Wednesday, June 20, 2012

သိက္ခာချစ်....။


၁)
တနင်္ဂနွေနေ့  ဆွမ်းစားကာနီး (၁၁ ) နာရီအချိန်...။

အမျိုးသမီး တစ်ယောက် ဆယ့်နှစ်အရွယ် သမီးလေးကို လက်တဖက်မှာဆွဲပြီး ၊ နောက် လက်တဖက်မှာ လည်း ရှစ်နှစ်၊ ကိုးနှစ်သားအရွယ် ယောက်ျားလေးကို လက်မှာဆွဲ၍ ၊ ပြုံရွှင်သောမျက်နှာ ၊ တရင်းတနှီး ရှိဟန်၊ ရှက်ကိုး ရှက်ကန်း အမှုအရာတို့ဖြင့် စာရေးသူထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။

အမျိုးသမီးရဲ့ နောက်မှ ပါလားသော အမျိုးသားကိုတော့ မည်သူ မည်ဝါဆိုတာ တိတိကျကျမသိပါ။ သို့သော် ရှေ့က ကလေးနှစ်ယောက် လက်ဆွဲပြီး မိမိထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အမျိုးသမီးကိုတော့ နာမည် ဘယ်သူဆိုတာ  တိတိကျကျ ဝေခွဲလို့မရသေးပေမယ့်  တရင်းတနှီးရှိသူ ဆိုတာကတော့  စာရေးသူရဲ့ အသိ၊ အမျိုးသမီးရဲ့ အမှုအရာကို ကြည့်လိုက် ရုံနဲ့ စာရေးသူ သိနေပါတယ်။

စာရေးသူထံ ရောက်တယ်ဆိုရင်ပဲ.. သားမိ၊ သားဖ ( ၄) လောက် ညီညီညာညာ ဘုရား ဦးသုံကြိမ်ချပြီး ၊ စာရေးသူဆီသို့လည်း ညီညီညာညာ ဦးသုံးကြိမ်ချပါတယ်။

“ဘုန်းဘုန်း… တပည့်တော်မှတ်မိလားဘုရား…. “ ဟု ပြုံရွင်သောမျက်နှာဖြင့် အနီးကပ် လျှော်ထားလာတော့မှ..

“ အိမ်း… စေ့စေ့တွေးမှ ရေးရေးပေါ်ဆိုသလို..မင်း.. တပည့်မ ပုံပုံ မဟုတ်လား” ၊
 “မှန်ပါ့ဘုရား ဆရာတော်ဘုရား  နှစ်ပေါင်း (၁၅) နှစ်ကျော်လောက် ခွဲခွာသွားတာ တပည့်တော်ကို မှတ်မိနေသားပဲဘုရား” ။ 

တပည့်တော် မိတ်ဆက်ပေးပါရစေဘုရား 

 “ဒါကတော့ တပည့်တော်ရဲ့ အမျိုးသား ကိုမျိုးလို့ခေါ်ပါတယ်”
“ ဒါကတော့ တပည့်တော်ရဲ့ သမီးကြီး သိမ့်သိမ့်ပါဘုရား”
“ဒါကတော့ တပည့်တော်ရဲ့ သားငယ် တူးတူးပါဘုရား” 

တပည့်တော် အမျိုးသားနဲ့ လက်ထက်ပြီး နိုင်ငံခြား လိုက်သွားကတည်းက  မြန်မာပြည်ကို ပြန်ရောက် ဒါဟာ ပထမဆုံးအကြိမ်းပါဘုရား။

အိမ်း.. အဲဒါကြောင့် ငါလည်း မေ့သလိုလို ဖြစ်နေတာ တပည့်မရဲ့ ၊ မင်းကလည်း နိုင်ငံမှာနေတာကြာတော့ အသားရေးတွေးလည်း ပြောင်းပြီး ၊ ငယ်ငယ်က တပည့်မ ပုံပုံနဲ့မှ ကွားခြားသွားတာကို
ကလေးနှစ်ယောက် အမေ  တပည့်မ ပုံပုံနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ၊ နိုင်ငံခြားက အကြောင်းတွေ ၊ သားကြောင်း သမီးကြောင်းတွေ ပြောရင်းနဲ့ … ။ လွန်ခဲ့သော (၁၅) နှစ်ကျော်က တပည့်မ ပုံပုံဆီသို့ အတွေးများ ရောက်သွားခဲ့ပါတယ်။
၂)
တပည့်မ ပုံပုံရဲ့ မိဘများက စာရေးသူနဲ့ ရင်းနှီးတော့ ပုံပုံ ခုနစ်တန်းကျောင်းသူ ဘဝကတည်းက စာရေးသူထံမှာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း လာရောက်အပ်ထားပါတယ်။  အဲဒီနောက် နွေရာသီ ကျောင်းပိတ်ရက် ရောက်တိုင်း ၊ ဗုဒ္ဓဘာသာကို လေ့လာလေ့ရှိပြီး၊ သင်္ကြန်းအခါမျိုးမှာဆို  ဆယ်ရက် တရားစခန်း ဝင်လေ့ရှိပါတယ်။ ဆယ်တန်းအောင်ပြီးတော့လည်း သီလရှင်ဝတ်ကာ သုံးလနီးပါး တရားထိုင်သွားပါတယ်။ မိဘများက ကောလိပ်တက်ရန် ပြောတော့မှ သီလရှင်ဘဝကို မစွန့်ချင်ပဲ  စွန့်လိုက်ရပါတယ်။ တက္ကသိုလ်ရောက်သော်လည်း တခြားမိန်းကလေးများကဲ့သို့ အပျော်အပါးကို အရှုးအမှုးမမက်မော ၊ တရာဓမ္မနဲ့ပဲ နေလေ့ရှိပါတယ်။

