Friday, February 15, 2013

ပရဟိတ လူမှုအဖွဲ့အစည်းများ အတုယူဖွယ်

   
စားရေးသူဟာ ထိုင်ဝမ်မှာ နေစဉ်ကတည်းက ပရဟိတလုပ်ငန်းကို အောင်အောင်မြင်မြင် ကမ္ဘာနှင့်ချီး၍  လုပ်နိုင်သော ဆရာလေး ချင်ရန်အား အားကျဖူးပါတယ်။ သူရဲ့ ပရဟိတလုပ်ငန်းများက အစိုးရနှင့် ရင်ဘောင်တန်း၍ လုပ်နေပါတယ်။

ထိုင်ဝမ်းမှာ ဆေးရုံသာမက ဆေးကျောင်းများ တည်ထောင်၍ ဆရာဝန်းများ မွေးထုတ်ပေးလျှက်ရှိပါတယ်။  မြန်မာပြည်မှ မြန်မာပြည်ဖွား တရုတ်ကျောင်းသားများကို တနှစ်ကို ၂၀၀ နီးပါး ထိုင်ဝမ်ကို ပညာသင်ခွင့်ပေးနေကြောင်းလေ့လာ သိရှိရပါတယ်။

ဆရာလေး၏ ပရဟိတလုပ်ငန်းသည် မြေလျှင်ဒဏ်ထိသော ဟေတီလို့ အာဖရိကနိုင်ငံများ၏ ပြန်လည်း တည်ဆောက်ရေးလုပ်ငန်း၊  ၂၀၀၄-နှစ် ဆူနာမီ ဒဏ်ကြောင့် ပျက်စီးသွားသော သိရိလင်္ကာနိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။
ယခုထက်တိုင် ထိုင်ဝမ်နိုင်ငံတွင်ဆရာလေး၏ ဆေးရုံမှာ လူသိထင်းရှားသော ဆေးရုံတစ်ခုဖြစ်ပါတယ်။

ယခုတစ်လော မြန်မာမိသားစုများ ပြည်တွင်း/ ၊ ပြည်ပမှ  မြန်ာမာ
အဖွဲ့အစည်း များ  မြန်မာပြည်ကို ကူညီဖို့၊ ပရဟိလုပ်ငန်းကို စိတ်ဝင်စားနေကြပါတယ်။  ပရဟိလုပ်ငန်းသည် ကောင်းမွန်းသော လုပ်ငန်ဖြစ်၍ ဝမ်းသာစရာပင်ဖြစ်ပါတယ်။

ပရဟိတလုပ်သူများ ဆရာလေး ချင်ရန်အား အားကျ အတုယူနိုင်ဖို့ အင်တာနက်မှ ရှာဖွေကာ တင်ပြလိုက်ရပါတယ်။

ဓမ္မဆရာလေးချင်းရန်ကိုး ၁၉၃၇ခုနှစ်တွင်ထိုင်ဝမ်၊ တိုင်ချွှန်းခရိုင် ကင်ရှုးမြို့ငယ်လေးတွင် မွေးဖွားခဲ့ပါတယ်။ ဆရားလေးငယ်စဉ်က ဦးကြီးများတွင်း ကလေးမရှိသည်အတွက် ဆရားလေးအား သမီးအဖြစ် မွေးစားခဲ့ပါတယ်။

ထိုနောက် မွေးစားမိသားစုနှင့်အတူ အတူတိုင်ချွန်းခရိုင်၊ ဖင်းယွန်မြို့သို့ ရွှေ့ပြောင်းခဲ့ပါတယ်။ ဆရာလေးဘဝငယ်စဉ်က  ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ ထိုင်ဝမ်ကို ဂျပန်တို့ သိမ်းပိုက်လိုက်သောအခါ  စစ်ပွဲ၏ရက်စက်ယုတ်မာကြမ်းကြုတ်မှုများ တွေ့မြင်ခံစားရပြီး။  လူ့ဘ၀၏ အဓိပ္ပါယ်နှင့် ပတ် သက်သော မေးခွန်းပေါင်းများစွာ အတွေးဝင်လာခဲ့ပါတယ်။

