လှူတာကို ယူတာမှတ်ပါလို့ ၊
မလှူတာ ဖြူပြာစွဲလျှင် မွှဲလို့မဆုံး...။ ( ကြတ်ခတ်ဝိုင်းဆရာတော်)
နှမြော၊ဝန်တို၊ မနာလို ပြိတ္တာဖြစ်တတ်သည်။
မြတ်စွာဘုရားလက်ထက်က ရဟန်းတော် ၁၂-ပါးဟာ မြတ်စွာဘုရားထံမှာ သင့်တော်တဲ့ ကမ္မဋ္ဌာန်းများကို ရယူပြီး ဝါတွင်းသုံးလ ပတ်လုံး တရားဘာဝနာ ပွားများဖို့ တောအုပ်တစ်ခုဆီသို့ သွားခဲ့တယ်။
တစ်ခုနေရာမှာ တရားမှတ်ဖို့ အရိပ်အာဝါသ၊ ရေးနှင့် ဆွးမ်းအတွက် အဆင်ပြေတဲ့ ရွာနဲ့နီးစပ်တဲ့

တောအုပ်ကိုတွေ့ကြလို့ အဲဒီတောအုပ်မှာပဲ ဝါဆိုဖို့ ဆုံးဖြတ်လိုက်ကြတယ်။
နောက်တစ်နေ့မှာ ရွာတွင်းကို ဆွမ်းခံဝင်တော့ ရွာမှာရှိတဲ့ ရက်ကန်းသည် ၁၁-ယောက်က သဒ္ဓါကြည်ဖြူ ဆွမ်းများ လောင်းလှူကြပြီး ဝါတွင်းသုံလပတ်လုံး ဆွမ်းကွမ်း တာဝန်ယူကြမည်ဟု လျှောက်ထား တောင်းပန်ကြတယ်။
ကျေးရွားကလေးမှာ ရှိတဲ့ ရွာသားများက ရဟန်းများ နေဖို့ ကျောင်းသင်္ကန်း ဆောက်လုပ်ပြီး အကြီးအကဲ ရက်ကန်းသည်က ရဟန်းနှစ်ပါး တာဝန်ယူကာ ၊ကျန်ရက်ကန်းသည်များကို တစ်ပါးစီ တာဝန်ယူစေတယ်။
သို့သော်လည်း အကြီးအကဲ ရက်ကန်းသည် မယားက သဒ္ဓါတရားမရှိဘူး နှမြောတယ် ၊ ရဟန်းတွေကို လှူတာတန်းတာကို လုံးဝမကြိုက်ဘူး ရဟန်းတွေကိုလည်း ရိုရိုသေသေမရှိဘူး။
ဒါကြောင့် ရဟန်းတွေကို ကြည်ညိုလေးစားတဲ့ သူ့မယားရဲညီမကို ရဟန်းတွေအတွက် စီမံ ဆောင်ရွက်စေတယ်။
သီတင်းဝါလကျွတ်တဲ့အခါ ရဟန်းတော်များအား အဝတ်သက်န်း တစ်စုံးစီ လှူဒါန်းကြပါတယ်။ အဲဒီအခါမှာတော့ ရက်ကန်းသည် အကြီးအကဲ မယားက ..
" သင်ရဲ့ ရဟန်းတော်တွေကို လှူတဲ့ ထမင်း၊ ဖျော်ရည်တွေဟာ ... သင်ရဲ့နောက်ဘဝမှာ.. ကျင်ကြီး၊ ကျင်ငယ် ပြည်၊သွေးတွေဖြစ်ပါစေ..။ အဝတ်တွေကလည်း မီးလျံတောက်တဲ့ သံပြားတွေ ဖြစ်ပါစေ" လို့ ရေးရွတ်ပြောဆိုတယ်။
ထိုကောင်းမှု အကျိုးကြောင့် အကြီးအကဲ ရက်ကန်းသည်ဟာ သေသောအခါ ဝိဥ္ဈာတောအုပ်မှာ တန်ခိုးနဲ့ ပြည့်စုံတဲ့ သစ်ပင်စောင့်နတ်ဖြစ်တယ်။ နှမြောတဲ့ သူ့မယားကတော့ အနီးနားမှပဲ ပြိတ္တာလာဖြစ်တယ်။ ပြိတ္တာမကြီးမှာ.. အဝတ်က မပါ၊ ရုပ်ကလည်း ခပ်ဆိုးဆိုး၊ အစာရေဆာခြင်း နှိပ်စက်ဒဏ်ကို ခံနေရတယ်။
ဒီတော့ ပြိတ္တာမက.. သစ်ပင်စောင့်နတ်ကို..." အို..အရှင်၊ ကျမမှာ.. ဝတ်စရာ အဝတ်လည်း မရှိ၊ စားစရာ အစားအစာလည်းမရှိ၊ သောက်စရာ ရေးလည်း မရှိ..။ ဆာလောင်ခြင်းဒဏ်ကို အပြင်းအထန်ခံနေရပါတယ်။ ကျမအား ကူညီပါလို့" တောင်းဆိုတယ်။
နတ်သားက စေတနာဖြင့် မွန်မြတ်သော အစားအစားများ ပေးကမ်းသော် ပြိတ္တာမရဲ့ အကုသိုလ်ကံကြောင့် စားစရာတွေဟာ ကျင်ကြီး ၊ကျင်ငယ် ၊ ပြည်၊သွေးတွေဖြစ်ကုန်တယ်။ အဝတ်ပေးပြန်သော်လည်း ပြိတ္တာမ လက်ထဲ ရောက်တာနဲ့ မီးတောက်လောင်နေတဲ့သံပြားတွေဖြစ်သွားတယ်။
ပြိတ္တာမဟာ.. ပူလွန်း၊လောင်လွန်းလို့ အဝတ်၊စားစရားများ စွန့်ပစ်ကာ ငိုကြွေးကာ လှည့်လှယ်နေရတယ်။
ထိုအချိန်မှာ.. ရဟန်းတစ်ပါးက ဝါကျွတ်လို့မြတ်စွာဘုရားကို ကန်တော့ရန် ကုန်သည်များနဲ့ အဲဒီတောကို ဖြတ်သွားတယ်။ ကုန်သည်များက ညအခါမှာ ခရီးသွားကြပြီး

