Friday, June 26, 2015

ANOTHER DREAM FOR YOUTH






မြန်မာနိုင်ငံ ၊ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်း ကနေဒါစင်ဖောင်ဒေးရှင်း သို့ အဖွဲ့ဝင်ကာ လှူဒါန်းကြသော အလှူရှင်များ ၊ နိုင်ငံတကာမှ လှူဒါန်းကြသော အလှူရှင်များ ၊ ပရဟိတအကျိုးကို အားကြိုးမာန်တက် ကူညီဆောင်ရွက်ကြသောပြည်တွင်း/ပြည်ပ ကနေဒါစင်တာ အလုပ်အမှုဆောင်များ အထူပင်ကျေးဇူးတင်ရှိပါသည်။
၂၀၁၅-ခုနှစ် ပညာရည်ချွန်ဆုပေးပွဲတွင် မြန်မာနိုင်ငံ တဝှမ်းရှိ ၊ ကနေဒါစင်တာ အဖွဲ့ဝင်များမှ  ပညာရည်ချွန် ကျောင်းသား (၂၀) အား  ပေးအပ်သွားမှာဖြစ်ပါသည်။

လောလောဆယ် ၊ ကျေးလက်ဒေသဖွင့်ဖြိုးရေး စတင်ဆောင်ရွက်နေသော သနပ်ပင်ရွာမှ တက္ကသိုလ်တန်းဝင် ကျောင်းသာများနှင့် မူ/လယ်/အထက်တန်း ကျောင်းသားကိုတော့ဖြင့် ထောက်ပံ့ကြေးပေါ်မူတည်၍
 ကူညီသွားမည်ဖြစ်ပါသည်။

၂၀၁၅-ခုနှစ် မြန်မာနိုင်ငံတဝှမ်းရှိ ပညာရည်ချွန်ကျောင်းသားများကို  ရန်ကုန်မြို့တော်ကြီး၌ အခမ်းအနားဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြဟ်ပြီး ထူးချွန် ကျောင်းသား တစ်ဦးကို (၁၀၀၀၀၀) တစ်သိန်းကျပ် ဆုချီးမြှင်ရန် ခန့်မှန်းထားပါသည်။

ဒုတိယ ခြေလှမ်းသစ်အနေဖြင့် .. ၊ ကနေဒါစင်တာဖောင်ဒေးရှင်း အဖွဲ့ဝင်များမှ  ပညာထူုးချွန်သော လူငယ်များအား ၊ ရွေးချယ်၍ဖြစ်စေ ၊ သတ်မှတ်၍ ဖြစ်စေ  ပြည်ပနိုင်ငံများသို့
 စေလွှတ်ပညာသင်စေရန် အစီအစဉ်သစ်များ ဆောင်ရွက် လျှက်ရှိပါသည်။ ဤခြေလှမ်းသစ်ကို  ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့ဝင်များ အကြံကောင်း အဥာဏ်ကောင်းများ ပေးနိုင်ပါသည်။

ကနေဒါစင်တာဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များကို စိတ်ဝင်များသော အဖွဲ့ဝင်
သစ်များကိုလည်း လက်ခံလျှက်ရှိပါသည်။

အသေးစိတ် အချက်အလက်များကို မဝင်းဝင်းချို ( ရန်ကုန်) ၀၉ ၅၀၃၀ ၂၄၅ ကနေဒါစင်တာ ဖောင်ဒေးရှင်း အလုပ်အမှုဆောင်များထံ ဆက်သွယ် နိုင်ပါသည်။

ဗုဒ္ဓရံသီဆရာတော် ( ကနေဒါ)
ကနေဒါစင်တာဖောင်ဒေးရှင်း

No comments:

Followers

My Blog List