Friday, May 10, 2013

ဖေဖေ့ သမီးလေး


၁)
တစ်နေ့သောအခါ ကောသလမင်းကြီးဟာ  မြတ်စွာဘုရားထံသို့  ရှိခိုးကန်တော့ရန်ရောက်နေပါတယ်။ ထိုအခါ တစ်ယောက်သော မင်းခ ယောက်ျားက  မင်းကြီးထံချဉ်းကပ်၍  ''မလ္လိကာမိဖုရားမှာ  သမီးတော်ကို ဖွားမြင်ပါတယ်''လို့ လျှောက်ထားတယ်။

သမီးမိန်းကလေး မွေးဖွားတယ်ကြားတော့ ကောသလမင်းကြီး   စိတ်မချမ်းသာဖြစ်သွားတယ်။ထိုအခိုက် မြတ်စွာဘုရားက
 ကောသလမင်းကြီး  စိတ်မချမ်းသာမှန် သိတာမို့..

“ကောသလမင်းကြီး  သမီးလေးကို ကောင်းစွာစောင့်ရှောက်ပါ။ မိန်းကလေးဆိုပေမယ့်  စဉ်းစားတတ်တတ်တဲ့ပညာရှိတယ် ,
ကိုယ်ကျင့်သီလရှိတယ် ,
 လင်ယောက်ျားကို ရိုသေတတတယ်ဆိုရင် , အဲဒီမိန်ကလေးကလည်း  မြင့်မြတ်ပါတယ်။
အရပ်လေးမျက်နှာကို အစိုးရသောမင်းကိုလည်း  မိန်းမများက မွေးဖွားပေးတယ်။
 ထိုမင်းတို့ဟာ ရဲရဲင့်သတ္တိရှိတယ်၊ တိုင်းပြည်ကိုလည်း အုပ်ချုပ်နိုင်စွမ်းစွမ်ရှိတယ်ဟု မြတ်စွာဘုရား ပြေားကြားလိုက်ပါတယ်။

၂)
ချစ်သူတို့နှစ်ယောက်  လက်ထပ်ပြီးတဲ့ မင်္ဂလာဦးညမှာ နှစ်ဦးသား ကတိသစ္စာ တစ်ခုထားကြတယ်။ အဲဒီကတိသစ္စာကတော့ သူတို့ဆီကို ဘယ်သူပဲလာလာ “တံခါးဖွင့် မပေးကြေး” ဆိုတဲ့ကတိပဲဖြစ်ပါတယ်။

ပထဆုံးနေ့မှာတော့ အမျိုးသားရဲ့ မိဘများက သူတို့ကိုကြည့်ရှုဖို့ အခန်းကိုလာပြီး တံခါးခေါက်ပါတယ်။ နှစ်ဦးသား တစ်ဦးကို တစ်ဦး ကြည့်နေကြတယ်။ ချစ်သူတို့နှစ်ယောက် ဘယ်သူကိုမှ ဖွင့်မပေးကြေးလို့ သဘောတူထားတော့ အမျိုးသားက သူ့မိဘတွေပင်ဖြစ်သော်လည်း တံခါးကို ဖွင့်မပေးခဲ့ဘူးတဲ့။

တစ်နေ့တည်းမှာပဲ ရှေ့နောက်ဆိုသလို အမျိုးသမီးများရဲ့ မိဘများက သူတို့ကို ကြည့်ဖို့ တံခါးလာ ခေါက်ပြန်တယ်။  ချစ်သူတို့နှစ်ယောက် တစ်ယောက် တစ်ယောက်ကြည့်နေရင်း အမျိုးသမီးက  မျက်ရည်တွေကျလာကာ “ ငါ့မိဘတွေကိုတော့ ဒီလို ငါမလုပ်ရက်ဘူး” အမျိုးသမီးက ပြောပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။
အဲဒီတုန်းကတော့ အမျိုးသားက ကတိသစ္စာဖောက်ကာ တံခါးဖွင့်ပေးလိုက်တဲ့ ဇနီးကို ဘာတခွင်းမှ မပြောခဲ့ပါဘူး။

နှစ်တွေအလီလီပြောင်းလို့ သူတို့ဇနီးမောင်နှံမှာ သားလေးယောက်နဲ့နောက်ဆုံး သမီးလေးတစ်ယောက်
 မွေးဖွားလာပါတယ်။ တစ်နေ့တော့ အဖေဖြစ်သူက သမီးလေးအတွက် မွေးနေ့ပါတီကို ကြီးကျယ်ခမ်းနားစွာလုပ်ဖို့ သူ့အသိမိတ်ဆွေတွေအားလုံးကို ဖိတ်လိုက်ပါတယ်။ အဲဒီညမှာတော့ သူ့ဇနီးက “ ဘာကြောင့် ထူးထူဆန်းဆန်း သမီးလေးကျမှ မွေးနေ့ပါတီကြီးကျင်းပရတာလဲ၊ သား လေးယောက်တုန်းက မလုပ်ခဲဘူးပဲနဲ့” လို့မေးလိုက်ပါတယ်။

ဒီတော့ အမျိုးသာက  ရိုးရိုးပဲဖြေလိုက်ပါတယ် “ သမီးက ငါ့ကို တံခါးဖွင့်ပေးမယ့် သူပဲလေတဲ့”

(ဘာသာပြန်)

၃)
လွန်ခဲ့တဲ့   ၁၀-နှစ်လောက် သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူမှာ သားကြီးပဲ နှစ်ယောက်မွေးထား တာဆိုတော့ သူ့ကိုယ့်သူ ဂုဏ်ယူနေပုံပဲ၊  ဒီသားနှစ်ယောက်နဲ့တော်ပြီ နောက်ထပ် ကလေးမယူတော့ဘူး လို့လည်း ပြောတယ်။

 နောက်မကြာပါဘူး သူ့အမျိုးသမီးမှာ ကိုယ်ဝန်ရှိလာတယ်။  အမျိုးသမီးကို ဆရာဝန်သွားပြတော့ “ မိန်းကလေး” တဲ့၊ ကျနော့်မိတ်ဆွေ  နှလုံးမသာမယာဖြစ်သွာတယ်။

မိန်းမဖြစ်သူက  သူ့ယောက်ျားဆန္ဒမပြည့်ဝတော့ မျက်နှာငယ်လေးနဲ့ “ မိန်းကလေးလည်း ဘာဖြစ်လည်း အိမ်မှာ ယောက်ျားလေးတွေ ကြီး ကျမကို ကူညီမယ့်သူမရှိဘူး၊ မိန်းကလေး တစ်ယောက် ပါလာတော့ ကျမ ကူဖော်လောင်ဖက်ရတယ်ပေါ့” လို့ပြောလိုက်တယ်။

သမီးလေး အရွယ်ရောက်လာတဲ့အခါမှာတော့
 ထမင်းဝိုင်းမှာ ဖေဖေကြီးကို ထမင်းခူးကျွေးတာကလည်း သမီးလေး၊
 ဖေဖေကြီး အလုပ်ကပြန်လို့  လှိုင်လှိုက်လှဲလှဲ ကြိုးဆိုတာကလည်း သမီလေး။
 ဖေဖေကြီး မွေးနေ့တိုင်း မွေးမွေးပေးတာကလည်း သမီးလေးဆိုတော့

ခုတော့ သူ့လေသံပြောင်းသွားပါပြီ.. "ငါ့သမီးလေး လိမ္မာလိုက်တာ"တဲ့။

No comments:

Followers

My Blog List