Wednesday, August 20, 2014

ဈေးရောင်းရင်း ပါရမီဖြည်ကြမယ်

‘အရှင်ဘုရား ဒီကျောင်းပုံက ဘယ်မှာဆောက်မှာလဲ’

‘ကနေဒါနိုင်ငံ ဗန်ကူးဘားမှာပေါ့’

‘အရှင်ဘုရားကလည်း ဖြစ်နိုင်ပါလား ၊ ဗန်ကူးဘားမှာ မြန်မာတွေက အနည်းလေးရှိတာ၊ အရှင်ဘုရား ကျောင်းပုံက အမေရိကန်ဒေါ်လာ (၂) သန်းလောက် အနည်းဆုံး ကုန်ကျမှာ’

‘ဖြစ်နိုင်ပါတယ် ဖြစ်နိုင်ခြင်း ၊မဖြစ်နိုင်ခြင်းက  လူတွေများခြင်း၊ နည်းခြင်းနဲ့မဆိုင်ပါဘူး။
ပါရမီရယ်
ဆန္ဒရယ်
လုပ်ဆောင်ခြင်းနဲ့ဆိုင်ပါတယ်’ ။

‘ဒါဆို အရှင်ဘုရားမှာ ဒေါ်လာတွေ  အများကြီးရှိထားပြီပေါ့နော်’

‘အိမ်း… ဒီ မေးခွန်းကို မဖြေခင် မစိုးရိမ်ကျောင်းဒကာ လူပျံ့တော်ပတ္တမြား ဦးမောင်မောင်က စာရေးဆရာ ဓမ္မာစရိယ ဦးဌေးလှိုင်ကိုပြောပြတဲ့ မှတ်သားဖွယ် လူပျံတော်ပတ္တမြားရဲ့ ဆန္ဒကိုပြောကြရအောင်ပါ..၊

‘ဦးဌေးလှိုင်ရေ…သတင်းစာထဲမှာ လူပျံတော်ပတ္တမြား  ဦးမောင်မောင်က သိန်းသုံဆယ်ကျော်တန် ကျောက်စာဓမ္မစေတီတော်ကြီး တည်မယ်ဆိုတာ ဖတ်ရတော့ လူတွေက  ကျနော်ကို သိန်းတစ်ရာနှစ်ရာ ချမ်းသာနေပြီလို့ထင်ကြတယ်။ သူတို့နဲ့ ကိုယ်ချင်းစာတာပေါ့ဗျာ။ လူတွေက တစ်ဆယ်ရှိမှ  အလွန်းဆုံး တစ်ကျပ်လှူတာမဟုတ်လား။
လူတွေက ကျနော့်လဲ သူတို့လို မီလျံနာသူဌေးကြီး အောက်မေ့နေလားမသိဘူး ကျနော်က လူတစ်မျိုးဗျ၊ အခု ကျွန်တော်လုပ်နေတာ သာသနာအတွက်အလုပ်လုပ်နေတာ။ သူတို့လို ဇိမ်ခံဖို့၊ဂုဏ်ဒြပ်ကြီးဖို့ မဟုတ်ပါဘူး။  တကယ့်လည်း ကျနော့်လက်ထဲမှာ ငါးသောင်းပြည့်အောင်မရှိဘူး။ ပြောရင် ယုံမှာ မဟုတ်ဘူးဗျ။
သိန်းသုံဆယ်ကျော်ဆိုတာ လျှော့ပြောတာ ကိုဌေးလှိုင်ရေ၊ ကျွန်တော်လှူချင်တာ သိန်းတစ်ရာ အနည်းဆုံး။
ဒါကတော့ လက်ထဲမှာ ငွေမရှိပေမယ့် လူပျံတော်ပတ္တမြား ဦးမောင်မောင်ရဲ့ ဆန္ဒပါ။

ယနေ့ထက်တိုင် မြန်မာတိုင်းရင်းဆေးလောကမှာ နာမည်ကြီးနေတဲ့ လူပျံတော်ရဲ့ အတိတ်ကြောင်းကို အနည်းငယ် ပြောပြပါဦးမယ်။

သူဟာ ဘုန်းကြီးလူတွက်ဖြစ်လို့ သူဖော်စပ်တဲ့ သွေးဆေးကိုလည်း လူပျံတော် ပတ္တမြားလို့ အမည်ပေးခဲ့တာပါ။ သူ လူထွက်စက ရန်ကုန်၊တော်လှန်ရေးပန်းခြံအနီးမှာ ဆင်းရဲချို့တဲ့စွာ နေထိုင်ခဲ့ရပါတယ်။
ဘယ်လောက်ဆင်းရဲသလဲဆို အိမ်းက ကြယ်မြင်းလမြင်ဓနိမိုး ထရံကာ ရိုက်စရာ သံမရှိလို  ကြိုတို့ကြဲတဲ ခင်းထားတဲ့ ကြမ်းခင်းကို ရဲရဲမနင်းရဲပါဘူး ၊အောက်ဆင့်မှာလည်း စုံအောင်မရှိလို့ အချို့  ခဲ့ခုထားရတယ်လို့ဆိုပါတယ်။