၃)
တစ်နေ့သော ညနေမှာ…
တပည့်မှ ပုံပုံတစ်ယောက်.. မျက်နှာမသာမယာနဲ့ ဘုန်းကြီးကျောင်းရောက်လာပါတယ်။
ဒီတော့ စာရေးသူက.. ဟဲ…  တပည့်မ မျက်နှာမသာမယာနဲ့ .. အိမ်နဲ့ ဘာတွေဖြစ်လာတာလဲ့ တပည့်မလို့ မေးတော့မှ…။  

" မိဘတွေက တပည့်တော်မကို ယောက်ျားပေးစားတော့မလို့တဲ့ဘုရား။ တပည့်တော် ယောက်ျား မယူချင်ဘူး၊ သီလရှင်ဝတ်ပြီး တရားပဲ အားထုတ်တော့မယ်ဘုရား။ တပည့်တော်ရဲ့ မိဘတွေကို   ပြေားပေးပါဘုရား။ တပည့်တော် ယောက်ျားမယူရပါစေနဲ့ဘုရား။ တပည့်တော် ဒီဘဝမှာ တရားရအောင် တပည့်တော်အား သနားစောင့်ရှောက်တော်မူပါဘုရား" တဲ့။

စာရေးသူတော့ ခက်ချေပြီ..

ဘုန်းကြီးရဟန်းများအနေဖြင့်… ဝိနည်းတော်အရ.. သားရေး ၊ သမီးရေး ဝင်စွက်ခွင့်မရှိ..။ ဘဝနေနည်း ထိုင်နည်း ၊ နည်းပေး လမ်းပြဟောဖော်ညွှန်ပြရုံသာ။

“ ဟဲ.. တပည့်မ ဒိကိစ္စ ဘုန်းကြီးတွေပါလို့ မရဘူး ၊ မြတ်စွာဘုရားကလည်း ခွင့်မပြုဘူး၊ တပည့်မရယ်.. လူဆိုတာ သီးချိန်တန်သီး ၊ ပွင့်ချိန်တန်ပွင့်ရတာပဲ ။ သဘာဝပန်းအလှကလေးတွေတောင် သီးချိန်တန်သီပြီး ပွင့်ချိန်တန်ပွင့်ကာ နောက်ဆုံးတော့ ကြွေကျ မြေခရတာပဲ မဟုတ်လား ၊ ဒီဘဝဖြစ်စဉ်လေးတွေကိုက တရားသဘောတွပဲလေ။  ပုဗ္ဗာရုံကျောင်းအမ သောတာပန်အရိယာ ဝိသာခါတောင်မှ အိမ်ထောင် သားမွေးမှု   ပြုသေးတယ်ပဲတပည့်မရဲ့။
ဝိသာခါကျောင်းဒကာမကြီးမှာ   သားတွေ၊ သမီးတွေ မြည်တွေ သိက္ခာရှိရှိ ချစ်တတ်ပြီး ပျော်ပျော်ပါးပါးဖြင့် လူဘဝနေပြီးမှ နတ်ပြည်မှာ ဘုံစဉ်စံကာ  နိဗ္ဗာန်သွားရဦးမှာပဲ.. တပည့်မလည်း အိမ်းထောင်ရင်း ၊ သားမွေးရင်းနဲ့ သိက္ခာချစ်ဖြင့် တရားဓမ္မတွေ ပွားများနိုင်တာပဲ တပည့်မ။ 

တပည့်မလည်း အိမ်ထောင်ကျသွာရင် ဝိသာခါ ကျောင်းအမကြီးတို့လို သိက္ခာရှိရှိ ချစ်တတ်အောင် အိမ်ထောင်သည် ဇနီးသည် ဘဝနေနည်းကိုပဲ သင်ပေးလိုက်မယ်နော်။

