Sunday, March 8, 2009

ဘ၀အတွေ့အကြုံများ(၂)


ထင်ပေါ်ကျော်ကြားခြင်းနှင့်
မကျော်ကြားခြင်း..

ကျော်ကြားခြင်းနှင့် မကျော်ကြားခြင်းဟာလည်း လောကမှာ မလွဲမသွေ ရင်ဆိုင်တွေ့ရမယ့် လောကဓံတစ်စုံဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဂုဏ်ပြုခံရခြင်း၊ ကျော်းကြားခြင်းကို ၀မ်းသာစွာကြိုဆိုတတ်ပြီး ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်းကို ၀မ်းနည်း စိတ်ပျက်စွာနဲ့တုန်ပြန်တတ်ကြပါတယ်။

ထင်ပေါ် ကျော်ကြားခြင်းဟာ နှလုံးသားကိုနှစ်သက်စေပြီး မထင်ပေါ်ခြင်း ဂုဏ်သိမ်ငယ်ခြင်း ကတော့ နှစ်လုံးသားကို ထိခိုက်နာကျင်စေပါတယ်။ ဒါကြောင့် လူသားအားလုံး ထင်ပေါ်ကျော်ကြားလို တဲ့ဆန္ဒတွေရှိကြတာပေါ့။ ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ဓာတ်ပုံတွေကို သတင်းစာတွေ စာစောင်တွေ မှာတွေ့ ချင်မြင်ခြင်ကြတယ်။ ပါတီပွဲတွေမှာ သိပ်ပျော်ရွှင်တတ်ကြပါတယ်။   ပျော်ရွှင်မှုတွေ  များလာရင် လိုအပ်တာထက်ပိုကာ တရားမမျှတတာတွေ လူ့ပတ်ဝန်းကျင်မှာ   ဖြစ်ပေါ်လာတတ်ပါတယ်။

တစ်ချို့ ထင်ပေါ်ကျော်ကြားလိုလို့ ဈေကြီးပေးပြီး မဂ္ဂဇင်းစာစောင်တွေမှာ သူတို့ရဲ့ ဓာတ်ပုံတွေကို   ဖော်ပြလိုကြပါတယ်။ တစ်ချို့ထင်ပေါ်ကျော်ကြားလိုလို့ ဘုန်းတန်ခိုးကြီးသူ တွေထံမှာ အလှူဒါန   တွေပေးလှူတတ်ကြပါတယ်။ တစ်ချို့ထင်ပေါ်ကျော်ကြားလိုလို့ သံဃာတော်များ ရာကျော် ထောင်ကျော် ပင့်ဖိတ်၍ အလှူကြီးတွေပြုလုပ်တတ်ကြပါသေးတယ် ဒါပေမယ့် နယ်စပ်ဒေသမှာ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခသည်များကိုတော့ ကူညီဖို့ စိတ်ကူးထဲမှာတောင်ရှိမယ်မထင်ကြပါဘူး။

ဒါကတော့ လူးသာတွေရဲ့ အားနည်းချက်ပါ။ လူသားတိုင်မှာ ဖုံးကွယ်နေတဲ့ သူတော်ကောင်း စိတ်ဓာတ်လေးတွေရှိတတ်ကြပါတယ်။ ကူညီလိုတဲ့စိတ်ဓာတ်အပြည့်အ၀ရှိသူများကတော့အဓိပ္ပါယ်ရှိရှိလုပ် 
 လေ့လုပ်ထရှိပါတယ်။ များသောအာဖြင့် လူတွေက အမှတ်တမဲ့လုပ်တတ်ကြ ပါတယ်။   လောကကြီးကိုလေ့လာကြည့်ပါ ဘယ်သူဟာ အပြစ်အကင်းဆုံးလဲ? ဘယ်လောက်များ ဓမ္မဓိဌာန်ကျကျ   ဆောင်ရွက်နိုင်ကြသလဲ?... လူ...ဘယ်လောက်များများ ကိုယ်ကျိုးစွန့်ဆောင်ရွက်နေကြသလဲ?.. 


