Saturday, May 11, 2013

အမေဆိုတာ






အမေဆိုတာ.. ကလေးများအတွက် စွမ်းအား၊
အမေဆိုတာ.. ကလေးများအတွက် ချစ်ခြင်းမေတ္တာ၊
အမေဆိုတာ.. ကလေးများအတွက် အကူအညီပေးတတ်သူ၊
အမေဆိုတာ.. ကလေးများအတွက် အခိုင်အမာ ရပ်တည့်မယ့်ဘဝကျောက်ဆောင်၊
အမေဆိုတာ.. ကလေးများအတွက် .. အကောင်းဆုံးမိတ်ဆွေ၊
 အမေဆိုတာ..
ကလေးတွေကို လူဘဝကိုရောက်အောင် ခေါ်ဆောင်လာသူပါ။

အမေဆိုတာ...
ကလေးတွေ ဆာလောင်လို့ ငိုကြွေတဲ့အခါ..  နို့ချိုတိုက်ကြွေးတတ်သူပါ။

အမေဆိုတာ..
ကလေးတွေ ဖျားနာတဲ့အခါ တစ်ညလုံး မအိပ်ပဲ သူ့လက်မောင်းပေါ်တင်ပြီး “ ကလေး အားမငယ်နဲ့ မေမေအနားမှာရှိတယ်”လို့  အကြင်နာတရားနဲ့ အားပေးတတ်သူပါ။

အမေဆိုတာ..
ကလေးတွေအတွက် မမောနိုင် ၊ မပန်းနိုင် အမြဲတမ်း ချက်ပြုတ်ကျွေးတတ်သူပါ။

အမေဆိုတာ..
ညစ်ပေနေတဲ့ သား၊သမီးတွေရဲ့ အဝတ်အစားတွေကို အမြဲတမ်းလျှော်ဖွတ်ပေးတတ်သူပါ။

အမေဆိုတာ..
ကျောင်းသွားခါနီးတိုင်း ကလေးတွေရဲ့ ဖိနပ်ကိုကြိုးကို အမြဲတမ်းချီနှောင်ပေးတတ်သူပါ။

အမေဆိုတာ..
ကလေးတွေးကိုကျောင်းမှာ ရန်မဖြစ်နဲ့လို့ အမြဲတမ်း မှာကြားတတ်သူပါ။

အမေဆိုတာ..
 ကလေးတွေကို စာကြိုးစားနော်လို့ အမြဲတမ်းမှာတတ်သူပါ။

အမေဆိုတာ..
မလိမ္မာတဲ့ ကလေးများအတွက် ကွယ်ရာက မျက်ရည်ကျတတ်သူပါ။

အမေဆိုတာ..
ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်အတွက် အမြဲတမ်း ကလေးနောက်က ရပ်တည်ပေးတတ်သူပါ။

အမေဆိုတာ..
ပညာတတ်ကြီးဖြစ်သွားတဲ့ ကလေးတွေအတွက် အမြဲတမ်း ဂုဏ်ယူနေတတ်သူပါ။

အမေဆိုတာ..
အိမ်ထောင်ရက်သားကျသွားပြီး ပြည့်စုံစွာရှိနေတဲ့ သား၊သမီတွေကို ကြည့်ပြီး အမြဲတမ်းကြည်နူးတတ်သူပါ။

အမေဆိုတာ...
ကလေးဘဝ မုန့်ဖိုးကို ကြည်ကြည်နူးနူးပေးတတ်သော်လည်း။ ကြီးလာတဲ့အခါ သား၊သမီးများ ပေးမည့်လစာကို မမျှော်လင့်တက်သူပါ။

အမေဆိုတာ.. အမေဆိုတာ... အမေဆိုတာ..

No comments:

Followers

My Blog List