အငြိုးအတေးကြီးစွာ ခက်ထန်တဲ့ အကြည့် ၊ ကြမ်တမ်းတဲ့ အတွေ့အထိတွေနဲ့ အချိန်ပြည့် ဒုက္ခပေးနေတဲ့ ကိုဆောင်းလည်း ကြားလာတော့ မောသွားရောထင်ပါရဲ့ အနွေးဓာတ်လေးတွေ ဖြည်းဖြည်းလေး ပေးလာသလိုလို ခုတစ်လော ရင်ထဲမှာ ခံစားမိသည်။
နှစ်ဝက်နီးပါး လူသားတွေကို အထီးကျန်စွာ ရက်စက်လွန်းတဲ့ ကိုဆောင်းကလည်း ကြာလာတော့ ရက်စက်နိုင်စွမ်း မရှိတော့လို့ အားမသန်မာန်လျှော့လိုက်ပြီထင်ပါရဲ့။
တစ်တစ်ခါ..အငြိုးအတေးကြီးတဲ့ ကိုဆောင်းတစ်ယောက် သူတစ်ယောက်တည်း လူသားတွေကို ဒုက္ခပေးတာ အားမရလို့ ကိုရွှေးမိုးကိုတောင် အဆစ်ခေါ်လာတတ်သည်။
ဘယ်လိုမှ ရိုကျိုး၊ခယ တောင်းပန်လို့မရတဲ့ ကိုရွှေမိုး၊ ကိုဆောင်တို့ကို နာလည်းခွင့်လွှတ်ရင်း.. အိမ်ခန်းထဲမှာ စာအုပ်တစ်အုပ်ကို ဖတ်ရင်းဖြင့် လစ်လျုရှုခဲ့ရတဲ့ ရက်ပေါင်းလည်းများခဲ့ပြီ။
တစ်ခါတစ်ခါ ကိုဆောင်းက အအေးဓာက် ပေးရှုံမျှဖြင့် လူသားတွေကို ဒုက္ခပေးတာ အားမရလို့ ခရီးသွားရခက်အောင် ဖြူဖြူဖွေးဖွေး စနိုးလေးတွေတောင် ကျပေးတတ်သည်။ စနိုးလေးတွေဟာ ကျကာစတော့ ဖြုဖြူဖွေဖွေး ချစ်စရာလေးတွေ ဖြစ်ပေမယ့်. ကြာလာတော့လည်း စိုစိုစွတ်စွတ်နဲ့မို့ အလုပ်သွား အလုပ်ပြန် သိပ်ဒုက္ခပေးတာပဲ။
လူသားတွေက ကိုယ်စွမ်နိုင်တဲ့ နည်းပညာတွေနဲ့ ကိုဆောင်းရဲ့ အငြိုးအတေးကို ကာကွယ်ဖို့ အခန်းထဲမှာ အပူပေးစက်နဲ့ နွေးနွေးထွေးထွေးနေုလိုက်သည်။
ဟော ! မတ်လလယ်ရောက်တော့ .. ကိုဆောင်းရဲ့အစွမ်း ကုန်ပြီထင်ပါရဲ့ နေရောင်ခြည်လေးတွ သန်းလာပြီ။ သစ်ပင်ပန်း ပင်လေးတွေကလည်း နေရောက်ခြည်နုနုလေးရဲ့ အတွေ့အထိကို ခံစားရလို့ အကြီးတန် လောကကြီးကို အလှဆင်ဖို့ အပြိုင်အဆိုင်း ပုရစ်ဖူး၊ ချစ်စရာ ရွက်နုလေးတွေ ဝေလာပြီ။
ကိုဆောင်းရဲ့ နှိပ်စက်မူကြောင့် အိမ်ပြင်မထွက်ရဲတဲ့ လူသားတွေ .. နေရောင်ခြည်လေးရဲ့ စွမ်းအင်ကြောင့် ထိုင်းမှိုင်းနေတဲ့ စိတ်ကလေးများ ပြန်လည်နိုးထလာပြီး.. ဟို...အဝေးကချစ်သူ (သို့) ခင်မင်ရသူတို့နဲ့ နွေဦးရာသီရဲ့ နေရောင်ခြည်ခြည် နုန အောက်မှာ .စားရင်းသောက်ရင်း စကားဖောင်ဖွဲ့ရရင် ကောင်းလေစွလို့ တွေးနေမိသည်။
ဟော ! မနေ့က ဖိတ်စာတစ်ဆောင် မေးလ်မှာ ဝင်လာသည်။
စားစရာတွေကလည်း စုံလို့ ပြည်ပတိုင်းပြည်တွေမှာ အလွယ်တကူ ဝယ်စားလို့ မရတဲ့ ၊ မြန်မာမုန့်ဟင်းခါ၊ ဒန်ပေါက်၊ တိုးဟူသုပ်၊ ဘရာကြော်.. စုံလို့ပါလား ၊ ဖတ်ရင်းနဲ့ တောင် သွားရေကျလာသည်။
ဒါနဲ့ တုန့်ဆိုင်းနေတဲ့ စိတ်များ ကိုဆောင်းရဲ့ နှိပ်စက်ဒဏ်ကြောင့် တုန်လှုပ်ခြောက်ခြားနေတဲ့ စိတ်များ နိုးထလားပြီး သူငယ်ချင်းဆီး ဖုန်းဆက်လိုက်သည်။
“ ဟေ ! သူငယ်ချင်း ဒီတပတ်တနင်္ဂနွေမှာ မြန်မာဗုဒ္ဓဘာသာအသင်းရဲ့ နိဗ္ဗာန်ဈေးသွား ရအောင်လေ” ဒီလိုဆိုတော့ သူငယ်ချင်းကလည်း… မတွေ့ရတာ ကြာပြီးမို့ ၊ အေးလေ.. တို့ နိဗ္ဗာန်ဈေးပွဲတော်မှာ စကားတွေ တစ်ဝကြီး ပြောကြတာပေါ့တဲ့။
ထိုအခိုက်.. ခေါင်းထဲမှာ အ တွေးတစ်ခု ပေါ်လာပြန်သည်။
နိဗ္ဗာန်ဈေးဆိုတော့..ကုသိုလ်ရေး..
