Wednesday, February 4, 2015

ကလေးများကို မရိုက်ပါနဲ့

ကမ္ဘာ့အကြီးကျယ်ဆုံးသိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းဟာ ငယ်ငယ်က စကားမပြော
တတ်ခဲ့ပါဘူး။ ၅နှစ်ကျော်မှသာစကားစပြီးပြောတာပါ။
နိုဘယ်ဆုရှိခဲ့တဲ့ ဆေးဘက်ဆိုင်ရာပညာရှင်ကြီးတဦးဟာလည်း ငယ်ငယ်ကအတန်းထဲမှာအသုံးမကျဆုံးသူလို့ 
ဆရာ၊ဆရာမတွေရဲ့သတ်မှတ်ခြင်းကိုခံခဲ့ရသူပါ။
ဘုရားရှင်လက်ထပ်ကစူဠပန္တကဆိုတဲ့မထေရ်ကြီးဟာ အက္ခရာ ၄၄ လုံးကို
၎ လကျက်တာတောင်မရခဲ့ပါဘူး။ ဒါပေမဲ့နောက်ဆုံးမှာ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။
ကလေးများရဲ့ဥာဏ်ဟာလူကြီးအတွေးနဲ့ မရပါဘူး။ တခါတရံမှာ အတိတ်အကြောင်း
ကြောင့် ဆိုတာကိုလည်းထည့်တွက်ကြရမှာပါ။ ကိုယ်အလိုမကျတဲ့ ရိုက်ပုတ်နေရင်
တော့ဖြင့် အဲဒီကလေးရဲ့ဘဝဟာ ဆုံးရှုံးသွားနိုင်ပါတယ်။
၅ နှစ်မပြည့်တဲ့ကလေးတဦးကို ကိုယ်ကနောင်ပြင်အောင် ရိုက်ပုတ်ဆုံးမပေမဲ့ သူ့ ရဲ့ဥာဏ်ဟာ ရိုက်လို့ နာတယ်ဆိုတဲ့အသိကလွဲလို့ ပြင်မယ်ဆိုတဲ့အသိမရှိသေးပါဘူး။
ကြောက်စိတ်ကလွဲလို့ သူဘာမှ ရရှိမှာမဟုတ်ပါဘူး။
ဗုဒ္ခနည်းကျသွန်သင်နည်းကတော့
၁ နှစ်မှ ၅ နှစ် ချော့သင်ပါ။
၅ နှစ်မှ ၁၀ နှစ် ခြောက်သင်ပါ။
၁၀ နှစ်မှ ၁၃ နှစ် ချော့တခါခြောက်တလှည့်သင်ပါ။
၁၃ နှစ်ကျော်လျှင် သူငယ်ချင်းလိုသင်ပါ တဲ့။
မိဘများ ကိုယ့်သားသမီးလေးများကိုအောင်မြင်စေချင်တယ်ဆိုရင်တော့
အတင်းအကြပ်ပုံမသွင်းပဲဗုဒ္ဓတရားတော်နဲ့ အညီဲစနစ်တကျပုံသွင်းနိုင်ကြပါစေ။
သစ်ပင်ဟာ ငယ်ငယ်က အပွေးမရှိပေမဲ့ကြီးလာတာနဲ့ အမျှ နည်းနည်းခြင်းစီ
အပွေးတတ်လာပါလိမ့်မယ်။
ကလေးကိုလည်း အဲဒီလိုပဲမြင်ကြပါ။
ကလေးလွတ်လပ်ခွင့် ကလေးအခွင့်အရေး ကလေးသဘာဝ တွေကိုမိဘတွေကလည်း
ကလေးတယောက်စိတ်နဲ့ ပဲမြင်ပေးနိုင်ကြပါစေ။

No comments:

Followers

My Blog List