Saturday, March 7, 2009

ဘ၀အတွေ့ အကြူံများ (၁)



ကျွန်ုပ်တို့အားလုံး အခက်အခဲပေါင်းများစွာဖြင့် ဖွဲ့စည်းထားတဲ့ အရှုပ်လောက ကြီးထဲမှာ နေထိုင်နေကြသူတွေပါ။ 

လောကကြီးဟာ လှပတဲ့ နှင်းဆီးပန်းလေးသက်သက် မဟုတ်သလို ဆူးများ ၀န်းရံထားတဲ့ နေရာလည်း မဟုတ်ပါဘူး။ နှင်းဆီပန်းဟာ လှတယ်၊ မွေးကြိုင်တယ်၊ နှုးညံ့တယ်၊ ဒါပေမယ့် ဆူးများကြားမှ   ပေါက်ဖွားလာရပါတယ်။ နှင်းဆီပန်းကတော့ ဆူးရဲ့ဒဏ်ကို သည်းခံနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဆူကြားမှ ပေါက်ဖွားလာတဲ့ နှင်းဆီပန်းကို ဘယ်သူမှာ မမြတ်နိုး မတွယ်တာဘဲ မနေနိုင်ကြပါဘူး။

အကောင်းမြင်ဝါဒီ လောကကြီးဟာ ပျော်ရွင်စရာ သာယာလှပသော ကမ္ဘာကြီးလို့ သတ်မှတ်ကြပေမယ့်။ အဆိုမြင်ဝါဒီများကတော့ ဒုက္ခများ၊ အခက်အခဲများ ၀န်းရံထားတဲ့ ကမ္ဘာကြီးလို့ သတ်မှတ်ကြမှာပါပဲ။ တကယ်တော့ လောကကြီးဟာ လှပတဲ့ နှင်းဆီ သက်သက်လည်းမဟုတ်သလို အကျီးတန်တဲ့ ဆူးသက်သက်လည်းမဟုတ်ပါဘူး။
နှင်းဆီပန်းရဲ့ သဘာဝကို နားလည်တဲ့ လူတစ်ယောက်က လှပတဲ့ နှင်းဆီလေးကို ခူးယူ ပန်းဆင်ခြင်းသက်သက်မဟုတ်ပဲ၊ နှင်းဆီပန်းနဲ့ အမြဲတွဲပါလေ့ရှိတဲ့ ဆူးကိုလည်း လိမ္မာစွာဖြင့် ဆူမစူးအောင် ခူးယူပန်ဆင်တတ်ကြပါတယ်။

ကျွန်ုပ်တို့အားလုံး နာရီလက်တန်သည် အေးဆေတည်ငြိမ်စွာဖြင့် တစ်ပတ်လည်နေသလို   နှစ်စသက်စရာလေးမျိုး မနှစ်သက်စရားလေားမျိုးနဲ့ ရောနှောနေတဲ့လောကကြီးမှာ နေတတ်အောင် တည်ငြိမ်သောနှလုံးသားဖြင့် နေထိုင်ကြရမှာဖြစ်ပါတယ်။

ဒါတွေကတော့
1. အောင်မြင်ခြင်း
2. ရှုံးနိမ့်ခြင်း
3. ကျော်ကြားခြင်း
4. မကျော်ကြားခြင်း
5. ချီမွမ်းခြင်း
6. ကဲ့ရဲ့ခြင်း
7. ပျော်ရွှင်ခြင်း
8. ၀မ်းနည်းခြင်းတို့ဖြစ်ပါတယ်။


