၀၅.၀၅.၂၀၀၅
'နင်.. ငိုနေတာလား သဒ္ဒါ'
'ဟုတ်တယ် အစ်ကို' တကယ်ခွဲခွာသွားရတော့မယ်ဆိုတော့ 'ချစ်သောသူနဲ့ ခွဲခွာရခြင်း ဆိုတဲ့' ဒုက္ခမခံစားနိုင်တော့ဘူး။ သဒ္ဒါတို့ မိသားစု မနက်ဖန် အမေရိကကို သွားရတော့မယ်လေ။ ဒါကြောင့် ကျမတတွေ ကြီးပြင်းခဲ့တဲ့ ဒီဒုက္ခသည်စခန်းရယ်၊ လွမ်းမောစရာ ကောင်းတဲ့ တောင်တန်းပြာကြီးတွေရယ်၊ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေး တွေရယ်၊ အစ်ကိုတို့နဲ့အတူ ကိုယ်ထူကိုယ်ထ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းလေးတွေကို ခွဲခွာသွားရ မှာဆိုတော့ မခံစားနိုင်တော့ဘူး အစ်ကို။
"သဒ္ဒါကလည်း မဟုတ်တာ.."
ဒီလောက်ကြီးလည်း အသည်းမနုစမ်းပါနဲ့ ဒုက္ခသည် စခန်းဆိုတာ တိုင်းရေး ပြည်ရေးမကောင်းလို့ ခဏတာ တည်ခိုးရတဲ့ နေရာလေ အမြဲနေအပ်တဲ့ နေရာမဟုတ်ဘူး။ တို့တတွေ မြန်မာပြည်ကြီး ဒီမိုးကရေစီ စနစ်ပြောင်းလို့ တိုင်းရေး ပြည်ရေးကောင်းရင် တို့ပြည်တွင်းကို ပြန်ကြမှာပေါ့ ။ မင်းလည်း တတိယနိုင်ငံကိုသွားတယ်ဆိုတာ .. အခြေအနေအရပဲလေ... ။ ရသမျှ အတတ်ပညာ တွေကို သင်ကြားပြီး မင်းချစ်တဲ့ တို့တိုင်းပြည်ကို မင်းပြန်လာလို့ ရတာပဲ သဒ္ဒါ..။
နောက်ပြီးခွဲသွားရတယ် ဆိုတာ တို့တတွေ တစ်ယောက်နဲ့ တစ်ယောက် မုန်းလို့ ကွဲသွားကြတာမှ မဟုတ်ပဲ။ ကံမကုန်ရင် ပြန်လည် ဆုံးဆီးခွင့်ရှိပါသေးတယ်။ စိုက်ပျိုးရေးနည်းပညာနဲ့ ပြောရမယ်ဆိုရင် တို့ပျိုးထောင်ထားတဲ့ ပျိုးပင်လေးတွေ အပင်ပေါက်လာတဲ့အခါ။ ကြပ်သိပ်နေလို့ အပင်လေးတွေ လွတ်လွတ်လပ်လပ် ကြီးထွားခွင့် ရှိအောင် အပင်လေးတွေ ခွဲပေးရတယ်လေ။ ထို့အတူပဲ တို့လူငယ်တွေ လွတ်လွတ်လပ်လပ် ဘဝတိုး တတ်ရေးတွေ အခွင့်သာခိုက် ပညာဆီးပူးခွင်ရအောင် တတိယနိုင်ငံကို သွားကြရတာပဲ သဒ္ဒါ။
ဟုတ်တယ်နော် အစ်ကို ။ ကျမ.. အမေရိကနိုင်ငံကို ရောက်သွားပေမယ့်.. ပညာတတ်ကြီး တစ်ယောက်ဖြစ်ရင် အစ်ကိုနဲ့အတူ ကျောင်းတက်ခဲ့တဲ့ ဒုက္ခသည် စခန်းက စာသင်ကျောင်းတွေမှာ လိုအပ်တဲ့ ပညာရေးတွေကို ကျမလာရောက် ကူညီပေးပါမယ်လို့ ကတိပေးပါတယ် အစ်ကို။