ကျွန်ုပ်တို့ ထင်ပေါ်ကျော်ကြားမှုနောက်ကို မလိုက်သင့်ပါဘူး။ ကျွန်ုပ်တို့ကိုယ်၌က ထင်ပေါ်ထိုက်   ကျော်ကြားထိုက်ရင် ... ထင်ပေါ်ကျော်ကြားမှုဟာ သူ့အလိုလိုရောက်လာမှာပါ။ ပျားပိတုန်းများဟာ ပန်းပွင့်လေးရဲ့ ဖိတ်ကြားချက်မရှိပဲ ပန်းပွင့်လေားပေါ်မှာ ကျရောက်ပြီး ပန်းဝတ်မှုံကို စုတ်ယူသလိုပေါ့။

ကျွန်ုပ်တို့ရဲ့ကျော်ကြားမှုဟာ ကမ္ဘာသို့ပျံ့နှံ့သွားရင် ပျော်ရွှင်ကြမှာ အမှန်ပါပဲ။ ဒီကျော်ကြားမှုဟာ တစ်ခဏတာဖြစ်ပြီး လေထဲမှာ မကြာခင် ပျောက်ကွယ်သွားမှာပါဆိုတာ ကျွန်ုပ်တို့နားလည်  သဘောပေါက်သင့်ပါတယ်။ 

မထင်ပေါ်.. မကျော်ကြားခြင်းကိုဘယ်လိုမြင်ပါသလဲ..?

ဒါကို.. မနှစ်သက်စရာ.. မကြားချင်စရာ..လို့ဆိုမလား..? ကျွန်ုပ်တို့ ဂုဏ်သိမ်ငယ်စရာ စကားများကြားရင် စိတ်ညစ်ကြမယ်ဆိုတာ ဘယ်သူမှငြင်းဖွယ်မရှိပါ။ ကြားရတဲ့ သတင်းက မမှန်ကန်ဘူး လုံးဝမှားနေ မယ်ဆိုရင်တော့ ပိုပြီးစိတ်ခံပြင်းကြမှာပါပဲ။

အောင်ခြေခံတဲ့ အဆောက်အဦးဖြစ်ဖို့ နှစ်ရှည်လများ တည်ဆောက်ရပါတယ်။ ဒီအဆောက်အဦးကို   ခေတ်မှီလက်နက်ကြီးများက တစ်မိနစ်.. အတွင်းဖျက်ဆီးပစ်နိုင်ပါတယ်။
တစ်ခါတစ်လေ ထင်ပေါ်ကျော်ကြားဖို့ ဘ၀တစ်လျှောက်လုံး နှစ်တော်တော်များများ ကြိုးစား ရပါတယ်။ ကြိုးစားမှုမပါဘဲ ရလာတဲ့ ကျော်ကြားမှုကတော့ အလကားပါပဲ။ 


လောကကြီးမှာ.. ဘယ်သူမှ ဂုဏ်သိမ်ငယ်ခြင်းကတော့ လွတ်မြောက်မှာ မဟုတ်ပါဘူး။ တစ်ချို့ပြော တတ်ကြပါတယ်  သူကတော့ ဒါတွေ..ဒါတွေ.. စွမ်းဆောင်နိုင်တယ်။ ဆုံးမှာတော့... “ဒါပေမယ့်” ဆိုတဲ့ စကားလုံလေးနဲ့အဆုံးသတ်ခြင်းခံရတတ်ပါတယ်။ မြတ်စွာဘုရား နေထိုင်တဲ့နည်းအတိုင်းနေထိုင်ပေမယ့် ဝေဖန်,ပြစ်တင်,နှောက်ယှက်ခြင်းကတော့ လုံးဝ ဘယ်သူမှ ကင်းမှာမဟုတ်ပါဘူး။

မြတ်စွာရားဟာ.. သူ့ခေတ်တုန်းက အကျော်ကြားဆုံး ဆရာတစ်ယောက်ဖြစ်ခဲ့သလို အဝေဖန် အခံရဆုံးသော၊ အနှောက်အယှက်အခံရဆုံးသော ဆရာတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
တစ်ခါက .. မနာလိုဆန့်ကျင်ဖတ်သမားများက .. “ရဟန်းဂေါတမဟာ ညဖတ်အချိန်မှာ ကျောင်းတော်၌ မိန်းမများနဲ့ပျော်ပါးနေတယ်“လို့သတင်းလွှင့်ခဲ့ပါတယ်။ “ရဟန်းဂေါတမနဲ့ တပည့်များဟာ ပျော်ပါးပြီး အမျိုးသမီးကို သတ်ကာ ပန်းခြုံထဲမှာ ပစ်ထားခဲ့တယ်လို့ လူသိရှင်ကြား မဟုတ်သတင်း လွှတ်ခဲ့ပါတယ်။   နောက်ဆုံးမှာတော့ မဟုတ်သတင်းလုပ်ကြံသူများဟာ သူတို့မှားကြောင်း အပြစ်ကိုဝန်ချတောင်း ပန်ခဲ့ပါ တယ်။