 တစ်နေ့တွင်  ဆရာလေးအမေတွင် ပြင်းထန်သော အစာအိမ် ရောင်ရမ်းနာဖြစ်ပွားသဖြင့် အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်လာပါတယ်။   ထိုခေတ်အချိန်က ခွဲစိတ်ကုသမှုဟာ အလွန်အသက်အန္တရာယ်များသော ကိစ္စတစ်ခုဖြစ်ပါတယ်။ (၁၅)နှစ် သမီးအရွယ်ချင်းရန်ဟာ  မိခင် ပြန်လည် ကျန်းမာလာရေးအတွက်  အဓိဋ္ဌာန်ဖြင့် ဘုရားအလောင်းတော်အား သူမ၏ ဘ၀အချိန်ကာလ(၁၂)နှစ်အား ပေးဆပ်ပြီး အပြန်အလှန်အားဖြင့် သူမမိခင်၏ကျန်းမာရေးနှင့် လဲလှယ်ရန်လေးနက်စွာ ဆုတောင်းခဲ့ပြီး သူမဟာသတ်သတ်လွတ် စားသုံးခဲ့ပါတယ်။ ထို့နောက် ထူခြားစွာ ဆရာလေး အမေ ခွဲစိတ်ကုသခြင်းမခံရဘဲ နေပြန်ကောင်းလာပါတယ်။

 ဆရာလေး အလွန်အမင်း မြတ်စွာဘုရားအား  အံ့သြကျေးဇူးတင်ပြီးနောက် သူမ၏ဘ၀တလျှောက်လုံး သက်သတ်လွတ်စားသုံးရန် ဆုံးဖြတ်လိုက်ပါတယ်။

          ဆရာလေးချင်းရန် အသက်(၂၃)နှစ်တွင် ဖခင်ဖြစ်သူ  ရုတ်တရက်ကြီးစွာ နာမကျန်းဖြစ်ကာ  (၂၄)နာရီအတွင သေဆုံးသွားပါတယ်။

ဖခင်ကြီ့းရုတ်တရက် သေဆုံမှုဟာ  ဓမ္မဆရာလေးချင်းရန်အား အလွန်အမင်း တုန်လှုပ်ချောက်ခြားပြီး ။  ဘ၀နှင့်သေဆုံးခြင်း အဓိပ္ပါယ်အတွက် အဖြေများစွာကို ရှာဖွေရန် ပို၍စိတ်အားထက်သန်လာပါတယ်။

“ဘာကြောင့်ဘ၀ကအလွန်တိုတောင်းရတာလဲ?
ဘ၀ရဲ့စစ်မှန်တဲ့အဓိပါယ်ကဘာလဲ? ဘယ်မှာလဲ?”

          ဤအချိန်တွင် ဓမ္မဆရာလေးချင်းရန်ဟာ ဗုဒ္ဓဘာသာနှင့်စတင် ထိတွေ့ရင်းနှီးလာပါတယ်။ ဗုဒ္ဓအအဆုံးအမများကို သင်ယူရင်း မိမိကိုယ်ပိုင် မိသားစုတစ်စုကို ချစ်မေတ္တာထားခြင်းထက် လူမှုဝန်းကျင်တစ်ခုလုံးနှင့် လူသားအားလုံးအား ချစ်မေတ္တာထားသင့်ကြောင်း သူမတဖြည်းဖြည်းနှင့် သိမြင်ခံစားလာရပါတယ်။ မိသားစုတစ်စုကို ကြည့်ရှုစောင့်ရှောက်မည့်အစား လူသားမျိုးနွယ်မိသားစုအားလုံးကို ကြည့်ရှုစောင့်ရှောက်ရန် သူမစိတ်ဆန္ဒ အလွန်ပြင်းပြခဲ့ပါတယ်။