၂၀၀၅-ခုနှစ်လောက်က သဒ္ဒါတို့မိသာစု အပါအဝင် မိသားစု ငါးဆယ်လောက် ကျနော့်သူငယ်ချင်းများဖြစ်တဲ့ သိန်းအေး၊ မင်းသိန်း၊ ဖောလဲ၊ စတဲ့ သူငယ်ချင်း များနဲ့အတူ အမေရိကန် ဆီယာတော်မှာ သွားရောက်ဖို့ ဗီဇာကျလာတယ်။
ကျနော်ကတော့ အမေတစ်ခု သားတစ်ခု မိခင်ကြီးကလည်း ဒီလောက် ကျန်းမားရေး မကောင်းတဲ့အခါကျတော့ အမေရိကန်းကို သွားခွင့်မရခဲ့ပါဘူး။ နောက်တစ်ခု ကျနော်တို့တတွေ အားလုံး တတိယနိုင်ငံကို ထွက်သွားကြမယ် ဆိုရင် ဒီဒုက္ခသည်စခန်းက ကလေးတွေ စာသင်ပေးမယ့်လူ မရှိတော့ဘူးလေ။ ဒါကြောင့် ကျနော်လည်း ဆယ်တန်း အောင်ပြီးတာနဲ့ ဒုက္ခသည်စခန်းမှာပဲ ကျောင်းဆရာ ဆက်လုပ်နေလိုက်တယ်။
တိုင်းရေးပြည်ရေး မကောင်းတာနဲ့ ဒုက္ခသည်များ တတိယနိုင်ငံကို သွားရောက်ကြတယ်ဆိုပေမယ့် စခန်းမှာ လူဦးရေ မလျှော့သွားတဲ့ အပြင်ထပ်တောင် တိုးလာပါသေးတယ်။ တိုးလာတာက တချို့ တတိယ နိုင်ငံကို သွားရောက်ဖို့ လာရောက်နေထိုင်သူကော ၊ ပြည်တွင်းမှာ လုပ်စားစရာမရှိလို့ ဒုက္ခသည် စခန်းမှာ လာရောက်နေထိုင်သူကော စုံလုံပါပဲ။
လူအများစုကတော့... ကိုယ့်ကိုကိုယ်အားမကိုးပဲ ပြည်ပက အထောက်အပံ့တွေ၊ စားစရာတွေ၊ အဝတ်အထည်တွေကိုပဲ မျှော်ကာ နေ့ရက်တွေကုန်ဆုံးခဲ့စေသည်။
ဒီအထဲမှတော့ ကျနော်တို့ လူငယ်တစ်ခုကတော့ ပြည်ပက သင်တန်းလာပို့ချမှုကြောင့် ကိုယ့်ဘဝကိုယ် ရပ်တည်းနည် ပညာများ၊ အားကစားနည်းများကို အနည်းအကျဉ်းမျှ ဆည်းပူးခွင့်ရလို့ အခြေအနေအရ ဒုက္ခသည် စခန်းမှာ နေရပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အပြည့်ရှိပါသည်။
သဒ္ဒါတစ်ယောက်ဆို ပြည်ပက နည်းပြဆရာများ သင်ကြားပေထားလို့ Basketball နည်းပြ ဆရာမ တစ်ယောက်တောင်ဖြစ်နေပြီး ညနေတိုင်း ၅-နှစ်ကနေ ဆယ်နှစ်အထိ ကလေးတွေကို Basketball သင်တန်းပေတဲ့ သင်းတန်းနည်းပြ ဆရာမတစ်ယောက်ဖြစ်သည်။
နေ့လည်ပိုင်းမှာဆို သဒ္ဒါတစ်ယောက် ကျနော်တို့ အုပ်စုနဲ့ အတူ ကိုယ်ထူးကိုယ်ထ စိုက်ပျိုးမွေးမြူရေးတွေမှာ လာရောက်ကူညီ တတ်သည်။ ကျနော်တို့ ဒုက္ခသည်စခန်းမှာ ရေမြေကောင်းတာကြောင့် ဘာပင်ပဲ စိုက်ပျိုး၊ စိုက်ပျိုး ပေါက်သည်။ ဒါကြောင့် ကျနော်တို့ တပိုင် ခရမ်းပင်၊ ဗူးပင်၊ သခွားပင်များကို စိုက်ပျိုးသည်။ မွေးမြုရေး မှာဆိုလည်း ဝက်မွေးမြူရေး၊ကြက်မွေးမြူရေး တပိုင်တနိုင်လုပ်ကြသည်။
