ချစ်သူတွေကြားမှာ...
ကြားက လေပြေသွေးလို့
အထင်လွှဲမှားမှုတွေ ရှိနေဦးမယ်
ငြိမ်းချမ်းဖို့ မသေချာဘူး။
လင်နဲ့မယားကြားမှာ...
မြင်ဖန်များလို့
အဆင်မပြေ
အထင်လွှဲမှားမှုတွေ
ဆက်ရှိနေဦးမယ်..
ငြိမ်းချမ်းဖို့ မသေချာဘူး။
မိဘနဲ့သားသမီးကြားမှာ...
အယူအဆတွေ မတူကွဲပြားလို့
အထင်လွှဲမှား မှုတွေ
ဆက်ရှိနေဦးမယ်..
ငြိမ်းချမ်းဖို့ မသေချာဘူး။
အသင်းအဖွဲ့တွေကြားမှာ
သဘောထားကွဲလွဲလို့
အငြင်းပွားမှုတွေ ဆက်ရှိနေဦးမယ်
ငြိမ်းချမ်းဖို့ မသေချားဘူး။
နိုင်ငံတိုင်းမှာ...
အသွင်အပြင်... အမြင်တွေ မတူခြားနားလို့
အုပ်စုတွေ ကွဲပြားနေဦးမယ်
ငြိမ်းချမ်းဖို့ မသေချာဘူး။
ကမ္ဘာကြီးမှာ ဗိုလ်ကျချင်သူတွေများလို့
စစ်ပွဲတွေ ထပ်ရှိနေဦးမယ်
ငြိမ်းချမ်းဖို့ မသေချာဘူး။
သေချာတာ တစ်ခုကတော့..
တို့တွေ လာရာ ခရီးလမ်း
တစ်နေ့ကြ ပြန်ကြရဦးမယ်..
သေချာတဲ့ လမ်းခရီးအတွက်
မသေချာတာတွေ
စွန့်လွှတ် ..ခွင့်လွှတ်ခြင်းများနဲ့
ခရီးဆက်ကြစို့...။
No comments:
Post a Comment