ဒါကတော့ မြတ်စွာဘုရားက ဝိသာခါကို ဆုံးမတဲ့ အိမ်ထောင်ရှင်အမျိုးသမီးကောင်းများ လိုက်နာရန် ဖြစ်ပါတယ် တပည့်မ။

၁။ အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်ရမယ်။

၂။ အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက် ထောက်ပံ့တတ်ရမယ်။

၃။ လင်ရဲ့ နှစ်သက်ဖွယ်ကို ပြုတတ်ရမယ်။

၎။ စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်ရမယ်တဲ့။

၁။ အမှုကိစ္စတိုကို ကောင်းစွာ ပြုပြင် စီရက်တတ်ရမယ်ဆိုတာ… လိမ္မာတဲ့ အိမ်ရှင်အမျိုးသမီးဟာ အိမ်းတွင်ကိစ္စ အဝဝကို လုပ်ကိုင်တတ်ရမယ်၊  လင်၏ အိမ်တွင်းမှု အလုပ်၌ ကျွမ်းကျင်၍ မပျင်းရဘူး၊  ထိုအိမ်တွင်းမှု လုပ်ငန်း၌ အကြောင်း ဥပါယ်ဖြစ်သော စုံစမ်းမှု ပညာနှင့် ပြည့်စုံရမယ်။  ပြုလုပ်ရန် စွမ်းနိုင်ရမယ်။ စီမံ ခန့်ခွဲနိုင်ရမယ်တဲ့

၂။ အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက် ထောက်ပံ့တတ်ရမယ်ဆိုတာ… မိမိအိမ်မှာ ၊ အမျိုးသားရဲ့ အလုပ်ရုံ ကုမ္မဏီမှာလုပ်ကြတဲ့  အလုပ်သမားတွေရဲ့ အပြုအမှု အပြောအဆို အကျိုးအကြောင်း ၊ အဆိုးအကောင်းကို သိတတ်ရမယ်၊ လိုအပ်သလို ထောက်ပံ့ ကူညီတတ်ရမယ်တဲ့။   တပည့် လုပ်သားတွေထဲမှာ ဖျားနာသူတို့ကိုလည်း  သေချာ ကူညီစောင့်ရှောက်တက်ရမယ်တဲ့။


၃။ လင်ရဲ့နှစ်သက်ဖွယ်ကို ပြုတတ်ရမယ်ဆိုတာ…
လင်ယောက်ျား မနှစ်သက်ဖွယ်ဟု ဆိုအပ်သော အမှုကိစ္စ ကို အသက်ဟူသော အကြောင်းကြောင့်လည်း မလွန်းကျူးသင့်ဘူးတဲ့။

၎။ စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုတာ…. လင်ယောက်ျား  ရှာဖွေ ထားထေား ပစ္စည်တွေကို မပျော်ပျက်အောင်  လုံလုံခြုံခြုံ ထိမ်းသိမ်းတတ်ရမယ်။ ထိုပစ္စည်း ဥစ္စာတို့အပေါ်၌ အပျော်မကြူး တတ်သူ၊ မခိုးမဝှက်တတ် သူ၊ အရက်သေစာ မသောက်စားတတ်သူ၊ မဖျက်ဆီးတတ်သူ ဖြစ်ရမယ်တဲ့။

စာရေးသူလည်း တပည့်မဆန္ဒကို မဖြည့်ဆီးပေးနိုင်တော့ ၊ ဗုဒ္ဓနည်းအရ အိမ်ထောင်သည်ဘဝ အတတ်ပညာကိုပဲ သင်ကြားပေးလိုက်ရပါတယ်။

တပည့်မတစ်ယောက်လည်း စိတ်ထဲမှာ မကျေမနပ်နဲ့ပဲ  စာရေးသူထံမှ   ပြန်သွားပါတော့တယ်။

 အဲဒီနောက် တပည့်မ ပျောက်ခြင်းမလှ  ပျောက်လိုက်တာ တဆယ့်ငါးနှစ်တောင် ရှိပါပကော့လား။
ဗုဒ္ဓရဲ့လမ်းညွှန်မှုကြောင့် တပည့်မ ပုံပုံတစ်ယောက် သား၊သမီး ၊လင်ယောက်ျားနဲ့  ပျော်ပျော်ရွှင်ရွှင်  သိက္ခာရှိရှိ ချစ်စရာ အိမ်ထောင်သည်ဘဝကို တွေ့မြင်လိုက်ရတော့….။
 သိက္ခာချစ်ဆိုတာ....
၉ - ပဌမ ဣဓလောကိကသုတ်-မှ၊ ဥပေါသထဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်

No comments:

Followers

My Blog List