Sunday, March 10, 2013

အချစ်အတွက် ပေးဆပ်သူတို့အကြောင်း...

အချစ်အတွက်.. အသက်ကိုပဲ ပေးဆပ်ရမလား

အချစ်အတွက်.. အသဲနှလုံးကိုပဲ စတေးရမလား

အချစ်အတွက်.. မဟာသမုဒ္ဒရာကိုပဲ ကူးဖြတ်ရလား

အချစ်အတွက်ဆိုရင်.. မောင်ဟာ အရာရာကို ရင်ဆိုင်ရဲတယ်သိလား။

ဒါကတော့ အချစ်အတွက်ကြောင့် ပေါက်ဖွားလာတဲ့ စွမ်းအင် တန်ခိုးတွေပေါ့ဗျာ။

တလောက တရုတ်သတင်း တိုက်ရိုက်ထုတ်လွင့်သွားတဲ့  မူးရစ်ဆေးဝါး ခေါင်းဆောင် စိုင်းနော်ခမ်းကို   အရှင်လတ်လတ် ဆေးထိုးသတ်သွားတဲ့  သတင်းနဲ့ ပတ်သတ်လို့  facebook မှာ အမျိုးမျိုး comment ဖတ်ရပါတယ်။ စာရေးသူရဲ့ စိတ်ထဲမှာ စွဲကျန်ခဲ့တဲ့ comment တွေကတော့    သေးခါနီးမှာတောင် ကြောက်လန့် တုန်လှုပ်မရှိပဲ ၊ပြုံးပြုံးလေသေသွားတယ် ဆိုတဲ့ အကြောင်းရယ်။ ပြီးတော့ ဘီဘီစီနဲ့ သူရဲ့ ညီမ အင်တာဗျူးမှာ ညီးမဖြစ်သူ ပြောသွားတဲ့ "အစ်ကိုမှာ ဥ မမယ် စာမြောက်တဲ့ ကလေး ၉-ယောက်နဲ့မိခင်ကြီးအသက်ထင်းရှားရှိနေတယ်" ဆိုတဲ့ အကြောင်းကိုလည်း နားထဲမှာ စွဲကျန်နေပါတယ်။   နောက်တစ်ခု စွဲကျန်နေတာက သူကိုယ်တိုင် သတင်းထောက်တွေကို ပြောသွားတဲ့ စကားပါ  "  ရွှေကြိဂံ ကိုရောက်ရင် လူကောင်းတောင် လူဆိုးဖြစ်သွားနိုင်တယ်" တဲ့။

စာရေးသူက ဘာသာရေးစာရေးဆရာဆိုတော့ ဘာသာရေးနဲ့ ဆပ်စပ်ပြီးတွေးမိပါတယ်။

သြော်.. သေခါနီးမှာ ခပ်ပြုံးပြုံးလေးသေသွားတာ အချစ်အတွက် ပေးဆပ်းသွားတာ ထင်ပါရဲ့လို့ တွေးမိတယ်။သူ့ကိုယ်  ဆေးထိုးသတ်မယ်လို့ လုပ်နေချိန်မှာ သူ့အတွေးက သူ့ဇနီးနဲ့ သားသမီးတွေဆီရောက်ရင် ရောက်နေ မယ်ပေါ့။

သို့မဟုတ် သူ့မိဘ၊ ဆွေမျိုးတွေဆီ ရောက်ချင် ရောက်နေမှာပေါ့ ဘာကြောင့်လည်း ဆိုရင် စိုင်းနော်ခမ်း တစ်ယောက် သူ့တစ်ကိုယ်စာ အတွက်ဆိုရင် ဒီလို အလုပ်မျိုးကို သူလုပ်မှာ မဟုတ်ဘူးလို့ တွေးမိလို့ပါ။

သူရဲ့ အသက်ပေး စတေသွားတာနဲ့ ပတ်သတ်လို့ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ပုပ္ဖရတ္တဇာတ်တော်ကို သတိရမိတယ်။

ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားလောင်းဟာ အာကာသစိုး နတ်ဖြစ် နေပါတယ်။ မင်းနဲ့အတူ မြို့သူမြို့သားတွေက တန်ဆောင်မုန်းလမှာ နတ်ဗိမာန်တွေနဲ့ နတ်မြို့ တစ်မြို့တန်ဆာဆင်းပြီး နက္ခတ်သဘင်ပွဲ ကျင်းပကြပါသတဲ့။ မြို့သူ မြို့သားတွေကလည်း ဝတ်ကောင်း စားလှတွေဝတ်ကာ နက္ခတ်ပွဲသဘင်ကို လိုက်လံကြည့်ရှု ပျော်ပါးကြပါသတဲ့။

ဒီလိုခြိမ့်ခြိမ့်သဲ နက္ခတ်ပွဲသဘင်းကို သွားလာနေကြတဲ့  ဝတ်ကောင်းစားလှ  စုံးတွဲတွေကို   တွေ့ မြင်နေရတော့ ၊ ဆင်းရဲသား လင်မယားနှစ်ယောက်ကလည်း အခြားစုံတွဲတွေလို့  ဝတ်ကောင်း  စားလှနဲ့ နက္ခတ်ပွဲကို သွာချင်စိတ်ပေါ်လာပါသတဲ့။

တကယ်တော့ သူတို့ လင်မယား နှစ်ယောက်ပေါင်းမှ  ပွဲလမ်းသဘင်သွားတဲ့ ဝတ်ဖြူတစ်စုံထဲရှိတာပါ။ မယားလုပ်သူက.. "အစ်ကိုရယ်..သူများတွေလို့ ဝတ်ကောင်းစားလှနဲ့ နက္ခတ်သဘင်ပွဲကို အစ်ကိုနဲ့ အတူတွဲ သွားချင်လိုက်တာလို့"   ပူဆာပါတယ်။

ယောကျာ်း လုပ်သူက  " ညီးမရယ်.. ငါတို့မှာ ဝတ်ကောင်းစားလှ ဝတ်ဖြု ပုဆိုးမှ မရှိတာ ၊ ရှိတဲ့ အဝတ်ဖြူ  နဲပဲ လယ်ကြရအောင်နော်လို့် ပြောတော့ ဇနီးဖြစ်သူက... " ဝတ်ကောင်းစားလှမှ မဝတ်ရရင် ဒီပွဲကို မသွားတော့ဘူး အစ်ကိုသာ အခြားမိန်းမ တစ်ယောက်နဲ့ သွားလိုက်တော့လို့"  ခနဲ့ သလို့ ရွဲသလို ပြောလိုက်ပါတယ်။

ဒီဇာတ်တော်ကို ဖတ်ရင်းနဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ပုဂံဘုရားပွဲကို စာရေးသူနဲ့ အတူသွားခဲ့ဖူးတဲ့။  ဇနီးမောင်နှံကို သွားမြင်ယောင်မိတယ်။   နှစ်ခဲ့တဲ့ ၁၂ နှစ်လောက်က ဆိုတော့ အညာဒေသ၊   ကျောက်ပန်းတောင်း ၊ပုဂံဒေသဟာ လှိုင်းကားတွရှားတော့ တစ်စီးနဲ့ တစ်စီး   တော်တော်   စောင့်စီးရပါတယ်။  ဒီခရီးကို လှိုင်းကား စီးသွားရတဲ့ ဇနီးက လင်တော်မောင်ကို .. ငြီးပါတော့တယ်။ " သူများတွေ ဘုရားဖူးသွားတာ ကိုယ်ပိုင်ကားတွေနဲ့ ၊ ကျမမှတော့ .. တော့ကိုယူထားလို့  ပင်းပင်းပန်းပန်း လှိုင်းကားနဲ့  ခရီးသွားရတယ်လို့" ပြော့တော့ ။ လင်ဖြစ်သူကလည်း အရှုံးမပေဘူး . " အေး.. ကိုယ်ပိုင်ကားစီးချင်ရင်.. ကိုယ်ပိုင်ကားရှိတဲ့သူကို အရင်ကတည်းက ယူထားပေါ့တဲ့"

