Tuesday, May 12, 2015

ဆရားတော်ဘုရားကြီးများထုံး နှလုံးမှု၍



၁၉၉၆-ခုနှစ်ဝန်းကျင်လောက်က  စာသင်ခဲ့ရတဲ့.. ရန်ကုန် ကမ္ဘာအေးကုန်းမြေမှာရှိတဲ့ နိုင်ငံတော်
ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများဟာ မင်းကွန်းတိပိဋက
မှတ်တမ်းများ အရသိရပါတယ်။

အဲဒီတုန်းက ဆရာတော်ဟာ တိုင်းကြီး (၇)ခုနှင့် ပြည်နယ် (၇) ခုကို
 ကိုယ်တိုင်ကြွရောက် အလှူခံပြီး ၊ အနာဂတ်မျိုးဆက်သစ်များအတွက် ၊ တက္ကသိုလ်ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

တိပိဋက မင်းကွန်းဆရာတော်ကြီးကောင်းမှုကြောင့် ရန်ကုန်သာသနာတက္ကသိုလ်မှာ  
သံဃာနေသုံးထပ်ဆောင်  (၁၄) ဆောင်
သုံးထပ်စာသင်ဆောင် (၃) ဆောင်
ဆရာများနေသုံးထပ်ဆောင် (၃) ဆောင်  ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

မန္တလေး သာသနာ့တက္ကသိုလ်မှာရှိတဲ့ ကျောင်းဆောင်းများဟာလည်း ဆရာတော် ဦးဆောင်ပြီး ဆောက်လုပ်ခဲ့တဲ့ ကျောင်းဆောင်များဖြစ်ပါတယ်။

စာရေးသူဟာ  ရန်ကုန်သာသနာ့ တက္ကသိုလ် ကချင်ဆောင်မှာနေခဲ့ရပြီး ..၊ မင်းကွန်ဆရာတော်ဘုရားဆောက်လုပ်လှူဒါန်းတဲ့ အဆောင်မှာ 
ပထမဆုံးနေခဲ့ရတဲ့ စာသင်သားပါ
အဲဒီတုန်းက တချို့ဆောင်တွေဆိုရင် မပြီးသေးပါဘူး
ခုတော့လည်းတော်တော်များများ ပြီးသွားကြပါပြီ…၊

မင်းကွန်းဆရာတော်ဘုရားကြီးကို ကျေးဇူးဆပ်သောအားဖြင့်လည်းကောင်း
မင်းကွန်းဆရာတော်ဘုရားကြီးထုံးကို နှလုံးမှု၍လည်းကောင်း …
စာရေးသူလည်း ပြည်ပတိုင်းပြည်ရောက်နေသော်လည်း ၊
ဆရာတော်ဘုရားကြီးတို့ခေတ်ကလို့… တိုင်း/ပြည်နယ်ကို  ၊ကိုယ်တိုင်ကြွရောက် စည်းရုံးရေး တရား ဟောစရာ မလိုပဲ အင်တာနက် ၊ Facebook  viber  messenger  စတဲ့ လူမှုကွန်ယက်တတို့မှ  စည်းရုံးရေးတရားဓမ္မများ ဟောပြောကာ …
ဆင်းရဲနောက်ကျ ကျန်ခဲ့သော အမိမြန်မာပြည်အတွက်
ဗဟုသုတ ပညာရေး  ကျန်းမာရေး နောက်ကျ ကျန်းခဲ့သော မျိုးဆက်သစ်များအတွက်
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေးကို ဦးဆောင်ပြီးလုပ်နေပါပြီ..၊

အဲဒါကြောင့် ကမ္ဘာတဝှမ်းရှိ တပည့်ဒကာ/ဒကာများမ .. မိမိတို့ရဲ့ အမျိုး/ဘာသာ/သာသနာကို ပြန်လည် ထွန်း တောက်လာစေရန် အားလုံး ဝိုင်းဝန်းကြဖို့ တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံကျေးလက်ဒေသဖွင့်ဖြိုးရေးဦးဆောင်ဆရာတော် ၊ကနေဒါ
ven.ghosaka@gmail.com
ဆရာတော်ဘုရားကြီး မြန်မာနိုင်ငံ တဝှမ်း တမြို့ဝင် တမြို့ထွက် အလှူခံပြီတော့ ဆောက်ထားတဲ့ ကျောင်းဆောင်များ ဖြစ်တယ်ဆိုတာ

No comments:

Followers

My Blog List