မြတ်စွာဘုရားဟာ သာသနာ့ပြုသမိုင်းမှာ ထူးခြားစွာအောင်မြင်ခဲ့လို့ ခြေတော်ရင်းမှာ တပည့်ခံ၍ သာသနာ့ဘောင်ဝင်သူတွေ အမြောက်အများပေါ်ပေါက်ခဲ့ပါတယ်။ ဒါကိုပင် ဆန့်ကျင်ဖတ်ဝါဒီတွေက... “အမေရဲ့သားများ၊ ဇနီးရဲ့လင်ယောက်ျားများကို သာသနာဘောင်သွင်းပြီး အမျိုးတုန်အောင်လုပ်နေပါ တယ်လို့” စွတ်စွဲခံခဲ့ရသေးပါတယ်။

ဒီလို အနှောက်အယှက်အားလုံးဟာ ကိုယ်ကျင့်သီလနဲ့ပြည့်စုံတဲ့ မြတ်ဗုဒ္ဓအတွက်တော့ အချီးအနှီးဖြစ်ခဲ့ ပါတယ်။မြတ်ဗုဒ္ဓရဲ့ဝမ်းကွဲ တပည့်ရင်းဒေ၀ဒတ်ဟာ မြတ်ဗုဒ္ဓကို မနာလိုဝန်တိုလို့ တောင်ပေါ် မှ ကျောက်တုန်းလှိမ့်ချပြီး လုပ်ကြံခဲ့ဖူးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လုံးဝ..လုံးဝ... အပြစ်ကင်းစင်တဲ့ မြတ်ဗုဒ္ဓမှာတောင် ကံကြမ္မာအလှဲ့အပြောင်း ဒီလိုအနှောက်အယှက်      တွေရှိနေသေးတယ်ဆိုရင်... ရိုးရိုးသာမန်လူသားတစ်ယောက်မှာတော့ ဘယ်မှာဆိုဘွယ်ရှိအံ့နည်း။

တောင်မြင့်တက်လေလေ....သူများအကြည့်ခံရလေလေပါပဲ။ သင့်ရဲ့နောက်မှာဖုံးကွယ်နေပေမယ့်၊   ရှေ့မှာဖုံးကွယ်နေဆဲပါ။ အပြစ်ရှာတတ်တဲ့လောကကြီးကတော့ သင့်ရဲ့လုပ်ရပ်တွေကို ဝေဖန်မယ်။   ပြစ်တင်မယ်။ မြင့်မြတ်သောတည်ငြိမ်ခြင်းဖြင့် မေ့ပျောက်လိုက်ပါ။ 


တခါးပေါက်မှ လေတိုက်ပေမယ့် အန္တရာယ်မဖြစ်အောင် ဂလန့်(တခါးရွတ်ထိမ်း)မှ ထိမ်းထားပါတယ်။ ပုလင်းဖုံးဖြင့် ဖုံမ၀င်အောင် ဖုံးထားပါတယ်။

ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်များကတော့ အေးဆေးစွာဖြင့် ဝေဖန်ချက်ကို ရှောင်ရှားတတ်ပြီး၊ မယဉ်ကျေးတဲ့ ပုဂ္ဂိုလ်များကတော့ ဝေဖန်ချက်တွေကို ဖြေရှင်းဖို့စတင်လှုပ်ရှားတော့တာပါပဲ။
အကယ်၍ သင်ဟာ အမှားတစ်ခုကို အမှန်တကယ်လုပ်မိသည့်ဖြစ်စေ.... အမှတ်တမဲ့ လုပ်မိသည်ဖြစ်စေ Epictetus ရဲ့အကြံပြုချက်ကို သတိရလိုက်ပါ။

“ဒါဟာ... ငါရဲ့ဗဟုသုတအားနည်းချက်ပဲ၊ ဒါကြောင့်ဒီလောက်လေး အဝေဖန်ခံရတာ၊ ငါဟာ ဒိထက်များ ဗဟုသုတများရှိခဲ့မယ်ဆိုရင် ဒိထက်ပိုပြီး အဝေဖန်ခံရမှာ သေချာတယ်”လို့ ဖြေသိမ့်ပါ။

