Friday, June 26, 2015

ကရုဏာဘယ်လိုထားကြမလဲ(၂)

 နှလုံးသားထဲ ကိုယ့်ကိုယ်ကို ထည့်မထားနိုင်တာဟာ အသိဉာဏ်နည်းလို့ဖြစ်တယ်
နှလုံးသားထဲ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်
---------------------------------------------------------
“ နှလုံးသားထဲမှာ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်”
ဆိုတဲ့ စကားကို ထပ်ပြောချင်ပါတယ်
ကရုဏာကင်းလိုဆိုတာထက်… ကရုဏာနည်းပါးလို့ ၊ မပြည့်စုံးသေလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
လူသားတိုင်း ၊ နှလုံးသားရှိသည့်အတွက် အနည်းနှင့်အများဆိုသလို ချစ်တတ်သော ၊ ကြင်နာတတ်သော နှလုံးသားတော့ ရှိမှာပါ။
အခြေအနေနှင့်အချိန်အခါ.. အလျှောက်  ကရုဏာနှလုံးသားကနေ..၊ ဒေါသ၊မောဟနှလုံးသာဖြစ်သွားရတာပါ..၊

အမေရိကန်သမ္မတ အိုဘားမားဟာ… လူထုကို မိန့်ခွန်းပြောတိုင်း  ပရိတ်သတ်ထဲက သူ့ကို အပြစ်တင်သူတိုင်း ( complaint ) လုပ်သူတိုင်းကို ကောင်းကောင်းနားထောင်ပေးတတ်သူု တစ်ယောက်ပါ ၊ အခြေအနေမကောင်းမှ ရဲခေါ်ကာ.. ဒေါသပုံထနေသူကို ၊ ပရိတ်သတ်ထဲကနေ ဆွဲ ထုတ်
တတ်ပါတယ်။သာမန် ဝူးတူးဝါးတား လုပ်သူတစ်ယောက်ကိုတော့ ၊ အရွှန်းလေးဖောက် ၊ ဟာသလေးနှောက “ I love you back” လို့ ပြုံးပြုံးလေး ပြောတတ်သူပါ။

တစ်နေ့က အမေရိကန်သမ္မတ  ပြည်သူထူလုကို မိန့်ခွန်းပြောတဲ့ ပွဲတစ်ခှုမှာတော့  နောက်က လှမ်းပြီးအော်နေတဲ့သူ တစ်ယောက်ကိုတော့ သူလုံးဝ လက်မခံပဲ “ No…no..no.. လို့ တုန့်ပြန်ခဲ့တယ်။ နောက်က လူက ဘာကို မကြေမနပ်ဖြစ်နေသလဲဆိုတာ  စာရေးသူလည်း ရှင်းရှင်းလင်းမသိရပါ။
သို့သော်လည်း ၊ သမ္မတအိုဘားဟာ အပြုံးမပျက် .. “ I LOVE YOU BACK “ သူ့ရဲ ဝသီအတိုင်း အပြုံးလေနှင့် အဆုံးသတ်ခဲ့ပါတယ်။

နောက် အမေရိကန်သမ္မတ အိုဘားမားရဲ့  အားသာချက်က .. သူမှားရင် အမှားကို ရဲရဲကြီးဝန်ခံရဲတဲ့ သတ္တိပါ ။ သူဟာ မှားခဲ့ရင် ‘sorry’ ပြောဖို့ ဝန်မလေးခဲ့ပါဘူး။ သူရဲ့ အမှားကိုလည်း ဘယ်တော့ ဆင်ခြေမပေးတတ်ပါဘူး (excuse ) မလုပ်ပါဘူး။

ဒါဟာ နိုင်ငံခေါင်းဆောင်လုပ်မယ့်သူတွေ ၊ အဖွဲ့အစည်းခေါင်းဆောင်လုပ်မယ့်သူတွေ
 အတွက် စံနမူနာ ယူစရာတစ်ခုပါ..၊

လူအများဖြင့် ဖွဲ့စည်းထားသော ၊အဖွဲ့အစည်းတစ်ခု (သို့)မိသားစု တစ်ခုမှာ အမြင်တွေက ကွဲပြားနိုင်ပါတယ် ၊အဲဒါကို နှလုံးသား ကြီးကြီးနှင့် ခံယူတတ်ဖို့ပါ။

