ဒီနေ့ ကျမ မိတ်ဆွေထံမှ ဖိတ်စာတစ်ဆောင်ရ၍ စိတ်တွေလှုပ်ရှားနေသည်။
ကျမ ဖိတ်စာတွေ တော်တော်များများ ရဖူးပါသည်။ အလှူပွဲဖိတ်စာ၊ မင်္ဂလာဆောင်ဖိတ်စာ၊ မွေးနေ့ဖိတ်စာ
စသဖြင့် ကာလာမျိုးစုံဖြင့် ဖိတ်စာကို ဒီဇိုင်းပြုလုပ်ကာ လှလှပပ မြူးမြူးကြွကြွ ဖိတ်များလည်းရှိသည်။ မည်သို့ဆန်းပြား ၊ မြူးကြွသောဒီဇိုင်းဖြင့် ဖန်တီးထားပါသော်လည်းကျမစိတ်ကို ဆွဲဆာင်းနိုင်စွမ်းမရှိပါ။
ဟော ! ယခုဖိတ်စာကတော့ ရိုးရိုးကလေး၊ စာအိပ်ပင်မပါ၊ ကြည့်လိုက်ရုံနှင့် ဘာဖိတ်စာဆိုတာ အထင်းသားပေါ်နေသည်။
"ဗန်ကူးဘာရောက်မြန်မာများ၏ မြန်မာနိုင်ငံ ကလေးများအတွက် ပညာရေး၊ကျန်းမာရေး ရန်ပုံငွေ ဂီတပွဲ" ဖိတ်စာဖြစ်သည်။
ကျမကနေဒါရောက်တာဆယ်နှစ်ကျော်ပြီဖြစ်သော်လည်းရောက်စနှစ်ကပင် မြန်မာသင်္ကြန်ပွဲရောက်ဖူးသည်၊
ထို့နောက် မြန်မာပွဲတော်တော်များများကို မရောက်ဖြစ်တော့၊ အလုပ်နှင့်အိမ် ၊ အိမ်နှင့်အလုပ် ဇယားရှုပ်ကာ အချိန်ကုန်လွန်စေခဲ့သည်။
ဗန်ကူးဘားတွင် မြန်မာဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်းရှိသည်ဟုသာ ကြားဖူးသည် ၊ ဘယ်ကျောင်းမှ မရောက်ဖြစ်၊ ဘုန်းကြီးဆိုတာ ဖြူသလား၊မဲသလားဆိုတာပင်မသိရပါ။
ကျမစာရေး ဝါသနာပါသောလည်း ဂီတကို ဝါသနာမပါ၊ ဂီတာပင်ကောင်းကောင်း မတီးတတ်ပါ၊ တစ်ခါတစ်ရံ ကလေးဘဝကဆိုခဲ့ဖူးသော သီချင်းများကို နားထောင်ဖြစ်၊ ဆိုဖြစ်သည်၊ နောက်ထပ် အသစ်ထွက်လာသော အဆိုတော်များ၊ သီးချင်းများကို ကောင်းကောင်း မသိတော့ပါ။
ကျမဂီတ ဝါသနာမပါသော်လည်း မြန်မာပြည်ကလေးများ ပညာရေး၊ ကျန်းမာရေ ရန်ပုံငွေ ပွဲကိုသွားဖြစ်အောင် သွားမည်းဟု အားခဲထားလိုက်သည်။
ဖိတ်စာကို ဖတ်ကြည့်ရင်းဖြင့် .. မြန်မာပြည် ပညာရေး၊ ကျန်းမာရေးအကြောင်းကို အတွေးနယ်ချဲမိသည်။
ပညာရေး...မညာကြေး...