ဒါမျိုးဆိုတာ ဘဝခရီးကြမ်းတဲ့အခါဖြစ်စေ.. ခရီးပန်းတဲ့အခါဖြစ်စေ..  အိမ်းရှင်အမျိုးသမီးများ  ငြီးငြူတတ်တဲ့ အလေ့အထပါ။ ယောက်ျားများ  သည်းခံစိတ်မွေးပါလေ။

ဇာတ်လမ်းလေးကို ဆက်ပြောရရင်..  မယားလုပ်သူက ဒီလိုပြောလာတော့ ယောက်ျားဖြစ်သူက  တော်တော်စိတ်ဆင်းရဲသွားတယ်။

ယောက်ျားက "ငါတို့မှာ တစ်စုံပဲရှိတာ .. ဝတ်ပန်းပုဆိုး ဘယ်က ရမှာလဲ"

မိန်းမလုပ်သူက " ဘုရင်စိုက်ထားတဲ့ ဝတ်ပန်းပင်းရှိတယ်လေ.. အဲဒါတွေကို သွားခိုးပေါ့"

"မိန်းမရယ် ကြံကြံဖန်ဖန် ဘုရင့် ဝတ်ပန်းပင်တွေက အစောင့်အကြပ်တွေနဲ့ ဘယ်လိုလုပ် ခိုးမှာလဲ "

"ရှင်ကလဲ.. လူသူမရှိတဲ့ ညမှာ သွားခိုးပေါ့"

မယားကဒီလိုပြောလာတော့ မယားချစ်စိတ်နဲ့ တစ်ခါမှ မခိုးဘူးတဲ့ သူတစ်ယောက် ဘုရင့် ဝတ်ပန်းစိုက်ခင်းသွားခိုးတာ လူမိပါလေရော။ တိုတိုပြောရရင် သူခိုးက ဘုရင်က လူသတ်ကုန်းမှာ တံကျင်လျှိုကာ သတ်မိန့်ပေးလိုက်ပါတယ်။ ဒီလိုနဲ့  မသေ သေးပဲ တံကျင်လျှိုပေါ်မှာရောက်နေတဲ့ သူဆင်းရဲခိုးသားကို ကျီးကန်းတွေကို ခေါင်းပေါ်မှာနားပြီး မျက်လုံးကို ထိုးဆိတ်ကြပါတသတဲ့။

သို့သော်လည်း သူခိုးဆင်းရဲသားမှာ တံကျင်လျှိုထားတဲ့ ဒဏ်ရာ၊ ကျီးထိုးတဲ့ ဒဏ်ရာတွေကို အာရုံ မပြုနိုင်ပဲ အိမ်းမှာ ကျန်ခဲ့တဲ့ မိန်းမကို သတိရပြီး " သြော်.. ငါ့ချစ်ဇနီးတော့ ဝတ်ပုဆိုးလှလှ မရလို့ .. ငါနဲ့ အတူ တွဲပြီး နက္ခတ်ပွဲ သဘင်းနွဲခွင့်မရတော့ဘူးရယ်လို့" စိတ်ဆင်ရဲနေပါသတဲ့။

တံကျင်လျှိုပေါ်က သူခိုးဆင်းရဲသား ပြောသွားတဲ့ စကားကလဲ မှတ်သားစရာပါ...

တရုတ်အစိုးရ ဆေးထိုအသတ်းခံရတဲ့ .. စိုင်းနော်ခမ်းရဲ့ အပြုံးစကားများနဲ့ အဓိပ္ပါယ်တူနေပါတယ်။

"ကျီးထိုးတဲ့ ဒဏ်ရာ၊ တံကျင်လျှိုးထားတဲ့ ဒဏ်ရာ ငါ့အတွက် စာမဖွဲ့လောက်ပါဘူး။

ဝတ်ကောင်းစားလှကိုဝတ် ငါ့အချစ်နဲ့အတူ နက္ခတ်သဘင်ပွဲကို မနွဲရတာ နာလှတယ်တဲ့"

ဆင်းရဲသား သူခိုးရဲ့ အချစ်အတွက် မကောင်းတဲ့ လုပ်ရပ်ကြောင့် အချစ်ကို တွေးရင်း ငရဲကျသွားပါတယ်။