ဒုက္ခသည်စခန်းဟာ ထိုင်းနယ်ထဲမှာရှိတာဆိုတော့ ပြည်တွင်းမှာလိုတော့ ကြီးကြီးမားမားလုပ်စားလို့တော့ မရဘူးပေါ့။ ဘဝရပ်တည်ဖြစ်လောက်ရုံပါပဲ။ သဒ္ဒါရဲ့မိဘတွေက ဒုက္ခသည်စခန်းကို စောစောထဲက
ရောက်နေလို့ သဒ္ဒါကို ဒုက္ခသည်စခန်းမှာပဲ မွေးဖွားသည်။ ကျနော့ မိဘတွေကလည်း ကျနော် ငယ်ငယ်ကတည်းက ဒုက္ခသည်စခန်းမှာ ရောက်နေတာဆိုတော့ ဒုက္ခသည်စခန်းမှာ ကြီးပြင်းတဲ့ ဒုက္ခသည်လေးပေါ့ဗျာ ။ မိဘတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်ရောက်ပေမယ့် ၊ကျနော်တို့ လူငယ်တွေမှာတော့  ပြည်ပက ဆရာ/ဆရာမများရဲ့ သင်ကြာပေးမှု၊ စာပေရဲ့ ကျေးဇူးကြောင့် ကိုယ်ထူးကိုယ်ချွန် စိတ်ရှိကြပါသည်။
ကျနော် တစ်ယောက်ဆို ပီမိုးနင်း၏ တက်လမ်းစာအုပ်များကို လက်လမ်းမှီသလောက် ဖတ်လေ့ရှိပါသည်။
ပီမိုးနင်းရဲ့ ကိုယ်ထူးကိုယ်ချွန်စာအုပ်မှ...
" ကြီးပွားလိုသူသည် ရေခဲ၌ အရုပ်ထုသလို ဆုတ်ယုတ် ပျက်ပြယ်ပွန်းကြွေပပျောက်အောင် မလုပ်ရ၊ တဖြည်းဖြည်းငယ်ရာမှ ကြီးအောင်၊ နည်းရာမှ များအောင်သာ လုပ်ကိုင်ကြံစည်ရာ၏။
လောက၌ ကြီးကျယ်ခန်းနား လှပတင့်တယ် ၊ သိုက်မြိုက်သောအရာဟူသမျှ သစ်ပင်ဖြစ်စေ၊ ကျောက် ၊သံသတ္ထုဖြစ်စေ၊ တော၊တောင်ဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ တဖြည်းဖြည်း သေနိုပ်သိမ်းငယ်ရာမှ ကြီးကျယ် ခမ်းနာ ယဉ်ကျေးတင့်တယ်ခြင်း အဖြစ်သို့ရောက်ကြရလေသည်။
လူသည် ထိုနည်းမှ မလွတ် ၊ ထိုနည်းလမ်းအတိုင်းသာ ဖြစ်လေရာ ငယ်ရာမှ ကြီးရာ၏။ မသိရာမှာ သိရာ၏၊ ဆင်းရဲရာမှ ချမ်းသာရလေသည်"ဟူသော စာပိုဒ်ကို ကြိုက်၍ ကျနော် မှတ်စု စာအုပ်တွင် ထုတ်နုတ်ရေထားလေသည်။ကျနော်စိတ်ထဲတွင်လည်း "တစ်နေ့ ငါတို့ ကြီးပွားတိုးတက်ရမည်" ဟု စိတ်ထဲတွင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားလေသည်။
