Thursday, September 18, 2014

သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့၊ ကနေဒါ


မြန်မာဗုဒ္ဓဘာသာအသင်း၊ကနေဒါ
သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့
ဖိတ်ကြားလွှာ
***********************
 မြတ်ဗုဒ္ဓသည် မယ်တော်မိနတ်သားအား  ကျေးဇူးဆပ်ရန် တာဝတိံသာနတ်ပြည်၌့ အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းသုံးလ ဟောကြားပြီး လူပြည်သို့ ပြန်လည်ကြွချီလာသော နေ့ထူး၊နေမြတ် အခါသမယဖြစ်သည်။ မြန်မာဗုဒ္ဓဘာသယဉ်ကျေးမှုအရ.. “ သီတင်းကျွတ်လပြည့်အဘိဓမ္မာတော်နေ့”ဟု သတ်မှတ်ခဲ့ကြသည်။

ထိုအချိန်က မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူပြည်သို့  ပြန်လည်ကြွမြန်လားခြင်းကို ကြိုဆိုသော အားဖြင့် ၊ ရောင်စုံမိးများ ထွန်းညှိခဲ့ကြသည်။  ထိုယဉ်ကျေးမှုကို အခြေခံ၍  ယနေ့ထက်တိုင် သီတင်းကျွတ်လပြည့်နေ၌  မီးထွန်းပွဲများ ကျင်းပကာ မြတ်ဗုဒ္ဓအား ပူဇော်ပသကြလေသည်။

ထိုပြင်  သီတင်းကျွတ်လပြည့်နေ့သည့် သံဃာတော်များအတွက်လည်း နေ့ထူး နေ့မြတ်ဖြစ်သည်။  နီးစပ်ရာကျောင်းတိုက်များမှ သံဃာများသည် သိမ်တစ်ခုတွင် အညီအညွတ်စုရုံးကာ မထေရ်ကြီးမှစ၍ အငယ်ဆုံးရဟန်းအထိ တစ်ပါးချင်းစီ  “ တပါးနှင့်တပါး မိမိအပြစ်ကို မြင်က ဆုံးမပါရန် တောင်းပန်းသော”ပဝါရဏာ ပါဠိကို ရွတ်ဆိုကာပဝါရဏာပြုနေ့ဖြစ်သည်။

မြတ်ဗုဒ္ဓဘာသာဝင်သူတော်စဉ်များသည်  နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့၌  သီတင်းသီလဆောက်တည်ခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များနာကြားခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း စသည့် ကောင်းမှုကုသိုလ်များကို ပြုကြသည်။

နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော်သည့် အနေဖြင့် မီးပုံးပျံများလွှတ်တင်ကြသည်။
စေတီပုထိုး၊ ကျောင်းကန်ဇရပ်များတွင်သာမက လူနေအိမ်များ၊ စပါးကျီ၊ မောင်းဆုံ၊ ဈေးဆိုင် စသည့် လူ့အကျိုးပြုပစ္စည်းပစ္စယများတွင်ပါ ဆီမီးထွန်းညှိကြသည်။ မုန့်လက်ကောက်၊ မုန့်ဆီကြော် စသည့် မြန်မာမုန့်များပြုလုပ်ကျွေးမွေးကြသည်။ လူငယ်လူရွယ်တို့က မိဘဘိုးဘွား၊ ရပ်မိရပ်ဖ သက်ကြီးရွယ်အိုများကို စားသောက်ဖွယ်ရာများ၊ အဝတ်အထည်၊ လူ့အသုံးအဆောင်ပစ္စည်း ပစ္စယများဖြင့် ပူဇော်ကန်တော့ကြသည်။

တပည့်များက ဆရာသမားများကို ပူဇော်ကန်တော့ကြသည်။ လူကြီးမိဘ၊ ဆရာသမား အကန်တော့ခံ ပုဂ္ဂိုလ်များက သာကြောင်းမာကြောင်း၊ တိုးတက်ဖွံ့ဖြိုးစေကြောင်း၊ ကောင်းကျိုးလိုရာဆန္ဒနှင့်ပြည့် စုံစေကြောင်းဆုမွန်ကောင်းများ တောင်းပေးကြသည်။
ဆုံးမသြဝါဒများ ပေးကြသည်။ ဗုဒ္ဓသာသနာ့ဘောင်ရှိ ရဟန်းငယ်များက လည်း ရဟန်းကြီး၊ ဆရာတော်ကြီးများကို ရှိခိုးကန်တော့ကြသည်။ မိမိတို့တွင် အပြစ်ကြီးငယ်ရှိ ပါကလည်း ခွင့်လွှတ်ပါရန် တောင်းပန်ကြသည်။ ဆရာတော်ကြီးများထံမှ သြဝါဒကို ခံယူကြသည်

ထိုကဲ့သို့ ထူးကဲမွန်မြတ်လှသော ၊ မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစမ်ကို ကနေဒါနိုင်ငံ၊ ဗန်ကူးဘားရောက် မြန်မာမိသားစုများ ၊ မျိုးဆက်သစ်များအား လက်ဆင့်ကမ်းသောအနေဖြင့် ၊ မြန်မာဗုဒ္ဓဘာသာအသင်းမှ ဦးဆောင်၍ ဓမ္မမိတ်ဆွေများနှင့်အတူ ၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၌
v  ၂၄-နာရီအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း
v  အဘိုးအဘွားများအားကန်တော့ခြင်း
v  မျိုးဆက်သစ်များအား ၊ ဓမ္မလက်ဆောင်များပေးအပ်ခြင်း
v  ပညာထူးချွန်ဆုချီးမြှင်းခြင်း အခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိုပါသောကြောင့် တဖက်ပါအစီအစဉ်အတိုင် ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်းမိသားစု၊ ဗန်ကူးဘား


Dear Dhamma fellows
You are invited to attend the CELEBRATION OF THADINGYUNT (ABHIDHAMMA DAY) Celebration.
On this special occasion, we’ll celebrate together
1)       24- hour non-stop PATHANA chanting
2)       Paying Respect to seniors
3)       Dhamma Students Award and
4)       Buddharmsi Bursary (Honour to college / University Students) organized by Burmese Buddhist Society, BC.
Please find at attached  detail  in Burmese
PROGRAM
Saturday
 24-HOUR PATHANA chanting    START AT 9:00AAM SATURDAY MORNING AND
END AT 9:00AM SUNDAY MORNING ( OCT 4/5 2014)
 SUNDAY
10:15 AM = Taking five precepts and offering soontoaw to BUDDHA
12:00PM = PAYING RESPECT SENIORS
12:30 DHAMMA STUDENTS AWARD AND BUDDHARASI BURSARY
2:00PM DHAMMA TALK AND SHARING OF MERIT
END OF PROGRAM





No comments:

Followers

My Blog List