တကယ်တော့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ချက်တွေ၊ ပြစ်တင်တာတွေကို အချိန်ကိုဖြေရှင်းစရာ မလိုပါဘူး။ သင်ဟာ.... ပတ်ဝန်းကျင်ရဲ့ ဝေဖန်တာတွေကို စိတ်ပျက်မယ် .. စိတ်ထိခိုက်နေမယ်ဆိုရင်.. သင့်ဝေဖန်ရေးသမားများက ၀မ်းသာကျေနပ်နေမှာ အမှန်ပါပဲ။ ဒါဟာ သူတို့ရဲ့ အဓိကရည်မှန်းချက်ပဲလေ။

သင့်ဟာ ပတ်ဝန်ကျင် ဝေဖန်ချက်တွေကို မတုန်ပြန်ဘူး၊ ဘာမှခံစားမှုမရှိဘူး ဆိုရင်တော့   ပြစ်တင်ဝေဖန်သူဟာ ..နားကန်နေသူကို မကြားကြားအောင် သံကုန်အော်ဟစ် နေသူ တစ်ယောက်လိုဖြစ်သွားမှာပါ။

ဒါကြောင့်...
• ကျွန်ုပ်တို့ သူတစ်ပါးရဲ့ အပြစ်ကိုမြင်ရင်.. နာမလည်သူတစ်ယောက်လို နေပါ။
• တရားမမျှတတဲ့ ဝေဖန်သံတွေကြားရင် နားကန်သူတစ်ယောက်လို နေပါ။
• သူတစ်ပါး မကောင်းကြောင်းပြောနေတယ်ဆိုရင် စကားမပြောတတ်သူ တစ်ယောက်လိုနေပါ။
• သူတစ်ပါးရဲ့ ဝေဖန်ချက်တွေကို ရပ်တန့်သွာအောင် မစွမ်းနိုင်ဘူဆိုရင်တော့ မဟုတ်မမှန် လုပ်ကြံ ကောလဟလ သတင်းအဖြစ်သတ်မှတ်လိုက်ပါ။

• လောကကြီးဟာ ဆူးငြောင့် ခလုတ်တွေနဲ့ပြည့်နှက်နေတာပါပဲ။ ဒါတွေအားလုံးကို ဖယ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒီလိုခက်ခဲတဲ့ လောကဓံတရားတွေကို ကျော်လွှား နိုင်ဖို့ကတော့ ခန္တီနဲ့ ပညာဆိုတဲ့ ဖိနပ်တစ်ရံဝတ်ထားဖို့အကြံပြုပါရစေ။

ရှေးဆရာများအကြံပြုတာကတော့.......
• ခြင်္သေ့မင်းသည် တောထဲမှာ ဘယ်လိုအသံမျိုးပဲကြားကြား မတုန်မလှုပ်ပဲနေသလို.. တည်ငြိမ်အေးဆေးစွာနေပါ။

• လေသည် .. ပိုက်ကွန်မှ ကွန်ယက်များကို မကပ်ငြိအောင် တိုက်ခိုက်သလို....... ကင်းရှင်းစွာနေပါ။

• ကြာပန်းသည် မသန့်ရှင်းသော ရွံ့နွံထဲမှာ ပေါက်သော်လည်း သန့်ရှင်းနေသလို.... မိမိကိုယ်ကို သန့်ရှင်းအောင်နေပါ။

တောတို့သနင်း ခြင်္သေ့မင်းဟာ တောထဲမှာ အခြားသတ္တ၀ါတွေရဲ့ ဟိန်ဟောက် ခြောက်လန့်သံတွေ ဘယ်လိုပင်ကြားကြား မတုန်မလှုပ် တည်ငြိမ်စွာပဲ နေလေ့ရှိပါတယ်။


လောကကြီးမှာ ဝေဖန်သံတွေ... ကဲ့ရဲ့သံတွေ ..စွပ်စွဲသံတွေ... မမှန်ကန်တဲ့ သတင်းတွေ မိုးလုံးပြည့် နားထဲမှာ ဆူဆူညံအောင် ကြာကောင်း ကြားနိုင်ပါတယ်။
တောတိုသနင်းခြင်္သေ့မင်းလို့ ဒီဝေဖန်သံတွေကို လုံးဝဂရုမစိုက်ပါနဲ့။
ဒီဝေခဖန်သံများဟာ စ..ရာမှ .. ဆုံးသွားပါလိမ့်မယ်။
ခွေဟောင်သော်လည်း မော်တော်ကားဟာ အေးဆေးစွာပဲ ရွေ့လျားနေပါတယ်။