၁၉၆၁-ခုနှစ်တွင် ဓမ္မဆရာလေးချင်းရန်ဟာ  သာယာသော မိသားစုဘ၀ကို စွန့်ခွာပြီး အမှန်တရားများကို ရှာဖွေရန် မိသားစုနေအိမ်မှ စတင်ထွက်ခွာလာခဲ့ပါတယ်။ သို့သော်လည်း ရက်ပေါင်းအနည်းငယ်အတွင်း မိခင်ဖြစ်သူက အိမ်သို့ပြန်လာရန်တောင်းပန်ချက်ကြောင့် မိခင်၏စိတ်ဆန္ဒကိုလိုက်လျောကာ အိမ်သို့ပြန်လာပါတယ်။

သို့သော်လည်း  အိမ်တွင်နေရာတကို  မပျော်မွေ့လို့  လပေါင်းအနည်းငယ်ကြာပြီးနောက်အမှန်တရားများကို ရှာဖွေရန် အိမ်မှနောက်တစ်ကြိမ် ထွက်ခွာလာခဲ့ပြန်ပါတယ်။

 ထိုနှစ်ကား ဆရာလေး အသက်၂၄နှစ်ပြည့်နှစ်ဖြစ်ပါတယ်။ ထိုင်ဝမ်အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ ခရီးထွက်ခဲ့ပါတယ်။ နောက်ဆုံးတွင် ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းရှိ မဖွံ့ဖြိုး၊မတိုးတက်သေးသည့် ဟွလင်ဆိုသောမြို့ငယ်လေးတွင် အခြေချနေထိုင်ခဲ့ပါတယ်။ ဆရာလေးဟာ ဘ၀၏ခက်ခဲကြမ်းတမ်းမှု များစွာကို ရင်ဆိုင်ရသော်လည်း  ဆရာလေး၏ ခိုင်မာသောစိတ်ဆန္ဒ ကိုမပြောင်းခဲ့ပါ။


           အသက်၂၅နှစ်အရွယ် ၁၉၆၂ခုနှစ်နောက်ပိုင်းတွင် ဓမ္မဆရာလေးချင်းဟာ သူမဦးခေါင်း ထက်ရှိဆံပင်များကို ကိုယ်တိုင်း ရိတ်လိုက်ပြီး သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘာသာသီလရှင်တပါးဖြစ်လာရန် ဥပဇ္ဈာယ်ဆရာတစ်ပါး လိုအပ်သည်ကို  ဆရာလေး မသိရှိခဲ့ပါ။ထို့ကြောင့် လပေါင်းများစွာ ကြာပြီးနောက် တိုင်ပေ၊ လင်ရှီးကျောင်းတွင် စစ်မှန်သောဗုဒ္ဓဘာသာ သီလရှင်အဖြစ်သို့ မရောက်ရှိဘဲ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရပါတယ်။ ထို့နောက် တိုင်ပေရှိဗုဒ္ဓဘာသာ စာသင်ခန်းဆောင်တွင် ယင်ချွန်းဆိုသော ရဟန်းတော်တစ်ပါးနှင့် တွေ့ဆုံပါပြီး ဘိက္ခုနီအဖြစ်သို့ရောက်ရှိခဲ့ပါတယ်  ဆရာတော်မှ ချင်းရန်ဆိုသော ဘွဲ့ပေးပြီး “သင်ဟာအခုဆိုလျှင် ဗုဒ္ဓ၏သမီး၊ သီလရှင်အဖြစ်သို့ ရောက်ရှိလေပြီ။ ဗုဒ္ဓဘာသာနှင့် လူသားအားလုံး၏ အကျိုးကိုဆောင်ရွက်ရန် အမြဲတမ်းသတိရပါ။”  သြဝါဒပေးခဲ့ပါတယ်။