ဒီဇာတ်လမ်းမှာ မှတ်သားစရာကတော့ .. အချစ်ကို အကြောင်းပြုပြီး.. မကောင်းမှု အတွက် အသက်ကို မစတေးမိစေဖို့ပါ။
 လောကကောင်းကျိုး ၊အများကောင်းကျိုးဆိုရင်..အသက်ကိုပဲပေးပေး၊ နှလုံးသားကိုပဲ စတေးစတေး.. သူတော်ကောင်း စိတ်ဓာတ်မို့   နတ်လူသာဓုခေါ်ကြမှာပါ။

အချစ်အတွက် ကောင်းတဲ့အပြုအမှု ပေးဆပ်သွားတဲ့ ဇာတ်လမ်းလေးတွေလဲ ရှိပါသေးတယ်။ စာရေးသူတို့ရဲ့ ဂေါတမ မြတ်စွားဘုရားလောင်းရဲ့ ပါရမီဖြည့်ဖက် သုမိတ္တာ ပေးဆပ်သွားပုံက အတုယူလောက်ပါတယ်။

သုမေဓာ ရှင်ရသေ့က.. ဒီပင်္ကရာမြတ်စွားဘုရား လာရာလမ်းမှာ ခန္ဓာကိုယ် တံတားခင်း လှူဒါန်းချိန်းမှာ.. ချစ်စိတ်ဝင်သွားတဲ့ သုမိတ္တာက သူလက်ထဲမှာ ပါတဲ့ ပန်းရှစ်ခိုင်ကို ... မောင်တော်ဘုရားအတွက် သုံးခိုင် ပေးလှူခိုင်းပါတယ်။ " တပည့်တော်မ ဖြစ်လေရာဘဝ တိုင်းမှာ မောင်းတော်ဘုရား ရေးပူ ရေချမ်း ကမ်းလှမ်းတဲ့ ပါရမီ ဖြည့်ဖက် ဖြစ်ရပါလို၏ ဘုရားလို့ ဒီပင်္ကာရာ မြတ်စွားဘုရားထံမှာ ဆုတောင်းလိုက်ပါတယ်"
 ဒီပေးဆပ်မှုမျိုးက အတုခိုးစရာပါ။ ခေတ်စကားနဲ့ ပြောရရင် မောင်တထမ်း၊ မယ်တရွက်၊ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လိုပေါ့။

ဘုရားလောင်းနဲ့သုမိတ္တာတို့ စန္ဒာကိန္ဒရီ ကန္ဒရာဖြစ်စဉ်ကလည်း  ဗြဟ္မဒတ်မင်းက မောင်းတော်ကို 

လေးတော်နဲ့ အသတ်ကိုဖြိုခွင်းပြီး.။  ကိန္ဒရီကို မိဖုရားမြှောက်ကာ ထားမယ်လို့  ဖြားယောင်းသော်လည်း 

မောင်တော်ချစ်စိတ်ကြောင်းခါးခါးသီးသီး ငြင်းဆန်းခဲ့ပါတယ်။  နောက်တော့ အချစ်ကိုသစ္စာပြု တိုင်တယ်လို့ သကြားမကာ မောင်းတော် ကိန္ဒရာ အသက်ပြန်ရှင်သန်းပြီး ချစ်သူတို့နှစ်ယောက် အသက်ထက်ဆုံး
 ပေါင်းသင်းရပါသတဲ့။

ဒီလို့ အချစ်စိတ်ဓာတ်မျိုးကလည်း အတုခိုးစရာပါ .. ချစ်သူတို့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ်ဆိုရင်.. ဒုက္ခရောက်တဲ့အခါ.. အိမ်ထောင်းစုမှာ အခက်အခဲဖြစ်တဲ့ အခါမှာ အချစ်ကို တိုင်တည်ကာ သစ္စာဆိုကြည့်ပါလား။ ချစ်သူတို့ နှစ်ဦး အချစ်စစ် အချစ်မှန်ဆိုရင်တော့ သကြားမင်းက ကယ်မှာပေါ့ဗျာ။

ချစ်သူတို့နှစ်ဦး မှန်ကန်သော ပေးဆပ်မှုများဖြစ်ပါစေ...။

No comments:

Followers

My Blog List