အောင်မြင်ခြင်း.. ရှုံးနိမ့်ခြင်း....
စီပွားရေးသမားတစ်ယောက်အနေနဲ့ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်းဟာ လုံးဝ..လုံးရှောင်လွှဲလို့ မရတဲ့လောကဓမ္မတာပါ။ အောင်မြင်တယ် အကျိုးမြတ်ရတယ်ဆိုရင် ၀မ်းသာပျော်ရွှင်တတ် တတ်ဟာ သဘာဝပါ။ သူ့မှာ... အမှားမရှိပါဘူး။ ဒီလိုဏတာ ပျော်ရွှင်အောင်မြင်မှုများ ရရှိဖို့ အတွက် ကျွန်ုပ်တို့လူသားများ ကြိုးစားရှာဖွေလုပ်ကိုင်နေကြတာမဟုတ်လား? ဒီလို ခဏတာ   ပျော်ရွှင်မှုလေးကိုတောင်မှ မခံစားထိုက်ဘူးဆိုရင် လူဘ၀ဟာ မနေထိုက်တဲ့ ကမ္ဘာကြီးတစ်ခုပါ။ ဒီလို ပိုင်ဆိုင်မှု ပျော်ရွှင်မှုများနဲ့ ရောပြွမ်းနေတဲ့ လောကကြီးမှာ ကျန်းမာခြင်း, ကြွယ်ဝခြင်း စသောပြည့်စုံခြင်း များဖြင့် ပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။

ပြဿနာကတော့ ရှုံးနိမ့်ခြင်းက စတာပါပဲ။ အောင်မြင်တုန်းကတော့ ပြုံးပြုံးလေး လက်ခံနိုင်ပေမယ့်၊ ရှုံးနိမ့်ရင်တော့ စိတ်ရောဂါများရတတ်ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းကို သည်မခံနိုင်ရင် ကိုယ့်ကိုယ်ကို   သေကြောင်းကြံတဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒီလိုစိတ်ထဲမှာ ခံပြင်းလာရင် စိတ်ဓာတ်ခိုင်မောင်အောင်နဲ့ တည်ငြိမ်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုစားရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး ဘ၀စစ်ပွဲမှာ အနိုင်၊ အရှုံးရှိနေမှာ အမှန်ပါပဲ။ ဒါကြောင့် လူသားတိုင်း အနိုင်.. အရှုံးအတွက် ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှသာ စိတ်သောကဝေဒနာမှ သက်သာရာ ရနိုင်မှာ ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထက်က အမျိုးသမီးတစ်ယောက်..
ဗုဒ္ဓလက်ထက်တော်က အမျိုသမီးတစ်ယောက်ဟာ ရှင်သာရိပုတ္တရာနဲ့ သံဃာတော်များကို ဆွမ်းကပ်နေစဉ် သူမမိသားစုထဲမှ တစ်ယောက်ကွယ်လွန်သွားကြောင်း သတင်းဆိုးတစ်ခု စာလွှာလက်ခံရရှိပါတယ်။ သူမဟာ သတင်းဆိုးကြောင့် ဘာမှုတုန်လှုပ်ခြင်းမရှိဘဲ သတင်းဆိုးစာလွှာကို ခါးမှာညှပ်ပြီး သံဃာတော်များကို ဆွမ်းဆက်လက်လုပ်ကျွေးနေပါတယ်။ တချိန်တည်းမှာပဲ အိမ်ဖော်မလေး သံဃာတော်များကပ်လှူဖို့ ထောပတ်အိုးသယ်လာစဉ် မမျှော်လင့်ပဲ လျှော်လဲကာ   ထေားပတ်အိုးကျကွဲခဲ့ပါတယ်။ အရှင်သာရိပုတ္တရာက ထောပတ်အိုး ကျကွဲခြင်းအတွက် အလှူဒကာမ စိတ်ပျက်မှာစိုးလို့ “ဒကာမကြီး ကွဲတတ်တဲ့အရာအားလုံး ကွဲခြင်းဖြင့်သာအဆုံး သတ်ရပါတယ်” လို့တရားနဲ့ဖြေသိပ်ခဲ့ပါတယ်။ ဆွမ်းဒကာမကြီးက တည်ငြိမ်စွာဖြင့် “အရှင်ဘုရား... ဒီထောပတ်အိုး ကျကွဲတာ မပြောပလောက်ပါဘုရား လောလောဆယ်ကပင် တပည့်မမိသားစုမှ တစ်ယောက်ဆုံး သွားကြောင်း စာလွှာရရှိပေမယ့် စိတ်ကိုတည်ငြိမ်စွာထားပြီး သံဃာတော်များကို ဆွမ်းဆက်လက်လုပ်ကြွေး    နေပါတယ်ဘုရား” လို့လျှောက်ထားခဲ့ဖူးပါတယ်။ 

