Saturday, July 19, 2014

နှစ်ပတ်လည်အစီအရင်ခံစာ





မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ နှစ်ပတ်လည်အစီအရင်ခံစာနှင့်ပန်ကြားလွှာ

ဇူလှိုင်လ (၁၉) ရက်- ၂၀၁၄
မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ နှစ်ပတ်လည်အစည်းအဝေးပွဲကို ဇူလှိုင်လ(၅) ရက်နေ့က ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပနိုင်ခဲ့ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် ကနေဒါနိုင်ငံ၊  ဘီစီပြည်နယ်တွင်ရှိသော မြန်မာဗုဒ္ဓဘာသာ လူမျိုးများ  ဘာသာရေး၊လူမှုရေးများကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရန်၊ အကူအညီပေးနိုင်ရန် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းဖြစ်ပါသည်။

နှစ်စဉ်နှစ်တိုင်း ၊ ဘာသာရေးပွဲတော်များ၊ ရှင်ပြုနားသအလှူတော်မင်္ဂလာများ၊ ဗန်ကူးဘားရောက် မြန်မာကလေးငယ်များအတွက် ဗုဒ္ဓဘာသာသာယဉ်ကျေးမှုသင်တန်း၊ မြန်မာသင်တန်းများကို ဖွင့်လှစ်ကာ နှစ်စဉ်နှစ်တိုင်း ဆုပေးပွဲများ ကျင်းပလျှက်ရှိပါသည်။ ဒီနှစ်တွင်ဗန်ကူးဘားရောက် မြန်မာဗုဒ္ဓဘာသာလူငယ်များမှ
 (၁၂ )တန်းအောင်ကာ ကောလိပ်/ တက္ကသိုလ်သွားမည့် လူငယ်များအတွက် ပညာရေးထောက်ပံ့ရေးအစီအစဉ်ပါ  တိုးချဲ့ဆောင်ရွက်နိုင်ရန် အသင်းနာယကလူကြီးများမှ စီစဉ်လျှက်ရှိပါသည်။

၂၀၁၄-ခုနှစ်တွင် ထူးခြားစွာ ကနေဒါနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဒေါက်တာစင်သီယာမောင် အဖွဲ့နှင့်တွေ့ဗန်ကူးဘားရောက်မြန်မာမိသားစုများတွေ့ဆုံကာ၊ မြန်မာနိုင်ငံ၏ ပညာရေး၊ကျန်းမာရေး လိုအပ်ချက်များ တွေ့ဆုံးဆွေးနွေးဖြစ်ပြီ ဗန်ကူးဘာရောက် မြန်မာမိသားစုများမှ တတ်နိုင်သလောက် လိုအပ်သော အထောက်အပံ့များကို  ပေးနိုင်ခဲ့ပါသည်။
မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည်၊ အသင်းသားများနှင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အသင်းဒါရိုက်တာ လူကြီးများသည်းလည်း အလှည့်ကျ စေတနာဝန်ထမ်းများသာဖြစ်ပါသည်။ သို့ပါကြောင့် ၂၀၁၅-ခုနှစ်တွင် အသင်းဒါရိုက်တာများ အလှည့်ကျတာဝန်ထန်းဆောင်မည်ဖြစ်ပြီး ၊ တိုးချဲ့ဖွဲ့စည်းမည့် အောက်ဖော်ပြပါ အလုပ်အမှုဆောင်အဖွဲ့များတွင်လည်း မည်သူမဆို  ကုသိုလ်ပါဝင်ကာ စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။

တိုးချဲ့ဖွဲ့စည်းမည့် အလုပ်အမှုဆောင်အဖွဲ့များ

၁) နာယကလူကြီးများ
၂) အထူးအကြံပေးအဖွဲ့
၃) ဒါရိုက်တာများ
၎)စာရင်းစစ်အဖွဲ့
၅)ပြုပြင်ထိမ်းသိမ်းရေးနှင့်းပွဲတော်ပြင်ဆင်ရေးအဖွဲ့
၆) ကျောင်းဆွမ်းကွမ်းဝေယျာဝစ္စ
ရ)ဘဏ္ဍာငွေရှာဖွေးရေး
၈) သတင်းနှင့်ပြန်ကြားရေး
၉) ပညာရေး

အထက်ဖော်ပြပါ အဖွဲ့များတွင် မိမိတို့ပါဝင်ကုသိုလ်ယူနိုင်သော အဖွဲ့တွင် ပါဝင်ကုသိုလ်ယူဖို့ ဖိတ်ကြားအပ်ပါသည်။