ဘယ်လိုပင် အနေဆင်းရဲပေမယ့် ဒါနပါရမီကုသိုလ်ကတော့ မဆင်းရဲ့ခဲ့ပါဘူး၊ ဒီအိမ်စုတ်လေးမှာပင် သံဃာတော်တွေကို မကြာခဏ ဆွမ်းပင့်ကပ်တယ်လို့ဆိုပါတယ်။ တချို့ဘုန်းကြီးတွေဆို  အိမ်စုတ်လို့ မလိုက်ချင်ကြဘူး။

သူဟာ သာသနာကို ချီးမြောက်နေတဲ့ သူဆိုတော့ မကြွချင်လည်း ပင့်ကပ်တာပဲ၊ အရှင်ဘုရားတို့ နောက်တော့ တိုက်ထဲမှာ ဆွမ်းစားကြွရမှာပါလို့ လျှောက်သတဲ့။
သူဟာ သာသနာ ဦးတိုက်ပြီးလုပ်နေတော့ မွဲပေမယ့် စိတ်ဓာတ်မကျဘူး၊ နေ့တိုင်း ပရိတ်ကြီး (၁၁) သုတ်ရွတ်တယ်၊ ဂုဏ်တော်ပွားတယ်၊ တတ်သရွေ့ မှတ်သရွေ့ ရတနာသုံးပါ ဦးထိပ်ထားလုပ်ပါသတဲ့။

အဲဒီနောက်မှာတော့ ဆရာသမားများပေးတဲ့ ဆေးနည်းနဲ့ ဆေးဖော်စပ်ပြီး  လမ်းဘေးမှာ အထမ်းကလေးနဲ့ နည်လှည့်ရောင်းရင်းမှ ချမ်းသာကြွယ်ဝလာကာ ယခုတော့ ဘုရားဒကာ၊ကျောင်းဒကာ ၊ သာသနာ့ဒကာ လူပျံတော် ပတ္တမြားဖြစ်လာတာပါ။

ခုလည်း ကနေဒါနိုင်ငံ၊ ဗန်းကူဘားမြို့ ၊ မြန်မာဗုဒ္ဓဘာသာအသင်းမိသားစုဟာ လူနည်းပေမယ့် ဒါနပါရမိကုသိုလ်က မနည်းကြပါဘူး။ ကိုယ်တိုင်က တိုက်ကြီးတာကြီးးမပိုင်ဆိုင်ပေမယ့် ၊ သာသနာအတွက် ၊ အများအတွက် ကျောင်းတိုက်ကြီးတည်ချင်တဲ့ ဆန္ဒတွေရှိကြပါတယ်။

မိမိတို့လက်ထက်မှာ  ဘုရားကျောင်းကန် မဖြည့်စုံပေမယ့် မျိုးဆက်သစ်များအတွက် ပြည်ပတိုင်းပြည်မှာ ဘုရားကျောင်းကန် ပြည့်ပြည့်စုံစုံဖြစ်ချင်တဲ့ ဆန္ဒတွေရှိကြပါတယ်။

ဒါကြောင့် ဗန်ကူးဘားရောက်မြန်မာမိသားစုဟာ သာသနာအတွက်ဆို …၊ နိဗ္ဗာန်ဈေးလည်း ရောင်းပေးတယ်။
ဝါဆို၊ ကထိန်းသင်္ကန်းဆိုလည်း ကပ်တယ်။ ဘိုးဘွားတွေကိုလည်း နှစ်တိုင်းပူဇော်ကန့်တော့တယ်။
ဒီနှစ်မှာဆို ဗန်ကူးဘားရောက် မြန်မာမိသားစုများမှ မျိုးဆက်သစ်လူငယ်များအတွက် ပညာရည်ချွန်ထူးချွန်ဆုပေး ဦးမှာဆိုတော့ ဈေးရောင်းရင်းနဲ့ ဒါနပါရမီတွေ ဖြည့်ရတာ အထူးပင်ဝမ်းသာ ကြည်နှုးစရာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

ဗုဒ္ဓရံသီဆရာတော်၊ ဗန်ကူးဘား

No comments:

Followers

My Blog List