နေ့အခါမှာတော့ အေးမြတဲ့ တောအုပ်မှာ အနားယူကြတယ်။
ရဟန်းငယ် ကလေးကတော့ တိတ်ဆိတ်မှုကို လိုလားလို့ အနည်းငယ် ကုန်သည်များနဲ့ ဝေးရာ သစ်ပင်ကြီးအောက်မှာ သင်္ကန်းကြီးခင်းပြီး ထိုင်နေလိုက်တယ်။ ရဟန်းလေးဟာ ညအခါမှာ ခရီးသွားတာ ပင်းပန်းလို့ အိပ်မောကျသွားပြီး ကုန်းသည်းများ ခရီးဆက်သွားတာကို မသိလိုက်ဘဲ တောထဲမှာ တစ်ပါးတည်း ကျန်ခဲ့တယ်။ နိုးလာလို့ ခရီးဆက်သွားတော့ လမ်းမှားပြီး နတ်သားနဲ့ ပြိတ္တာတို့ နေရာကို ရောက်သွားခဲ့တယ်။
ထိုအခါမှာ နတ်သားက လူယောင်ဆောင်ပြီး သူ့ဗိမာန်ကိုပင့်ကာ ခြေဆုပ်လက်နယ်

ပြုစုစောင့်ရှောက်တယ်။ ရဟန်းတော်ကို ပြိတ္တာမကမြင်တော့ ..." ကျမအား အစာရေဆာ
ပေးပါ တောင်းပြန်တယ်။
ရဟန်းလေးက ပေးလိုက်ပါလို့ ပြောတော့ နတ်သားက "တပည့်တော် ပေးပါတယ်ဘုရား သို့သော်လည်း သူလက်ထဲ ရောက်သွားတာနဲ့ အစာသောက်တွေဟာကျင်ကြီးကျင်ငယ်ဖြစ်သွားပါတယ်"ဟု
လျှောက်ထားတယ်
ရဟန်းတော်လေးက ပြိတ္တာမရဲ့ ဖြစ်ကြောင်းစုံလင်ကို မေးမြန်ရာ တရားသံဝေရတော်မူပါတယ်။
ထို့နောက် ရဟန်းတော်လေးက နတ်သားမေးလျှောက်သော ပြိတ္တာမဘဝမှ ကျွတ်လွတ်ရာ ကျွတ်လွတ်ကြောင်းကိုလည်း လမ်းညွှန်ပေးလို့
နတ်သားက ရဟန်းတော်လေးရဲ့ လမ်းညွှန်ချက်နှင့်အညီ ရဟန်းတော်ကလေးအား မွန်မြတ်တဲ့ ထမင်း ၊အဖျော်ရည်များကို ပေးလှူပြီး အဲဒီပြိတ္တာမကို အမျှဝေတယ်။ ပြိတ္တာမ ဝမ်းမြောက်နုမော် သာဓုခေါ်တဲ့ ခဏမှာပဲ အစာရေဆာများ ဝပြောသွားပြီး မျက်စီစတဲ့ ဣနြေ္ဒတွေလည်း ပြည့်ဖြိုးလာတယ်။ ရဟန်းတော်ကလေးကို အဝတ်သင်္ကန်းလှူလိုက်တာနဲ့ ပြိတ္တာမဟာ ... နတ်ဝတ်တန်ဆာနဲ့ ပြည့်စုံတဲ့ နတ်သမီးလေးဖြစ်သွားတယ်။
ရဟန်းတော်လေးလည်း အဲဒီနတ်သားရဲ့ တန်ခိုးကြောင်း အဲဒီညမှာပဲ မြတ်စွာဘုရား သီတင်းသုံးရာ ဇေဝတန်ကျောင်းတော်ကို ရောက်သွားခဲ့တယ်။
ရဟန်းတော်လေးကလည်း အပြန်လမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းစုံကို မြတ်စွာဘုရား ကို ပြန်လည် လျှောက်ထားရာ ၊ ပရိတ်သတ်များ နားကြားမှတ်သားကြရပြီး နှမြော ဝန်တိုခြင်းရဲ့ အပြစ်၊ ဒါနကောင်းမှု ရဲ့အကျိုးကိုသိရှိနာလည်း သွားကြတယ်။
(ပေတဝတ္ထု ဋ္ဌ ၊ ၄၀)

No comments:
Post a Comment