မြတ်စွာဘုရားစကားပြောရာမှာ အလွန်းလိမ္မာပါးနပ်ပါတယ်..၊ သို့သော်လည်း  အကျိုးများမယ် ..၊ မှန်ကန်မယ်ဆိုရင်.. ကြားနာသူ မနှစ်သက်ပေမယ့် ၊ တည့်တည့်ကြီးပြောတတ်ပါတယ်။ လူမုန်းမှာကို မကြောက်ပါဘူး၊ သတ္တဝါတွေ လမ်းမှာ ရောက်သွားမှာကို တည့်ပေးချင်သူပါ
ဒါကြောင့် မြတ်ဗုဒ္ဓဟာ စကားခြောက်ခွန်း လူ၌ထွန်းလည်း ၂-ခွန်း ကျိုးရှိရာကို ကောင်းစွာဆိုတော်မူတတ်သော မြတ်စွာဘုရားလို့ သုဂတ ဂုဏ်တော်မှာ ဖွင့်ဆိုပါတယ်။

၁) အမှန်ပြောကြား ၊ အကျိုးများ ၊ ကြားသူမနှစ်သက်
၂) အမှန်ပြောကြား ၊ အကျိုးများ ၊ ကြားသူ လွန်နှစ်သက်
ဒီစကားနှစ်ခွန်းကို မြတ်ဗုဒ္ဓအမြဲပြောလေ့ရှိပါတယ်။

နောက်ပြီး မြတ်ဗုဒ္ဓက သံယုတ်ပါဠိတော်မှာ..
မွေးလာသော ယောကျာ်း (လူ) ပါစမ်းထဲ၌ ဓားမကြီးရှိနေ၏
ယင်းဓာမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို ဖြတ်ပိုင်းတတ်၏ဟု
ဟောကြားထားပါတယ်။

ဓာမကြီးဆိုတာ လျှာကို ပြောတာပါ  ကိုယ့်လျှာက ကိုယ့်စီးပွား ပျက်သွားအောင် ၊အောင်မြင်မှုတွေနှင့်ဝေးသွားအောင်၊ ထောင်ကျသွားအောင်၊ နောက်ဆုံး အသက်ပါဆုံးရှုံးသွားအောင် ပြုတတ်ပါတယ်။

ဒါကြောင့် ပါးစပ်မှာ ဓား သတိထား စကားဆင်ခြင်ပြောလို့ ဆိုရို့းစကားရှိခဲ့တာပါ

ဒီလျှာကိုပဲ အသုံးချတတ်တဲ့သူတွေကတော့  လျှာကိုပဲ အမှီသဟဲပြုပြီး စီးပွားရေးတိုးတတ်အောင်အောင်မြင်မှုတွေရအောင် ၊
အလုပ်အကိုင်တွေ အဆင်ပြောအောင် ၊ နောက်ဆုံး သံသရာ ဆုံးသည့်အထိ ကောင်းကျိုးတွေ ရအောင်  အသုံးချတတ်ပါတယ်။

ကဲဒါဆို…
ချိုသာသော စကားကို ပြောရင်း  သူတပါးကို ကိုယ့်နှလုံးသားမှာ ထည့်ထားကြည့်ရအောင်..

ဘယ်က စမလဲ..?
မိမိအိမ်တွင်းကပဲ စလိုက်ရအောင်
နံက်အိပ်ရာ ထထချင်း စတွေ့ရမှာက မိမိအိမ်သားတွေ မဟုတ်လား
မင်္ဂလာ စတင်ဆိုလိုက်ပါ .. ၊   အရင်က .. မလုပ်ဖြစ်လို့ .. မလုပ်တတ်ရင်တောင် .. နံက်စောစာ ရေချိုးခန်းထဲက မှန်ရှေ့မှာသွားပြီး ၊  မျက်နှလုံးကို ပြုံးပြုံး ကြီးထားပြီး ..၊
 မင်္ဂလာ စကားကိုယ်က စဆိုကြည့်လိုက်ပါနော်…
ဒါဆို နောက်တစ်ယောက်စဖို့.. မခက်လောက်တော့ပါဘူး…

No comments:

Followers

My Blog List