ရောင်းသူ၊ဝယ်သူ ၊ ကုသိုလ်ရေးမဟုတ်လား
ကောင်းလိုက်တဲ့ အစီအစဉ်လေး ကုသိုလ်လည်းရ ဝမ်းလည်းဝ တစ်ချက်ခုတ် ၂-ချက်ပြတ်။
မိတ်ဆွေတွေနဲ့လည်း တွေ့ကြဆုံးကြမယ်ဆိုတော့ ၊အမိမြန်မာပြည်ရဲ့ ဟိုအကြောင်း ၊ဒီအကြောင်း
ပြောကြ ဟောကြဆိုတော့ ဗဟုသုတွေလည်း ရဦးမယ်။
ထိုနေ့ဟာဖြင့် လူသားတွေ အတွက်တော အငြိုးအတေးကြီးတဲ့ ကိုဆောင်ကို ပြုံးပြုံးလေး နုတ်ဆက်တဲ့ ပွဲမဟုတ်ပါလား။
နှစ်ဝက်နီးပါး လူသားတွေကို အထီးကျန်စွာ ရက်စက်လွန်းတဲ့ ကိုဆောင်းကလည်း ကြာလာတော့ ရက်စက်နိုင်စွမ်း မရှိတော့လို့ အားမသန်မာန်လျှော့လိုက်ပြီထင်ပါရဲ့။
တစ်တစ်ခါ..အငြိုးအတေးကြီးတဲ့ ကိုဆောင်းတစ်ယောက် သူတစ်ယောက်တည်း လူသားတွေကို ဒုက္ခပေးတာ အားမရလို့ ကိုရွှေးမိုးကိုတောင် အဆစ်ခေါ်လာတတ်သည်။
ဘယ်လိုမှ ရိုကျိုး၊ခယ တောင်းပန်လို့မရတဲ့ ကိုရွှေမိုး၊ ကိုဆောင်တို့ကို နာလည်းခွင့်လွှတ်ရင်း.. အိမ်ခန်းထဲမှာ စာအုပ်တစ်အုပ်ကို ဖတ်ရင်းဖြင့် လစ်လျုရှုခဲ့ရတဲ့ ရက်ပေါင်းလည်းများခဲ့ပြီ။
တစ်ခါတစ်ခါ ကိုဆောင်းက အအေးဓာက် ပေးရှုံမျှဖြင့် လူသားတွေကို ဒုက္ခပေးတာ အားမရလို့ ခရီးသွားရခက်အောင် ဖြူဖြူဖွေးဖွေး စနိုးလေးတွေတောင် ကျပေးတတ်သည်။ စနိုးလေးတွေဟာ ကျကာစတော့ ဖြုဖြူဖွေဖွေး ချစ်စရာလေးတွေ ဖြစ်ပေမယ့်. ကြာလာတော့လည်း စိုစိုစွတ်စွတ်နဲ့မို့ အလုပ်သွား အလုပ်ပြန် သိပ်ဒုက္ခပေးတာပဲ။
လူသားတွေက ကိုယ်စွမ်နိုင်တဲ့ နည်းပညာတွေနဲ့ ကိုဆောင်းရဲ့ အငြိုးအတေးကို ကာကွယ်ဖို့ အခန်းထဲမှာ အပူပေးစက်နဲ့ နွေးနွေးထွေးထွေးနေုလိုက်သည်။
ဟော ! မတ်လလယ်ရောက်တော့ .. ကိုဆောင်းရဲ့အစွမ်း ကုန်ပြီထင်ပါရဲ့ နေရောင်ခြည်လေးတွ သန်းလာပြီ။ သစ်ပင်ပန်း ပင်လေးတွေကလည်း နေရောက်ခြည်နုနုလေးရဲ့ အတွေ့အထိကို ခံစားရလို့ အကြီးတန် လောကကြီးကို အလှဆင်ဖို့ အပြိုင်အဆိုင်း ပုရစ်ဖူး၊ ချစ်စရာ ရွက်နုလေးတွေ ဝေလာပြီ။