ဆုရှိ လူမှုကူညီးရေး အဖွဲ့ကို တည်ထောင်ခြင်း

          ၁၉၆၆ခုနှစ် အသက်၂၉နှစ်အရွယ် ဓမ္မဆရာလေးချင်းရန်ဟာ ဆုရှီဆိုသောအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။
 ထိုအချိန်တွင် ဓမ္မဆရာလေးချင်းရန် ပထမဦးဆုံးအခြေချနေထိုင်ခဲ့သော ထိုင်ဝမ်အရှေ့ဘက်ကမ်း ရိုးတန်းရှိမြို့ဟာ  ဆင်းရဲမွဲတေပြီး မဖွံ့ဖြိုးသေးပါ။ ဓမ္မဆရာလေးချင်းရန်နှင့် သူမ၏အပေါင်းအပါတပည့်များဟာ ကလေးစီးရှုးဖိနပ်များကို သူတို့ကိုယ်တိုင်ချုပ်လုပ်ခြင်း၊ တိရစ္ဆာန်အစားအစာထည့်သော အိတ်များကိုပြုလုပ်ခြင်း၊ ဆွယ်တာများထိုးခြင်းနှင့် သူတို့ကိုယ်တိုင်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းများကို ပြုလုပ်ကြပါတယ်။

          တစ်နေ့သောအခါတွင် သေးငယ်သောဆေးခန်းတစ်ခုအတွင်းမှ လူနာတစ်ယောက်အား သူမသွားရောက်ကြည့်ရှုစဉ်တွင် ကြမ်းပြင်ပေါ်မှ
 သွေးအိုင်ငယ်လေးတစ်ခုကို တွေ့ရှိခဲ့ပါတယ် ။ထိုသွေးများဟယ အလုပ်သမားပြဿနာ ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်နေရသော ဒေသခံထံမှဆိုတာ  ဓမ္မဆရာလေး ချင်းရန်သိရှိရပါတယ်။ ထိုမိန်းကလေးအား  ဆရာလေးနေထိုင်ရာ တောင်ပေါ်ရှိရွာကလေးမှ သူမ၏မိသားစုကခေါ်ဆောင် လာပါတယ်။  သူတို့ဟာ ၈နာရီကြာ လမ်းလျှောက်ခဲ့ရပါတယ်။ သို့သော်လည်း သူတို့ဆေးရုံသို့ရောက်သောအခါ တရုတ်ငွေ ၈၀၀၀ (အမေရိကန်ဒေါ်လာ၂၀၀နှင့် ညီမျှသောငွေကြေး) မရှိသဖြင့်သူမကိုဆေးမကုသဘဲ ပြန်လည် ခေါ်ဆောင်လာခဲ့ရပါတယ်။

ဤအကြောင်းအရာကို သိသောအခါ ဓမ္မဆရာလေးချင်းဟာ အလွန်အမင်း စိတ်မကောင်းဖြစ်မိပါတယ်။ ဆင်းရဲနွမ်းပါးသော သီလရှင် လေးတစ်ပါးမှ ဤဆင်းရဲသားလူနာများကို မည်သို့ကူညီနိုင်ပါမလဲလို့ တွေးမိပါတယ်။

          အချိန်အနည်းငယ်ကြာပြီးနောက် ခရစ်ယာန်သီလရှင်ဆရာလေးသုံးပါးဟာ ဓမ္မဆရာလေးချင်းရန်ထံသို့ အလည်အပတ်လာရောက်ကြပါတယ်။အချင်းချင်း ဘာသာအသီးသီး၏ အဆုံးအမများကိုဆွေးနွေးဖလှယ် ဖြစ်ကြပါတယ်။