နောက်တစ်နေ့ နံက်ပိုင်းသို့ရောက်သော အခါ စခန်းရှိ အမေရိကကို သွားမည့်သူများ ပြင်ကြဆင်ကြ၍ စခန်းတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်နေသည်။ ကျနော်တစ်ယောက် အမေရီက ခရီးစဉ်မှာ မပါပေမယ့် သဒ္ဒါနှင့်အတူ ကျနော့်သူငယ်ချင်းများပါတာကြောင့် ဝိုင်းဝန်းကာ ကူညီပေးလိုက်သည်။ ကျနော်လည်း သဒ္ဒါကို လိုက်ပို့သည့်အနေဖြင့် ချင်းမိုင် လေဆိပ် အထိလိုက်သွားလိုက်သည်။ တခြားသူငယ်ချင်းတွေ အမေရိကကို သွားရမှာ ပျော်နေပေမယ့် သဒ္ဒါတစ်ယောက်ကို ကြည့်ရတာ မပျော်သလိုပဲ။ ကျနော်လည်း လမ်းတလျှောက် ဖြေသိပ်စကားပြောကာ လိုက်ပါသွားပါသည်။ သဒ္ဒါတစ်ယောက် လေဆိပ်ထဲဝင်ခါနီး ကျနော်ကိုယ်တိုင် လက်ရေးနဲ့ ရေးထားတဲ့ မြန်မာနိုင်ငံသား ကုသသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ စာသားလေးကို စာအိပ်ထဲ ထည့်ကာ သဒ္ဒါကို ..ကျနော့်လက်ဆောင်အဖြစ် အမြဲဆောင်ထားဟုဆိုကာ ပေးလိုက်သည်။ သဒ္ဒါတစ်ယောက် ကျနော့်လက်ဆောင်ကို မြတ်မြတ်နိုးနိုး သူ့ရဲ့ ပိုက်ဆံအိပ်ထဲမှာ ထည့်လိုက်သည်။
ကုလသမဂ္ဂဦးသန့်ရဲ့ အဆိုအမိန့်ကလေးကတော့...
“ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ
သေရမယ်။ အကြောင်း
အမျိုးမျိုးကြောင့် ရေမြေခြားကိုရော က်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး
တစ်စုံတစ်ရာကြော င့် နိုင်ငံခြားသားလုပ်ဖို့ဘယ်တော့မှ
စိတ်မကူးလေနဲ့။” ။ဖြစ်သည်။
သဒ္ဒါနှင့်အတူ ကျနော်သူငယ်ချင်းများ၊ စခန်းက မိသားစုများရဲ့ အမေရိကန်ခရီးစဉ် ချင်းမိုင်လေဆိပ်မှ ပျံသန်း ချိန်မှာတော့ ကျနော်တစ်ယောက်တည်း ဆိုတေးရဲ့ " အဝေးရောက် ချစ်သူဆိုတဲ့" သီချင်းစာသားများ ၊ မဖိတ်ခေါ်ပဲ အလိုအလျှောက် တိုးဝင်လာပါတော့သည်။
...ရေမြေတွေ ခြားနေပေမယ့်.... ခေါ်သံလေး နားထဲ ကြားနေသလိုပဲ...
... အဆင်ပြေမလား တွေးရင်းနဲ့... ရင်မော... နေများကောင်းရဲ့လား...
မိုင်ထောင်ချီဝေးနေပေမယ့် နင် ငါ့အနား အမြဲထင်ရှားသလိုပဲ... ယုံကြည်လိုက် ချစ်ရသူ ..အချစ်ဆုံးရယ်..။
ဒီတစ်ခါမှာ... အတွေးထဲမှာ မျက်ရည်များ ဝဲလာတာကတော့ ကျနော်တစ်ယောက် မဟုတ်ပါလား..။
ဆက်ရန် ... ၂.....
No comments:
Post a Comment