ကျွန်ုပ်တို့ဟာ ရွံ့နွံများ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာနေတာပါ။ လှပတဲ့ကြာပန်းများ စွာဟာ ရွံနွံထဲမှ အညစ်အကြေးကင်းမဲ့စွာ ပေါ်ထွက်လာပါတယ်။ ကျွန်ုပ်တို့ဟာ ကြာပန်းလို အပြစ်ကင်းမဲ့စွာ မြင့်မြတ်စွာဖြင့် ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ နေထိုင်ရမှာဖြစ်ပါတယ်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့ထံသို့ လှပတဲ့နှင်းဆီပန်းများအစား ..ရွံ့နွံများ ကျရောက်နိုင်တယ်ဆိုတာ   မျှော်လင့်ထားပါ၊ ဒါမှသာ စိတ်ဆင်းရဲမှုတွေ ကင်းမှာ ဖြစ်ပါတယ်။ 

ဒီလိုမြင့်မြတ်တဲ့ စိတ်ထားတတ်ဖို့ အခက်အခဲရှိကောင်း ရှိပါလိမ့်မယ် ကျွန်ုပ်တို့ ကျိုးစားပြီး အတွယ်အတာကင်းအောင် ကျင့်ရပါမယ်။ ကျွန်ုပ်တို့ စဉ်းစားကြည့်လေ.. လောကကြီးထဲကို တစ်ယောက်တည်းရောက်လာပြီး ပြန်သွားတော့လည်း တစ်ယောက်တည်းလေ။ 

တွယ်တာမှုကင်းမဲ့တဲ့ ပျော်ရွှင်မှုဟာ ပျော်ရွှင်မှုအစစ်အမှန်ပါ။

ကျွန်ုတို့ သတိမထားရင် တွယ်တာမှုမှတဆင့် အဆိပ်မိတတ်ပါတယ်။ ဒါကြောင့် စွမ်းနိုင်သလောက် အများအကျိုးဆောင်ရွက်ကြပါ။ 

လောကကြီးမှာ အံသြစရာကောင်းတာက.. ပြည်သူ့အကျိုးပြုပုဂ္ဂိုလ်တွေ အပြစ်ဒဏ်ပေးခံရတယ်။ အဆိပ်ခပ်လုပ်ကြံခံရတယ်။ ပစ်သတ်ခံရပြီး ဘ၀နိဂုံးချုပ်သွား ခဲ့ကြပါတယ်။

တွေးခေါ်ပညာရှင် ဆိုကရေတီး အဆိပ်ခပ်ခံရတယ်။ ခရစ်ယာန်သာသနာပြု Jesus Christ လက်ဝါးကပ်တိုင်မှာ အသတ်ခံရတယ်။ မဟတ္တမဂန္ဓီ အပစ်သတ်ခံရတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတယ်။

သူတော်ကောင်းကြီးများ .. ပြည်သူ့အကျိုးဆောင်များအတွက် သိမ့်အန္တရာယ်ကြီ်းမား ပါတယ်။
သူတို့ဘ၀တစ်လျှောက်မှာ... အဝေဖန်တွေ... အတိုက်အခိုက်တွေ... ခံရပြီး အသတ်ခံရတယ်။   သေတဲ့       နောက်မှာတော့ မြင့်မြတ်သူတစ်ယောက်အဖြစ် ဂုဏ်ပြူခံရတတ်ပါတယ်။

စိတ်ထားမြင့်မြတ်သူတွေမှာတော့ ဂုဏ်ပြုသည်ဖြစ်စေ.. မပြုသည်ဖြစ်စေ.. ဘာမှထူးခြားမှုမရှိပါဘူး။ သူတို့ဟာ ပြစ်တင်သည်ဖြစ်စေ.. ဝေဖန်သည်ဖြစ်စေ.. ဘာမှ ၀မ်းနည်းပူဆွေးမှုမရှိပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့ဟာ နာမည်ကြီးအောင် ပေါ်လွင်အောင် အလုပ်.. လုပ်နေခြင်းမဟုတ်လို့ပါဘဲ။

 သူတော်ကောင်းကြီးများဟာ သူတို့လုပ်ဆောင်ချက်ကို သူများအသိအမှတ်ပြုသည်ဖြစ်စေ.. မပြုသည်        ဖြစ်စေ.. ဘာမှထူးထူးခြားခြားခံစားမှုမရှိပါဘူး။ သူတို့ရည်မှန်းချက်က လုပ်ငန်းမှန်ကန်ရမယ်၊ အများအကျိုးဖြစ်စေရမည့်ရန်မှန်းချက်များဖြစ်ပါတယ်။
ဘာသာပြန်

No comments:

Followers

My Blog List