ဒီအမျိုးသမီးစိတ်ထားမျိုးကို အတုယူထိုက်ပါတယ်။

တစ်ခါက မြတ်စွာဘုရား ရွာတစ်ရွာ ဆွမ်းခံထွက်ခဲ့ပါတယ်။ မာရ်နတ်ရဲ့ နှောက်ယှက်မှုကြောင့် ဆွမ်းတစ်ဇွန်းမှ မရခဲ့ပါဘူး။ မာရ်နတ်မင်းက ပျက်ရယ်ပြု၍ “ဂေါတမ.... ဆွမ်းမဆားဘူးလား”လို့ မေးတော့.. ဗုဒ္ဓက. အေးဆေးတည်ငြိမ်စွာဖြင့် “မာရ်နတ်. ငါလို ကိလေသာ အနှောက်အယှက်အားလုံး ကင်းလွတ်ပြီးသူဟာ ဆွမ်းရသည်ဖြစ်စေ.. မရသည်ဖြစ်စေ.. ပျော်ရွင်စွာပဲနေနိုင်ပါတယ်။ အာဟာရ ကိုမှိဝဲရလို့ ပျော်ရွှင်ခြင်းဟာ နတ်ပြည်မှာ ဘာမှ မပြောပလောက်ပါဘူးလို့ဖြေကြားခဲ့ပါတယ်။

ထို့အတူ အခါတစ်ပါးက မြတ်ဗုဒ္ဓ ဗြဟ္မဇာလပုဏ္ဏားရဲ့ဖိတ်ကြားချက်အရ ဝေရဉ္ဇရာမြို့မှာ ၀ါဆိုခဲ့ဖူးပါတယ်။

ထိုပုဏ္ဏားဟာလည်း မာရ်နတ်ရဲ့ လှည့်ဖြားမှုကြောင့် ၀ါတွင်းသုံးလပတ်လုံး သံဃာတော်များ ဆွမ်းလုပ်ကြွေးဖို့မေ့နေခဲ့ပါတယ်။ အရှင်မဟာမောဂ္ဂလာန်က သူရဲ့တန်ခိုးနဲ့ မြေအောက်မှ   မြေဆီမြေလွှာများကို ယူပြီးကျွေး မယ်လို့ လျှောက်ထားတော့ မြတ်ဗုဒ္ဓက သဘောမတူဘဲ မြင်းထိမ်းများ လှူတဲ့ မြင်းစားများနဲ့ ကြေနပ်ရောင်ရဲဖို့ တပည့်များကိုဟောကြားခဲ့ပါတယ်။ 


ဒါကြောင့် ရှုံးနိမ့်ခြင်းနှင့်ရင်ဆိုင်ရသူဟာ ရှုံးနိမ့်ခြင်းကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တစ်ခါတရံ မိတ်ဆွေများကဖြစ်စေ, ဆရာသမားများကဖြစ်စေ မိမိဘ၀ ကျရှုံးခြင်းကို တရာဓမ္မနဲ့   ဖြေသိမ့်ပေးနိုင်ပါတယ်။ လူသားတိုင်း အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းများကို ဥပေက္ခာ တရားနဲ့ ဖြေသိမ့်  ရမှာဖြစ်ပါတယ်။ ဒီလိုဖြေသိမ့်ခြင်းဟာလည်း မြင့်မြတ်တဲ့ သူတော်များရဲ့ ပါရမိကျင့် စဉ်တစ်ခုပါပဲ။
ဆက်ရန် ....

No comments:

Followers

My Blog List