ဓမ္မဆရာလေးချင်းရန်မှ ဗုဒ္ဓဘာသာဆိုတာ လူသားအားလုံးအား ချစ်ခြင်းနှင့် ဂရုဏာတရား ထားရှိရမည်ဟု ရှင်းပြပါတယ်။ ထိုအခါ ခရစ်ယာန်ဆရာလေးသုံးပါးက “ဒါဆိုဘာကြောင့်ဗုဒ္ဓဘာသာဝင်တွေ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းတဲ့ အလုပ်တွေဖြစ်ကြတဲ့ ကလေးသူငယ်ဂေဟာဆောက်လုပ်ခြင်း၊ မိဘမဲ့ဂေဟာနဲ့ဆေးရုံတွေကို တည်ထောင်ဖို့ဘာလို့ မလုပ်ကြတာလဲ?” လို့မေးပါတယ်။

          ခရစ်ယာန်ဆရာလေးများ၏ မေးခွန်းဟာ ဓမ္မဆရာလေးချင်းရန်အား
 လေးလေးနက်နက် ဖြစ်သွားစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူအများအား ချီးမွမ်းအသိအမှတ်ပြုခြင်းကို မရှာဖွေဘဲ လူအ များ၏ ကောင်းကျိုးကိုလုပ်ဆောင်ရန် သင်ကြားပါတယ်။ သို့သော် ဆရာလေး နှလုံးသားထဲတွင်  အဖွဲ့အစည်းဆိုတာ မရှိလျှင်လုပ်ဆောင်မှုများဟာ အနည်းငယ်သာပြီးမြောက်လိမ့်မည်။ ထို့ကြောင့်  တပည့်တပန်းများဟာ  တစ်ရက်လျှင် ကလေးစီးရှုးဖိနပ်တစ်ရံစီကို ရောင်းချလျှင်သို့မဟုတ် သုံးဆယ်သောအိမ်ထောင်ရှင်အမျိုးသမီးများ  ဆရားလေးဓမ္မတရားကို နားထောင်ပြီးလျှင်တရုတ်ငွေ ၅၀ ဆင့် (အမေရိကန်ဒေါ်လာ ၁ ဆင့်)ကိုနေ့စဉ်လှူဒါန်းလျှင်ကောင်းမည်ဟု စဉ်းစားကာ တစ်နှစ်ဆိုသော အချိန်အတွင်းတွင် အိမ်ထောင်ရှင်မိန်းမများဟာ  လုံလောက်သော ငွေကြေးပမာဏကို စုဆောင်းနိုင်ပါလိမ့်မည်။ ဤသေးငယ်သော ငွေကြေးပမာဏနှင့် ကြိုးစားအားထုတ်မှုဟာ အချိန်ကြာလာသည်နှင့်အမျှ ကြီးစွာသောခြားနားမှုတစ်ခုကို ဖြစ်စေမည်လို့  စဉ်းစာမိပါတယ်။

       ဓမ္မဆရာလေး ချင်းရန်ဟာ  ဆုရှီဆိုသောလူမှုအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ၀ါးကျည်တောက်စုဗူးများကို ပြုလုပ်ပြီးလျှင် ဓမ္မဆရာလေးချင်းရန်ဟာ သူမ၏နောက်လိုက်နောက်ပါများအား ဈေးသို့မသွားခင် ၀ါးကျည်တောက်စုဗူးထဲသို့ နေ့စဉ် တရုတ်ငွေ၅၀ဆင့်ထည့်ကြရန် ဟောပြောပါတယ်။ ထိုစဉ် သူမ၏နောက် တပည့်တစ်ယောက်က  “နေ့စဉ် တရုတ်ငွေ၅၀ဆင့်ထည့်ဝင်မည့်အစား တစ်လလျှင် တစ်ကြိမ်တည်း တရုတ်ငွေ၁၅ ယွမ်ထည့်ဝင်လှူဒါန်းရင်ကော မကောင်းဘူးလား” ဟုမေးမြန်းပါတယ်။  ဓမ္မဆရာလေးချင်းရန်မှ  “ငွေကြေးပမာဏတူသော်လည်းပဲ လှူဒါန်းမှုပုံစံနှင့် စိတ်ဓာတ်ကွာခြားကြောင်း ဤသို့ တစ်ရက် တစ်ခါစုခြင်းအားဖြင့်  လူသားများကို တစ်လလျှင်တစ်ရက်တည်း ကူညီမည့်အစား နေ့စဉ် ကူညီရာ ရောက်ကြောင်း တိုက်တွန်းပြောဆိုပါတယ်။