ကျမတို့ တောကျောင်း မူလတန်းကျောင်းသားဘဝလောက်က တည်းက အင်္ဂလိပ်စာသင်ခဲ့ရသည်။ ယခုထက်တိုင် အင်္ဂလိပ်စာကို ကောင်းကောင်းမတတ်ပါ။ မြန်မာပြည် ပညာရေးစနစ်က စာမေးပွဲ ပညာရေးစနစ်ဖြစ်သည်။ စာမေးပွဲ ဖြေရန် တစ်ပွဲတိုး အရကျက်မည်၊ စားမေးပွဲ ဖြေပြီးလျှင် စားများ ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွားသည်။အနောက်နိုင်ငံများ၏ ပညာရေးစနစ်က လူငယ်များကို လမ်းဖောက်ပေးသော ပညာရေးစနစ် ဖြစ်သည်။ အခြေခံမူလတန်းမှ ကိုးတန်အထိ စာမေးပွဲဖြေကာ အတန်းတက်သော စနစ်မရှိ၊ တတ်အောင်၊ နာလည်းအောင်သာ သင်ကြားပေသည်။
ဒါကြောင့် အမေရိကန်ပြည်ထောင်စု၊ မြောက်အီလီနွိုက် တက္ကသိုလ်က Intellectual Property Protection (IPR-2001) ကို တက်ရောက်လာသော ဒေါက်တာ ကျော်ဇောနိုင်က မြန်မာ့ပညာရေး နိမ့်ကျမှုမှာ ကျောင်းသားများရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ကန့်သတ်ထားသလိုဖြစ်တဲ့ အလွတ်ကျက်စနစ်ကို ယနေ့အထိ လက်ခံကျင့်သုံးနေ တဲ့အတွက်ကြောင့်ဟု ဆိုသည်။
“နောက်တခုက ပြည်သူ့နီတိ မသင်တဲ့ အချိန်ကစပြီး ပညာရေးအတွေးအခေါ် ပျက်သွားသည်။ ဒါကို သင်ကိုသင်ရမည်။ ကျောင်းသားတွေလည်း စာကြည့်တိုက်သုံးတတ်ဖို့ သင်ရမည်။ အခုပညာရေး အခြေအနေက ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နိမ့်ကျရုံတင်မကဘူး ကျနော်တို့နိုင်ငံမှာ ပညာရေး ရှိပါသေးရဲ့ လားလို့တောင် မေးခွန်းထုတ်ရမည့် အခြေအနေပဲ” ဟု ဒေါက်တာကျော်ဇောနိုင်က ပြောသွားခဲ့သည်။
နောက်တစ်ခု မြန်မာနိုင်ငံ ပညာရေးစနစ် အဆိုးဆုံးမှာ ပညာရေးကို ငွေးပေးဝယ်ရသော စနစ် ဖြစ်သည်။လာဒ်ပေးရင် ဘွဲ့ရသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် ဘွဲ့ရ အရေအတွက်များပြီး အရည်အချင်းမရှိတဲ့ဘဝကို ရည်ညွှန်းသော 'လယ်ကွင်းထိုထို တက္ကသိုလ်၊ မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ကရာလူ ပါရဂူ' ဟုဆိုသော စကားတစ်ခု ပေါ်လာခဲ့သည်။
ဒါကြောင့် အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ
မြင့်မြင့်ခင်က “ပညာရေးနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရရင်
(၁) ညံ့တယ်၊
(၂) ညံ့တယ်၊
(၃) ညံ့တယ်ဟု မှတ်ချက်ပေးဖူးသည်။
ဘာကြောင့်ညံ့လည်းဆိုတော့ ပိတ်ထားလို့ဟုဆိုသည်။ ပညာရေးစနစ်ကို မညံ့ချင်ရင် မူလတန်းကစပြီး ပြင်ရမည်။ ပြင်ဖို့ကောင်းတာ ၂ ပိုင်းရှိသည်။ အမြစ်ကလှန်ပြီး ပြင်ရလိမ့်မည်။ တို့ကနန်း၊ ဆိတ်ကနန်း လုပ်လို့မရဘူး”ဟု စသဖြင့်ပြောခဲ့ဖူးသည်။
