲဘူးဆိုတဲ့ ချစ်ခြင်းမေတ္တာလား ဆိုတာကို စမ်းသပ်လို ပါသတဲ့။

အင်း... ဒီနတ်ရဲ့ Idea ကလည်း ကောင်းတဲ့ Idea  မဟုတ်ဘူးနော် အတုမခိုးကြလေနဲ့။

ဘုမ္မဇိုဝ်းနတ်ဟာ  သူငယ်ချင်း ရဟန်းနှစ်ပါးရဲ့ ချစ်ခြင်းကို ခွဲဖို့ အချိန်အခါကို စောင့်နေပါတယ်။
တစ်နေ့တော့ ရဟန်းနှစ်ပါး တောထဲက စမ်းချောင်းလေးမှာ ၊ နေရာထိုင်ခင်း အဆင်သင့်တာနဲ့ ရဟန်းတစ်ပါးက မိတ်ဆွေ ရဟန်းအား သပိတ်၊သင်္ကန်း ခဏအပ်နှံထားပြီး  ၊ အပေါ့အပါးသွား၊ ရေမိုးချိုး ၊ကိုယ်၊လက် သုတ်သင် လိုက်ပါတယ်။

ရဟန်းကလေး ကိစ္စပြီးလို့    ချုံဖုတ်ထဲက ထွက်အလာမှာတော့ သူ့နောက်မှာ အမျိုးသမီးတစ်ယောက် ကပ်ပါလာပါတယ်။  ချစ်ခြင်းကို ခွဲဖို့ ချောင်းနေတဲ့ ဘုမ္မဇိုဝ်းနတ်က အမျိုးသမီးတစ်ယောက်အသွင် ဖန်းဆင်းပြီ နောက်က လိုက်လာတာပါ။

အမျိုးသမီးက ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေကို ပြင်ဆင်ထုံးဖွဲ့လို့ ၊လုံချည်ကိုလည်း ပြင်ဝတ်လို့၊  ကိစ္စပြီးလို့ ချွေးသီး ချွေးပေါက်တွေ ကျနေတဲ့ ပုံစံနဲ့ပေါ့။ တကယ့်ကို ရဟန်းကလေးနဲ့ ကာမဂုဏ်ပျော်ပါး ပြီးလာတဲ့ အသွင်ကို ဖန်ဆင်းလိုက်ပါတယ်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ မိတ်ဆွေရဟန်းတော်လေးက ၊ ချုံပုတ်က ထွက်လာတဲ့ ရဟန်းတော်လေးကို အကြီး အကျယ် အထင်လွဲသွားပါတယ်။ ဒီလို့ မိုင်းရိုင်းယုတ်မာနဲ့ သူနဲ့တော့ ဘယ်တော့မှ မပတ်သတ်တော့ဘူးလို့  ဆုံးဖြတ်လိုက်တယ်။ ကာယကံရှင် ရဟန်းတော်လည်း ဘယ်လိုပင် ဝန်ချတောင်းပန်းသော်လည်း လုံးဝမယုံကြည်တော့ပါဘူး။

" ရော့... မင်းရဲ့ သပိတ်သင်္ကန်း ၊ မင်းလို့ ယုတ်မာတဲ့ သူနဲ့  ရှေ့ကို ဘယ့်တောမှာ ခရီးမဆင်ချင်တော့ဘူး၊
 နောက်ကိုလည်း ငါ့ကို ဘယ်တော့မှ မပတ်သတ်တော့ပါနဲ့လို့ မိတ်ဖြတ်စကား ပြေားကာ ချက်ခြင်းပဲ လမ်းခွဲသွားတယ်။

သံဃာတော်များ လပြည့်လကွယ်  ဥပုသ်ပြုတဲ့နေ့မှာလည်း ရဟန်းယုတ်နဲ့ အတူ ဥပုသ်မပြုနိုင်ဘူးဟု ဆိုကာ ငြင်းဆန်နေပါတော့တယ်။ နောက်ဆုံးမှာတော့  ရဟန်းနှစ်ပါးရဲ့ ချစ်ခြင်းကို  သွေးတို့းစမ်းတဲ့ ဘုမ္မဇိုဝ်းနတ်ကိုယ်တိုင် အဖြစ်မှန်ကို ရှင်းပြတော့မှ  ဥပုသ်အတူပြုတော့တယ်။

ဘုမ္မဇိုဝ်းနတ်မင်းက ရှင်းပြလို့ အဖြစ်မှန်ကို သိကြပေမယ့်လည်း သိပ်ချစ်ကြတဲ့ ရဟန်းတော်နှစ်ပါးဟာ အရင်ကလို တစ်ယောက်နဲ့တစ်ယောက် အခေါ်အပြော အဆက်အဆံမရှိတော့ဘူး၊ အရင်ကလို တစ်နေရာတည်းမှာ အတူမနေကြတော့ဘူး၊ တစ်ပါးနဲ့ တစ်ပါးလည်း မတွေ့ဖြစ်ဖြစ် မမြင်ဖြစ်အောင်ရှောင်နေကြတော့တယ်။ တစ်ပါးနဲ့ တစ်ပါး သူစိမ်းတွေ နေလိုက်ကြတော့တယ်။
*****
အဲဒီလိုအချိန်ခါမျိုးမှာတော့ စားရေးသူ စဉ်းစားမိပါတယ်။ ချစ်သူတွေ ၊ လင်နဲ့မယား နှစ်ဦးသားတို့ရဲ့ အသဲနှလုံးမှာ ပြောမထွက်တဲ့ စကားလုံးများကတော့   မီးမီးခဲ သီချင်းထဲကလို... ပုံရိပ်ဟောင်း အတိတ်က အရိပ်များကို တွေးရင်းတွေရင်းဖြင့် ဘယ်မှာလဲ အစမ်းသပ်ခံ  ချစ်ခြင်းမေတ္တာဟုသာ အော်ဟစ်လိုက်ချင်ပါရဲဗျာ..။

No comments:

Followers

My Blog List