ကိုဆောင်းရဲ့ နှိပ်စက်မူကြောင့် အိမ်ပြင်မထွက်ရဲတဲ့ လူသားတွေ .. နေရောင်ခြည်လေးရဲ့ စွမ်းအင်ကြောင့် ထိုင်းမှိုင်းနေတဲ့ စိတ်ကလေးများ ပြန်လည်နိုးထလာပြီး.. ဟို...အဝေးကချစ်သူ (သို့) ခင်မင်ရသူတို့နဲ့ နွေဦးရာသီရဲ့ နေရောင်ခြည်ခြည် နုန အောက်မှာ .စားရင်းသောက်ရင်း စကားဖောင်ဖွဲ့ရရင် ကောင်းလေစွလို့ တွေးနေမိသည်။
ဟော ! မနေ့က ဖိတ်စာတစ်ဆောင် မေးလ်မှာ ဝင်လာသည်။
“ နိဗ္ဗာန်ဈေးပွဲတော် .. မိသားစုတွေ့ဆုံပွဲ ” တဲ့
မိတ်ဆွေတွေနဲ့ ဆုံတွေ့ဖို စဉ်းစားနေရင်း မြန်မာဗုဒ္ဓဘာသာအသင်းရဲ့ နွေးဦးပေါက် နိဗ္ဗာန်ဈေးပွဲတော် ဖိတ်စာကို တွေ့လိုက်ရသည်။စားစရာတွေကလည်း စုံလို့ ပြည်ပတိုင်းပြည်တွေမှာ အလွယ်တကူ ဝယ်စားလို့ မရတဲ့ ၊ မြန်မာမုန့်ဟင်းခါ၊ ဒန်ပေါက်၊ တိုးဟူသုပ်၊ ဘရာကြော်.. စုံလို့ပါလား ၊ ဖတ်ရင်းနဲ့ တောင် သွားရေကျလာသည်။
ဒါနဲ့ တုန့်ဆိုင်းနေတဲ့ စိတ်များ ကိုဆောင်းရဲ့ နှိပ်စက်ဒဏ်ကြောင့် တုန်လှုပ်ခြောက်ခြားနေတဲ့ စိတ်များ နိုးထလားပြီး သူငယ်ချင်းဆီး ဖုန်းဆက်လိုက်သည်။
“ ဟေ ! သူငယ်ချင်း ဒီတပတ်တနင်္ဂနွေမှာ မြန်မာဗုဒ္ဓဘာသာအသင်းရဲ့ နိဗ္ဗာန်ဈေးသွား ရအောင်လေ” ဒီလိုဆိုတော့ သူငယ်ချင်းကလည်း… မတွေ့ရတာ ကြာပြီးမို့ ၊ အေးလေ.. တို့ နိဗ္ဗာန်ဈေးပွဲတော်မှာ စကားတွေ တစ်ဝကြီး ပြောကြတာပေါ့တဲ့။
ထိုအခိုက်.. ခေါင်းထဲမှာ အ တွေးတစ်ခု ပေါ်လာပြန်သည်။
နိဗ္ဗာန်ဈေးဆိုတော့..ကုသိုလ်ရေး..
ရောင်းသူ၊ဝယ်သူ ၊ ကုသိုလ်ရေးမဟုတ်လား
ကောင်းလိုက်တဲ့ အစီအစဉ်လေး ကုသိုလ်လည်းရ ဝမ်းလည်းဝ တစ်ချက်ခုတ် ၂-ချက်ပြတ်။
မိတ်ဆွေတွေနဲ့လည်း တွေ့ကြဆုံးကြမယ်ဆိုတော့ ၊အမိမြန်မာပြည်ရဲ့ ဟိုအကြောင်း ၊ဒီအကြောင်း
ပြောကြ ဟောကြဆိုတော့ ဗဟုသုတွေလည်း ရဦးမယ်။
ထိုနေ့ဟာဖြင့် လူသားတွေ အတွက်တော အငြိုးအတေးကြီးတဲ့ ကိုဆောင်ကို ပြုံးပြုံးလေး နုတ်ဆက်တဲ့ ပွဲမဟုတ်ပါလား။
No comments:
Post a Comment