Monday, April 21, 2014

ဖွားတော်မူခန်း

ဖွားတော်မူခန်း(ကဆုန်လပြည့်နေ့)
---------------------------------------------
ဗုဒ္ဓလောင်းလျာ (၁၀) စေ့ပြီး မွေးဖွားခါနီးတော့ မယ်တော်မာယာဒေဝီဟာ ၊မိဘများရှိရာ ဒေဝဒဟပြည်သို့ ၊ သွားလိုကြောင်း ခွင့်တောင်းလို့ ၊ မင်းကြီးကလည်း၊ ကျေကျေနပ်နပ် ခွင့်ပေးလိုက်ပါတယ်။

နောက်တစ်နေ့ နံက်မှာတော့ မယ်တော်မာယာဒေဝီဟာ မိန်းကလေးအပေါင်းအဖော်များနှင့်အတူ  ရွှေထမ်းစင်ကို စီးကာ မွေးရပ်မြေကို ထွက်ခွာခဲ့ပါတယ်။

လမ်းခရီး၌ လုမ္ဗိနီ ဥယျာဉ်ရောက်တော့ ပင်လုံးကျွတ်ပွင့်နေတဲ့ ၊ လုမ္ဗိနီ ဥယျာဉ်ရောက်တဲ့အခါ ၊ အလွန်လှပ မွေးကြိုင်တဲ့ အင်ကြင်းပန်းတွေကို မြင်တော့ ၊အင်းကြင်းပန်တွေကို ဆွတ်ခူးချင်တာနဲ့ အဲဒီဥယျာဉ်မှာပဲ ခေတ္တခဏ နားလိုက်ပါတယ်။

မယ်တော်ဟာ အဲဒီဥယျာဉ်တွင်းမှာ နားခိုက်၊ ရွှေထမ်းစဉ်မှဆင်း၍ အင်းကြင်းခက်ကိုဆွဲကိုင်စဉ်မှာပဲ ဗုဒ္ဓလျောင်လျာကို မွေးဖွားခဲ့ပါတယ်။

( မဟာသက္ကရာဇ် -၆၈-ခု၊ ဘီစီ ၆၂၃၊ ကဆုန်လပြည့် သောကြာနေ့)

ဗုဒ္ဓလောင်းလျာ ကလေးဟာ အံသြထူးဆန်းစွာ မွေးဖွားချင်းပင် ၊ မတ်တပ်ရပ်ကာ ခြေခုနဖဝါးလှမ်း၍ “ ငါဟာ တစ်လာက လုံးမှာ အမြတ်ဆုံး” ဟု စကား စပြောပါတော့တယ်။

ဗုဒ္ဓလျောင်းလျာ ဖွားသည့်တချိန်တည်းမှာပင်  ဖွားဖက်တော် (၇) ဦးဖြစ်သည့်

 ၁) ယသော်ဓရာ မင်းသမီး၊ 
၂) ညီတော်အာနန္ဒာ၊ ၃)
ကာဠုဒါယီအမတ်လောင်း၊
 ၄) ဆန္ဒအမတ် မွေးဖွားကြပြီး ၊
 ၅) ကဏ္ဍကမြင်း
 ၆) ရွှေအိုးကြီး လေးလုံးလည်း ပေါ်လာပါတယ်။

စဉ်းစားဖွယ်။  ။
ဗုဒ္ဓလောင်းလျာသည်၊ မြို့သား ၊နန်းတွင်းသာဖြစ်သော်လည်း ၊မွေးဖွားသောအခါ တောမှာ မွေးဖွားရခြင်းကို လေ့လာခြင်းအားဖြင့် ၊ သူတော်ကောင်းတရားဓမ္မများကို တော၌ မွေးဖွားသူများက ရလွယ်နိုင်ကြောင်း မှတ်သားရပါတယ်။

တခါက..  မင်းကွန်း တိပိဋကဆရာတော် မိန့်ကြားဖူးသည်ကား

 တောမှာ ပေါက်တဲ့ ဆူးက ပိုထက်သည်” တဲ့။

No comments:

Followers

My Blog List