မြန်မာနိုင်ငံ ပထဝီအနေအထားအရ တောရပ်တောဒေသက ၇၅% ရှိသည့်အတွက် ကျေးလတ်ဒေသ ပညာရေးကို အလေးထားသင့်သည်။ စီးပွားရေး အခြေအနေအရ မြန်မာနိုင်ငံအစိုးရမှ ပညာရေးအသုံးစရိတ်လုံလောက်စွာ ချမပေးနိုင်ကြောင်းသိရသည်။ သို့အတွက်ကြောင့် အနယ်နယ် အရပ်ရပ်မှာ ဘ/က ပညာရေးစနစ်ပေါ်လာသည်။
အဖိုးနည်း ၊ အဆင့်မြင့် ပညာရေစနစ် ထိရောက်အောင် ထိုကျေးလတ်ဒေသ၊ ဘ/ကကျောင်း တို့မှ ဆရာ/ဆရာမများကို အထူးမွန်းမံ သင်တန်းပေးသင့်သည်။ ဘ/က ပညာရေးဆို၍ ဘုန်းကြီးနှင့်လုံးဝလွှဲထား၍ မဖြစ်၊ ဖြစ်နိုင်လျှင် ပညာရေးဦးစီဆောင်ရွက်သော ဆရာတော်ပါ ၊ မွန်းမံသင်တန်း တက်ရောက်သင့်သည်။
အနောက်နိုင်ငံများတွင် တက်ကနော်လော်ဂျီတိုးတက်လာသည့်အတွက် တစ်နိုင်နှင့်တစ်နိုင်ငံ ၊ တစ်ကျောင်းနှင့်တစ်ကျောင်း ၊ SKYE စသည့် အွန်လှိုင်းမီဒီယာများသုံး၍ ကျောင်းသားလေးများ
တွေ့ဆုံပွဲလုပ်ကြသည်။ ထို့အတူ မြန်မာနိုငံတွင်လည်း ကျေးလတ်ဒေသ ကျောင်းသားများနှင့် ၊ မြို့ကျောင်းမှ ကျောင်းသားများ တွေ့ဆုံပွဲ လုပ်ပေးသင့်သည်။
ငယ်စဉ်အခါ ပညာရှာရမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ၊ ပျော်ပျော်ပါးပါး၊ကျောင်းသားချင်း ပညာရေး အတွေ့အကြုံလှယ်သော စနစ်လည်း အထူးကောင်းမွန်သောစနစ်ဖြစ်သည်။
ကျန်းမာရေး မလိမ်ကြေး
စစ်တမ်းများအရ.. မြန်မာနိုင်ငံ ကျန်းမာရေးဝန်ဆောင်မှုမှာ အာဖရိကဒေသများပြီးလျှင် ကမ္ဘာမှာ အညံ့ဆုံးဟုဆိုသည်။ ဖွင့်ဖြိုးတိုးတက်သော နိုင်ငံများများမှာ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ် မှစ၍ အောက်ခြေလူတန်းစာအထိ အားလုံးအတူတူ ကျန်းမာရေး ဝန်ဆောင်မှု အပြည့်အဝရှိသည်။ ကျန်းမာရေဆိုင်ရာ အာမခံများဝယ်ထားရသည်။မြန်မာနိုငံ ဘားဂျက် ခွဲဝေစနစ် ဖတ်ကြည့်လိုက်သည်အခါ နိုင်ငံတော်ဝင်ငွေ၏ ၂၃% သာကျန်းမာရေး အသုံးစရိတ်ဖြစ်ပြီး စစ်တပ်အသုံးစရိတ်က အများဆုံးဖြစ်သည်ကို လေ့လာ တွေ့ရှိရသည်။
မြန်မာနိုင်ငံ ဘားဂျက်အခြေအနေအရ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်သော် လည်း " ကျိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏" ဟူသော စကားနှင့်အညီ။ ကျေးလတ်ဒေသ ကျန်းမာရေး ပညာရေးဟောပြောပွဲများ၊ ကျန်းမားရေး အလုပ်ရုံဆွေးနွေးပွဲများ မကြာခဏပြုလုပ်သင့်ပါသည်။
ဩော်..ဖိတ်စာကို ကြည့်ရင်း ကျမ မြန်မာပြည် ပညာရေး၊ကျန်းမာရေးအကြောင်းကို စဉ်းစာလိုက်တာ ဖိတ်စာကို ဆက်ဖတ်လိုက်တော့ အချိန်က ဇွန်လ ၁-ရက်၊ ၅း၀၀ နာရီမှ ၉း၀၀ နာရီအထိ၊ ညနေ စားစရာတောင်ပါဦးမည်တဲ့။ ဝမ်းသာအားရ သူများတွေလို အများကြီးမလှူနိုင်သော်လည် ကိုယ်တတ်နိုင်သလောက် မြန်မာပြည် ပညာရေး၊ကျန်းမာရေ ထောက်ပံ့မည်ဟု ရည်စူးကာဖြင့်..။
No comments:
Post a Comment