ထို့နောက် အဖွဲ့ဝင်းများ တိုးပွာလာပြီး အလှူငွေလိုက်ကောက်ခံသော ဆုရှီကော်မရှင်နာအဖွဲ့ဟူ၍ ပေါ်ပေါက်လာပါတယ်။ ထိုအဖွဲ့ဟာ ရွာအသီးသီးသို့ သွားရောက်ပြီးလျှင် ရွာသားများမှ ထည့်ဝင်လှူဒါန်းထားသော ၀ါးကျည်တောက် အတွင်းရှိငွေများကို လိုက်လံ သိမ်းဆည်းပါတယ်။

 တစ်နေ့တွင် အဖွဲ့ဝင်တစ်ယောက်မှ အလွန်ကွာဝေးသော အရပ်တွင်နေထိုင်သော အလှူရှင်တစ်ယောက်ထံသို့ သွားရောက်သည့်စရိတ်မှာ ထိုအလှူရှင်လှူ ဒါန်းသော
 ငွေကြေးထက်များစွာ ကုန်ကြပါတယ်ဟု ငြီးငြူ ပြောဆိုသောအခါ  ဓမ္မဆရာလေးချင်းရန်က  လူအများအား ကုသိုလ်ရေးရာတွင် ပါဝင်ခွင့်ရရေးသည် အဓိကဖြစ်တယ် သူတို့လှူဒါန်းသော ငွေကြေးထက်ပို၍ အရေးကြီးတယ်။

 လူအများထံမှ အလှူငွေများကို သွားရောက်လက်ခံခြင်းက အလှူရှင်အသီးသီး၏ ကြင်နာ၊ဂရုဏာတရားမျိုးစေ့ကို ပျိုးထောင်ခြင်းပင်ဖြစ်တယ် လှူဒါန်းငွေကြေးမဟုတ်ပဲ ကြင်နာဂရုဏာတရားသည်သာလျှင် အဓိကဖြစ်ကြောင်း အဖွဲ့ဝင်များအား နားလည်းအောင် ရှင်းပြခဲ့ပါတယ်။

ဆရားလေး၏ အတွေးအခေါ်များသည် ပရိဟိတ လုပ်လိုသော မြန်မာလူမျိုးများအတွက် အတုယူရန်ကောင်းသော အချက်ပင်ဖြစ်ပါတယ်။
         
ဆရားလေးဟာ လူသားတိုင်း အကြင်နာတရား၊ ကရုဏာတရားများ ရှိကြောင်း သိရှိ၍ လူတို့၏ အကြင်နာ မေတ္တာကို အခြေခံကာ လူထုအကျိုးပြု ပရဟိတလုပ်ငန်းများစွာကို လူမှုအဖွဲ့စည်းဖြင်တည် ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ကြောင့်   ပြည်တွင်း/ပြည်ပ ပရဟိတလုပ်လိုသော လူမှုအဖွဲ့အစည်းများလည်း မိမိတို့ကိုယ်တိုင်မှ စ၍ တစ်ယောက်မှ တစ်ရာ ပါဝင်လာနိုင်အောင် ပရဟိတလုပ်ငန်းကို ဆောင်ရွက်နိုင်ပါစေလို့ တိုက်တွန်းလိုက်ရပါစေ။

No comments:

Followers

My Blog List