အသင်းကြီး၏ လုပ်ဆောင်ချက်အကျဉ်းချုပ်

အသင်းကြီးသည် ငါးနှစ်သက်တမ်းသို့တိုင်းသို့ရောက်ရှိခဲ့ပါပြီ။ အသက်တမ်းအရ နုနယ်သေးသော်လည်း အသင်းကြီး၏ ဘာသာရေး၊လူမှုရေး လုပ်ဆောင်ချက်မှာ ထူးကဲစွာ အောင်မြင်မှုများရှိပါသည်။
·         အသင်းတည်နေရာကို ဖန်းတီးနိုင်ခဲ့သည်
·         အသင်းသားများနှင့်အလှူရှုင်းများအတွက် ကနေဒါအစိုးရ၏
      အခွန်ကင်းလွှတ်ခွင့်ကို ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။
·         နှစ်စဉ်နှစ်တိုင်း မြန်မာအဘိုးအဘွားများအား  ၊ ကန်တော့နိုင်ခဲ့သည်။
·         ကလေးငယ်များအတွက် ဓမ္မသင်တန်း ဖွင့်ပေးနိုင်ခဲ့သည်။
·         အဘိဓမ္မာသင်တန်းကို ပို့ချပေးနိုင်ခဲ့သည်။   
·         အသင်းတည်နေရာဗုဒ္ဓရံသီကျောင်းတွင် နေရာများတိုးချဲ့ခြင်း၊ အများသုံးသန့်သန့်စင်ခန်းများတိုးချဲ့ခြင်းသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ခဲ့သည်။

လုပ်ဆောင်ရန်နှင့်ရည်မှန်းချက်ပန်းတိုင်များ

ပြည်ပတိုင်းပြည်တွင် ပထမဆုံးခြေချသော  အသင်းခေါင်ဆောင်များနှင့်အသင်းသားများအဖို့ တာဝန်များကားကြီးမားလှပေသည်။
§  မြန်မာပြည်တွင် ကျန်ရှိသော မိဘ၊ဆွေးမျိုးသားချင်းများ၏ တာဝန်
§  မိသားစုတာဝန်
§  လူမှုရေး တာဝန် အားဖြင့် ဝန်ထုပ်သုံးခုကို တချိန်တည်းထမ်းထားရလေသည်။
ထိုဝန်ထုပ်ဝန်ပိုးများမှ အနည်းမျှ သက်သာစေရန်
 မြန်မာဗုဒ္ဓဘာသာအသင်းနှင့်အသင်းဝင်းများ စုပေါင်းပြီး  မိမိရင်သွေးငယ်များအတွက် ပညာရေးအတွက်ထောက်ပံ့ရေး အစီအစဉ်များ ဆောင်ရွက်လျှက်ရှိသည်။ ထိုအစီအစဉ်းကိုလည်း အောင်မြင်စေရန်  အကြံအစည်းများ အကူးအညီများ ပေးကာ အားလုံးပါဝင်ဆောင်ရွက်ဖို့ ပန်ကြားအပ်ပါသည်။


  • အသင်းကြီး၏ မောဂိတ်သက်တမ်းမှာ(၅) နှစ်ပြည့်ခဲ့လေပြီ၊ ဒီနှစ်တွင် မောဂိတ်သက်တမ်း အပြောင်းအလဲ လုပ်ရန်ကျန်ရှိနေပါသေးသည်။
  • လောလောဆယ် အသင်းကြီးမှာ စေတနာရှင် ကိုလှဖေနှင့်+မလေးလေးနွယ်တို့မှ လက်မှတ်ထိုးကာ  တာဝန်ယူထားပါသည် ထိုတာဝန်ကိုလည်း အသင်းကြီးမှ လွှဲပြောင်းတာဝန်ယူဖို့ ရှိပါသည်။
  • အသင်းဝင်များ တိုးပွားလာသည်နှင့်အမျှ ၊ ဘာသာရေးအခမ်းအနားများဆောက်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်  ကျယ်ဝန်သော အဆောက်အဦး၊ နေရာလိုအပ်လာပါသည်။ ထိုဆောက်အဦးသစ်ဖြစ်ဖို့ကို လည်းအားလုံးမှ ပူပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။
  “စည်းလုံး၊ ညီညာ အောင်ကြောင်းဖြာ” ဆိုသကဲ့သို့ အသင်းကြီး၏ အနာဂတ်ရည်မှန်းချက်များ အောင်မြင်စေရန်   အသင်းဒါရိုက်တာများနှင့်အသင်းသားများ အားလုံး စည်းစည်းလုံးလုံး ပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
မြန်မာဗုဒ္ဓဘာသာအသင်းကြီး

No comments:

Followers

My Blog List